Monday, July 7, 2014

ကဘူးလ်မြို့ အပြင်ဘက်တွင် လောင်စာဆီတင် ယာဉ် ၄ဝဝ ထက် မနည်း မီးလောင်မှု ဖြစ်ပွား

Photo: ကဘူးလ်မြို့ အပြင်ဘက်တွင် လောင်စာဆီတင် ယာဉ် ၄ဝဝ ထက် မနည်း မီးလောင်မှု ဖြစ်ပွား

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ အပြင်ဘက်ရှိ ယာဉ်ရပ်နား စခန်း တစ်ခုတွင်
ဇူလိုင် ၄ ရက် ညပိုင်းက လောင်စာဆီတင် ယာဉ်အစီး ၄ဝဝ ထက် မနည်း မီးလောင်ခဲ့ကြောင်း အာဖဂန် လုံခြုံရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးသည် ဆက်လက် လောင်ကျွမ်းလျက်ရှိပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။

ထို့ပြင် ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်လာမည်ကို အာဏာပိုင် များက စိုးရိမ်လျက် ရှိကြောင်း သိရသည်။ ယင်းတိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်းကို တာလီဘန် စစ်သွေးကြွဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် ပြည်ပ တပ်ဖွဲ့ဝင်များ၏ လောင်စာဆီတင် ယာဉ်များကို မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း ၎င်းက သတင်းဌာန တစ်ခုသို့ ပြောကြား ခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ အပြင်ဘက်ရှိ ယာဉ်ရပ်နား စခန်း တစ်ခုတွင်ဇူလိုင် ၄ ရက် ညပိုင်းက လောင်စာဆီတင် ယာဉ်အစီး ၄ဝဝ ထက် မနည်း မီးလောင်ခဲ့ကြောင်း အာဖဂန် လုံခြုံရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးသည် ဆက်လက် လောင်ကျွမ်းလျက်ရှိပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။
ထို့ပြင် ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်လာမည်ကို အာဏာပိုင် များက စိုးရိမ်လျက် ရှိကြောင်း သိရသည်။ ယင်းတိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်းကို တာလီဘန် စစ်သွေးကြွဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် ပြည်ပ တပ်ဖွဲ့ဝင်များ၏ လောင်စာဆီတင် ယာဉ်များကို မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း ၎င်းက သတင်းဌာန တစ်ခုသို့ ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment