Tuesday, July 22, 2014

ညပိုင်း တက္ကစီ ယာဉ်မောင်းများထံမှ ဓားထောက်ပစ္စည်း လုယက်မှုများ ဆက်တိုက်ဖြစ်

ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်အတွင်း တက္ကစီယာဉ်မောင်း များထံမှ ဓားထောက်ပစ္စည်းလု ယက်မှု တစ်ညတည်း လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

ဇူလိုင် ၁၈ ရက်ညက ဗဟန်း မြို့နယ်၌ ညအချိန်ပြေးဆွဲသော တက္ကစီကိုငှားရမ်း၍ ယာဉ်မောင်း များအား အသက်အန္တရာယ်ခြိမ်း ခြောက်ကာ ပိုက်ဆံတောင်း၊ ပစ္စည်းလုယက်မှုများ တစ်ည တည်းတွင် လေးကြိမ်ဖြစ် ပွားခဲ့ ခြင်းဖြစ်သည်။

‘‘ပုလဲကွန်ဒိုရှေ့နားမှာ လူ ငယ်နှစ်ယောက်က ငှားတယ်။ ကားထဲရောက်တော့ ပူလို့ဆိုပြီး
အဲကွန်းဖွင့်ခိုင်းတယ်။ အဲဒါနဲ့ ကားမှန်တွေပိတ်လိုက်တာ။ ပိတ် လည်းပြီးရော  ဓားထောက်ပြီးခြိမ်းခြောက် တာပဲ။ ကျွန်တော်က လည်း အသက်အန္တရာယ်တော့ မလုပ်ပါနဲ့၊ ကြိုက်တာယူသွားပါ လို့ပြောတယ်။ သူတို့က လူသတ် ချင်တယ်။ သွေးဆာနေတယ်လို့  ပြောတယ်၊ နောက်မှ ကားကို လျှောက်မောင်းခိုင်းပြီး ပိုက်ဆံနဲ့ ဟန်းဖုန်းယူသွားတာ’’ဟု ဇူလိုင် ၁၈ ရက်ညက ဓားထောက်ပြီး ပိုက်ဆံနှင့် ဟန်းဖုန်းလုယူခံရသူ တက္ကစီယာဉ်မောင်း ကိုဝင်းကိုကို လှိုင်က ပြောသည်။

ထိုသို့ ပစ္စည်းလုယူခံရမှုကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့သို့ သွားရောက်တိုင်ကြားရာ ၎င်း၏ ရှေ့တွင် ပစ္စည်းလုယူခံရမှုကြောင့် ထိုနေ့ည တစ်ညတည်းတွင် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့သို့ လာရောက်တိုင်ကြားသူ တက္ကစီယာဉ်မောင်းသုံးဦးရှိကြောင်း ကိုဝင်းကိုကိုလှိုင်က ပြောသည်။

 တက္ကစီ ယာဉ်မောင်းများ ဓားထောက် ပစ္စည်းလုယက်ခံရ မှုနှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်း ရာ တာဝန်ကျအရာရှိက ဇူလိုင် ၁၈ ရက်ညတွင် တက္ကစီယာဉ်မောင်းများ လုယက်ခံရမှုများကြောင့် လာရောက်တိုင်ကြားသူ တစ်ဦးမျှမရှိကြောင်း ပြန်လည်ပြောဆိုသည်။

ညအချိန်များတွင်  ကား ငှားစီး၍ ပိုက်ဆံမပေးဘဲ ထွက် ပြေးခြင်းနှင့် ဓားထောက်၍ပိုက် ဆံတောင်း၊ ပစ္စည်းလုယူခြင်းများ က ယခင်ကတည်းက ရှိခဲ့သော် လည်း ယခုနှစ်အတွင်း ဖြစ်စဉ်ပို များလာကြောင်း ညဘက်ပြေးဆွဲ သော တက္ကစီယာဉ်မောင်းများက  ပြောသည်။

‘‘ကျွန်တော်ဆို ညဘက်ကား မဆွဲရဲဘူး။ တချို့ဆို ကားခမပေး ဘဲထွက်ပြေးတာတွေရှိတယ်။ တချို့က ကိုယ့်ဆီကတောင် ပိုက်ဆံပြန်တောင်းသေးတယ်။ ရန်ကုန်က ညဘက် တက္ကစီဆွဲစား လို့ မကောင်းတော့ဘူး။ ညဘက် က ကားမောင်းလို့ ကောင်းပေ မယ့် အန္တရာယ်အရမ်းများတယ်။ ဓားထောက်ပြီး အလုခံရတာတွေ အခု အရမ်းများလာတယ်’’ ဟု တက္ကစီယာဉ်မောင်း ကိုဝင်းမင်း က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက် ကလည်း ဗဟန်းမြို့နယ် ဓမ္မစေ တီမီးပွိုင့်မှ အင်းလျားလမ်း အတိုင်း မောင်းနှင်လာသော အငှားယာဉ်တစ်စီးကို အမျိုးသားတစ်ဦးက ယာဉ်ရှေ့ပိတ်ရပ်ပြီး ယာဉ်အတွင်းသို့ အတင်းဝင်ရောက်ကာ ယာဉ်မောင်းကို အကြမ်းဖက်ထိုးကြိတ်ပြီး ယာဉ်လုယူခဲ့မှုဖြစ်ပွား ခဲ့သည်။

7 Day Daily

No comments:

Post a Comment