Friday, July 4, 2014

မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ဆာဗာ ယာယီပိတ်

Photo: မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ဆာဗာ ယာယီပိတ်
Friday, July 4, 2014

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ဖေ့စ်ဘုတ် သုံးစွဲလို့ မရပဲ ယာယီပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ည ၁၂ နာရီကျော်လောက်မှာ ဖေ့စ်ဘုတ်ကို ပြန်လည် အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ 

အခုလို ဖေ့စ်ဘုတ် ယာယီပိတ်သိမ်းမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပါတယ်။ ဘာကြောင့် ဖေ့စ်ဘုတ်ကို ပိတ်တယ်ဆိုတာ မသိရသေးပေမယ့် မန္တလေး အဓိကရုဏ်းဖြစ်ပွားတာနဲ့ တိုက်ဆိုင်နေပါတယ်။ 

တချို့ ဖေ့စ်ဘုတ်သုံးသူတွေဟာ ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်
နေ တာလည်း တွေ့နေရပါတယ်။ 

ထိုင်း နိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဖေ့စ်ဘုတ်ကို ယာယီပိတ်သိမ်းခဲ့ဖူးပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ ဖေ့စ်ဘုတ်ကို လုံးဝ သုံးခွင့် မပြုပါဘူး။ ဒါပေမယ့် ရန်ကုန်ရှိ တရုတ် သံရုံးကတော့ ဖေ့စ်ဘုတ်စာမျက်နှာ ရှိပြီး သတင်းထုတ်ပြန်မှုတွေ လည်း လုပ်ပါတယ်။ 

အိမ့်သံစဉ် 
ဧရာဝတီ
မြန်မာနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ဖေ့စ်ဘုတ် သုံးစွဲလို့ မရပဲ ယာယီပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ည ၁၂ နာရီကျော်လောက်မှာ ဖေ့စ်ဘုတ် ကို ပြန်လည် အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။

အခုလို ဖေ့စ်ဘုတ် ယာယီ ပိတ်သိမ်း မှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပါ တယ်။ ဘာကြောင့် ဖေ့စ်ဘုတ်ကို ပိတ်တယ်ဆိုတာ မသိရသေးပေမယ့် မန္တလေး အဓိကရုဏ်းဖြစ် ပွားတာနဲ့ တိုက်ဆိုင်နေပါတယ်။

တချို့ ဖေ့စ်ဘုတ်သုံးသူတွေဟာ ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်
နေ တာလည်း တွေ့နေရပါတယ်။

ထိုင်း နိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဖေ့စ်ဘုတ်ကို ယာယီပိတ်သိမ်းခဲ့ဖူးပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ ဖေ့စ်ဘုတ်ကို လုံးဝ သုံးခွင့် မပြုပါဘူး။ ဒါပေမယ့် ရန်ကုန်ရှိ တရုတ် သံရုံးကတော့ ဖေ့စ်ဘုတ်စာမျက်နှာ ရှိပြီး သတင်းထုတ်ပြန်မှုတွေ လည်း လုပ်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

No comments:

Post a Comment