Monday, July 7, 2014

တောအတွင်းတွေ့ရှိသည့် လက်ပစ်ဗုံးအား ကျောက်ခဲပေါ် ပစ်တင်ရာမှ ပေါက်ကွဲ၍ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ လွိုင်လင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လက်ပစ်ဗုံးဟောင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ လွိုင်လင်မြို့မရဲစခန်းမှတပ်ဖွဲဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မောက်မယ်မြို့နယ်၊ကဒူးကြီးရွာနေ ကျော်ဇောအောင်(၁၁)နှစ်နှင့်
တစ်ရွာတည်းနေသူများ ဖြစ်ကြသည့် မောင်ကျော် (၉)နှစ်၊ မောင်စံ(၇)နှစ်တို့ ၃ ဦးသည် ရွာအရှေ့ဘက်တောထဲသို့ ငှက်ပစ် သွားရာ လုံးပတ် ၃ လက်မခွဲခန့်ရှိ သံလုံး ၁ လုံးအားတွေ့ရှိ၍ ကျောက်ခဲပေါ်သို့ ပစ်တင်ရာမှ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ပေါက်ကွဲမှုကြောင့် မောင်ကျော်နှင့် မောင်စံတို့ ၂ ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ကျော်ဇောအောင်၌ ၀ဲနားထင်၊ ၀ဲမျက်စိအထက်နှင့် ၀မ်းဗိုက်တို့ ယမ်းစထိမှန်ဒဏ်ရာများရရှိ ခဲ့ကြောင်းနှင့် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကြေးမုံသတင်းစာ

No comments:

Post a Comment