Thursday, July 17, 2014

ရဲဝန်ထမ်းလေးဦးနှင့် အချင်းများသည့် အရပ်သားများ လက်ထိတ်ခတ်ထိုးကြိတ်ခံရ

ပြည်၊ ပဲခူးတိုင်းအနောက် ပြည်မြို့တွင် လိုင်း ကားက ရဲဝန်ထမ်းစီးလာသော ဆိုင်ကယ်အား ရှောင်တိမ်းရာမှ အချင်းများပြီး လိုင်းကားမောင်း သူနှင့် စပယ်ယာအား ရဲဝန်ထမ်းလေးဦးက လက်ထိတ်ခတ်ထိုးကြိတ်မှုတစ်ခု ဇူလိုင် ၉ရက် က ဖြစ်ပွားကြောင်းသိရသည်။

''ရဲက သောက်စားထားတယ်။ ငါ ရဲကွ မင်းကိုဖမ်းလို့ရတယ်။ မင်းလိုင်စင်တွေပေးတဲ့။ ခင်ဗျားရဲဆို ဘာအမှုနဲ့ဖမ်းမှာလဲ။ ဖမ်းမယ်ဆို ရင် ယူနီဖောင်းဝတ်ပြီးဖမ်း။ မင်းမှာ ဘာအမှုရှိ တယ်ဆိုပြီးလာဖမ်း။ ဒီအတိုင်းဖမ်းလို့ လက် မခံဘူးလို့ပြောတော့ ထွက်သွားရော။ ပြီးမှ ရဲ နှစ်ယောက်ကိုခေါ်လာပြီး
မင်းဆင်းဆိုပြီးတော့ ဆင်းလဲဆင်းရော လက်ထိတ်ခတ်ပြီး ဝိုင်းထိုး ကြတာ''ဟု လက်ထိတ်ခတ်ထိုးကြိတ်ခံခဲ့ရသူ ကိုကျော်စိုးက ပြောသည်။

အဆိုပါကားမှာ ပြည်မြို့နှင့် ပေါင်းတည် မြို့သို့ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း ကားဖြစ်ပြီး ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ် ကွက် လမ်းမတော်လမ်းမှ တရုတ်တန်းလမ်းသို့ ကွေ့မည်အလုပ်တွင် နယ်ထိန်းဒုတပ်ကြပ်မျိုး ကိုကိုကျော် မောင်းနှင်လာသော ဆိုင်ကယ် အား ရှောင်တိမ်းရာမှ အချင်းများခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါရဲဝန်ထမ်းလေးဦးက ကားဆရာ အပြင် ယာဉ်နောက်လိုက်ကိုပါ ထိုးကြိတ်ခဲ့ပြီး ဘေးမှဓာတ်ပုံဝင်ရိုက်သူတစ်ဦး၏ ဖုန်းကိုလု ယူကာ လမ်းပေါ်တွင် ရိုက်ခွဲပစ်လိုက်ကြောင်း၊ ကားဆရာမှာ အချက် ၂ဝခန့်ထိုးကြိတ်ခံခဲ့ရပြီး ယာဉ်နောက်လိုက်မှ ရှစ်ချက်ခန့်အထိုးခံခဲ့ရ ကြောင်း မျက်မြင်ကြုံတွေ့သူများက ပြောသည်။

ကာယကံရှင်များမှ အမှုဖွင့်တရားစွဲဆိုမှု မရှိသော်လည်း ရဲစည်းကမ်းဖောက်ဖျက်သည့် ရဲဝန်ထမ်းအား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပ ဒေအရ အရေးယူသွားမည်ဖြစ်ပြီး ရဲဝန်ထမ်း လေးဦးအနက် ခေါင်းဆောင်ဖြစ်သူ နယ်ထိန်း ဒုတပ်ကြပ်မျိုးကိုကိုကျော်ကိုသာ အရေးယူသွား မည်ဖြစ်ကြောင်း ပြည်မြို့အမှတ်(၁) ရဲစခန်းမှူး ဦးမျိုးဝင်းကပြောသည်။
''စည်းကမ်းနဲ့ညွှန်ကြားချက်တွေကို မကြာ ခဏလဲဖတ်ပြတယ်။ ညွှန်ကြားတယ်။ တန်းစီ တိုင်းလဲပြောတယ်။ ပြည်သူတွေနဲ့ သင့်မြတ် အောင် ပေါင်းသင်းဆက်ဆံဖို့လဲ ပြောတယ်။

 ပြောပါလျက်နဲ့ ဖြစ်တယ် ဆိုတဲ့အခါကျပြန် တော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန် တော်တို့လဲ ဒါမျိုးကိုလက်ခံလို့မရဘူး''ဟု ၄င်း က ဆိုသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စစ် ဆေးချက်ထွက်ပေါ်လာပါက ကျူးလွန်သူ ရဲဝန် ထမ်းများကို ခြောက်လမှသုံးနှစ်အထိ ထောင် ဒဏ်နှင့် ရဲအချုပ်ပြစ်ဒဏ်ပေးနိုင်ပြီး စစ်ဆေး တွေ့ရှိချက်အရ ရာထူးလျှော့ခြင်း၊ အလုပ်ဖြုတ် ခြင်းစသည့် ပြစ်ဒဏ်များပေးနိုင်ကြောင်း ပြည် မြို့အမှတ်(၁)ရဲစခန်းမှ သိရသည်။

Yangon Media Group

No comments:

Post a Comment