Thursday, July 3, 2014

မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ

Photo: မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ
Thursday, July 3, 2014

 ဇူလိုင် ၁ရက် ညပိုင်းက မန္တလေးမြို့၈၂လမ်းနှင့် ၂ရလမ်းထောင့်ရှိ လက်ဖက်ရည်   ဆိုင်အနီးတွင် လူစု လူဝေးဖြင့် တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့မှုသည် တာ ဝန်ခံ တာဝန်ယူ မှုမရှိသည့် တရားဝင် သတင်းဝက်ဘ်ဆိုက်မဟုတ်သော သစ်ထူးလွင်ဝက်ဘ်ဆိုက်မှ သတင်း တစ်ပုဒ်ကြောင့် အစပြုဖြစ်ပွားခဲ့ ခြင်းဟု သတင်းများထွက်ပေါ်ခဲ့ရာ အွန်လိုင်းသုံး စွဲသူများ အနေဖြင့် ယင်းသို့သောတရားမဝင်  သတင်း ဝက်ဘ်ဆိုက်မှ သတင်းများထက် တရားဝင်သတင်းမီဒီယာများဖြစ် သည့်  Main Stream Media  များမှ သတင်းများ ကိုသာနှိုင်း ယှဉ် ဆန်းစစ် မှုရှိစွာဖြင့် ရွေးချယ်အသုံးပြု သင့် ကြောင်း ပြည်တွင်းမီဒီယာ အသိုင်း အဝိုင်းက ပြောကြားလိုက်သည်။
 
သစ်ထူးလွင်သတင်း ဝက်ဘ် ဆိုက်သည် ပြည်တွင်းမှထုတ်ဝေ သည့် သတင်းမီဒီယာများ၏ သတင်း များကိုခွင့်ပြုချက်မရရှိဘဲ သုံးစွဲလျက် အွန်လိုင်းကြော်ငြာများမှ အခကြေးငွေ ယူ၍ အကျိုးအမြတ် ရယူနေသည့်  Illegal ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီသစ်ထူးလွင်ဘလော့ဂ်က ကျင့် ဝတ်မရှိ ဘူး။ ကော်ပီ ရိုက်ချိုးဖောက် ထားတယ်။ မီဒီယာတွေ ပင်ပင်ပန်းပန်း ကြိုးစား ထားတဲ့ သတင်းတွေကို အညွန့် ခူးစားထားတဲ့အတွက် ဝင်ကြည့် တဲ့ သူ တွေ အရမ်းများပြီးတော့ နာမည်ကြီး လာတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဒီ အပေါ်မှာ အကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့  Source တစ်ခုဖြစ်သွား တယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ် ရပ်ကို လုပ်လိုသူတွေက သူ့ကိုအ သုံးချတဲ့သဘောဖြစ်သွားတယ်။ ဒီ ကိစ္စမှာ သူကိုယ်တိုင်ပါပါမပါပါ အန္တရာယ် ရှိ လာတာ တော့အမှန်ပဲ။ ဒါကြောင့် မီဒီယာတွေအနေနဲ့ သူ တို့ရဲ့သတင်းတွေကို သုံးစွဲခွင့်မပြု တဲ့အကြောင်း တရားဝင်လှမ်းပြီး ကန့်ကွက်သင့်တယ်။ နောက် စာနယ် ဇင်းကောင်စီကိုလဲ တိုင်ကြား ဖို့လို တယ်။ သက်ဆိုင်ရာရှေ့နေတွေနဲ့ လဲ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားလို့ရ အောင်လုပ်သင့်တယ်။ နောက် ဒီ ဘလော့ဂ်က အမေရိကန်နိုင်ငံကနေ လုပ်နေတဲ့ ဝက်ဘ် ဆိုက်ဖြစ် တဲ့ သူခိုး ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အမေရိ ကန်ဥပဒေနဲ့လည်းငြိနေတယ်။ အ ကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ သဘောဖြစ်လာတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ အမေရိကန် အစိုးရ ကို လှမ်းပြီး ဒီဝက်ဘ်ဆိုက်ကို ပိတ် ခိုင်းဖို့ မေတ္တာရပ်ခံသင့်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။

သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ''လူတွေကဖေ့စ်ဘွတ် သုံးတဲ့သူတွေများလာတဲ့ အချိန်မှာ ဘယ်ဟာက တကယ့်မီဒီယာ၊ ဘယ် ဟာက သတင်းတွေကူးယူ ဖော်ပြ နေတဲ့ ဘလော့ဂ် ဆိုတာ ကို ခွဲခြား မကြည့်နိုင်တော့ ပြဿနာဖြစ်လာ တယ်။ သစ်ထူးလွင်က ယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်မဟုတ်ဘူး။ ဒါကြောင့် တချို့ပဋိပက္ခကို ဖန်တီးချင်တဲ့သူ တွေက သစ်ထူးလွင်ကို အသုံးချပြီး လုပ်တာ ဖြစ်နိုင်တယ်။ တကယ့် သတင်းမီဒီယာတွေကို ဒီလို ဘယ်သူ ကမှလာပြီး လိမ်လို့မရဘူး။ လူတွေ က အများစုဝင်ကြည့်နေတော့ နာ မည်ကြီးလာပြီး ကြော်ငြာတွေရလာ တယ်။ သူ့ရဲ့အား ထုတ်မှု မပါဘူး။ သူများမီဒီယာတွေဆီကဟာကို ကူး တင်တဲ့ သဘောပဲရှိတယ်။ ဒါကိုမီဒီ ယာတွေ ကန့်ကွက်သင့်တယ်'' ဟုပြော သည်။

''သစ်ထူးလွင်က ပြည်တွင်းမှာ ထွက်တဲ့ သတင်းစာတွေ၊ ဂျာနယ် တွေ အကုန်လုံးက အကောင်းဆုံး သတင်းတွေကိုချည်းပဲ သူ့ဝက်ဘ် ဆိုက်မှာ ဘာခွင့်ပြုချက်မှမရှိဘဲ လုပ်စားနေတာကြာပြီ။ သူကသာ ဒီလိုလုပ်စားနေတာ။ ကျွန်တော်တို့ ကိုကျတော့ သူ့ပြဿ     နာ လိုက်ရှင်း နေရတယ်။ တစ်ခါတုန်းက ကျွန် တော်တို့သတင်းစာမှာပါတဲ့ ပုဂ္ဂ လိကဘော်ဒါဆောင်တစ်ခုသတင်း ကို သူ့ဝက်ဘ်ဆိုက်မှာ ယူသုံးပြီး ခပ်တည်တည်နဲ့ ပုဂ္ဂလိက ဘော်ဒါ ဆောင်တစ်ခုရဲ့ဓာတ်ပုံကို ကောက် ထည့်လိုက်တယ်။ အဲဒီတော့ ဓာတ်ပုံ ပါသွားတဲ့ ဘော်ဒါဆောင်က ပိုင်ရှင် က ရုံးရောက်လာပြီး ပြူးပြဲလာလုပ် တာခံရတယ်။ ကျွန်တော်တို့က သတင်း စာမှာ ဒီသတင်းဓာတ်ပုံကို အသုံးပြု ထားခြင်းမရှိဘူး။ အဲဒီလိုပဲ သစ်ထူး လွင်ကလဲ ကျွန်တော်တို့ဆီက ခွင့်ပြု ချက်တောင်းပြီး သတင်းသုံးထား တာလဲ မဟုတ်ဘူးဆိုတာကို အဲဒီပိုင် ရှင်ကို ဘယ်လိုရှင်းပြပြ လက်မခံ ဘူး။ ကျွန်တော်တို့ကပဲ တာဝန် မယူချင်လို့ ခေါင်းရှောင်တယ်လို့ အထင်ခံရသေးတယ်။ အဲဒီမှာ ဝမ်း နည်းစရာအကောင်းဆုံးက ဘာလဲ ဆိုတော့ အဲဒီပိုင်ရှင်က ဒီသတင်း ကို ကျွန်တော်တို့သတင်းစာကနေ ဖတ်ပြီး သိရတာမဟုတ်ဘဲ အလကား ရတဲ့ သစ်ထူးလွင်ကိုဖတ်ပြီး ကျွန်တော် တို့ကိုလာပြီး ပြဿနာ လာရှာတာ ခံလိုက်ရတယ်''ဟု ပုဂ္ဂလိကသတင်း စာတစ်စောင်မှ အယ်ဒီတာတစ်ဦး က ပြောသည်။

မန္တလေးကိစ္စနှင့်ပတ်သက်၍ အဆိုပါ သစ်ထူးလွင်ဘလော့ဂ်အ ပေါ်စွပ်ဆွဲချက်များထွက်ပေါ်ခဲ့ရာ ဇူလိုင် ၂ ရက်နေ့တွင် သစ်ထူးလွင် ဘလော့ဂ်မှ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ဇူလိုင် ၂ ရက်နေ့က မန္တလေးမြို့တွင် လုံခြုံရေးယူထားသော တာဝန်ကျရဲဝန်ထမ်းများကိုတွေ့ရစဉ်။  ဓာတ်ပုံ - မန်းကိုကို
[--Democracy today Daily Newspaper--]
ဇူလိုင် ၁ရက် ညပိုင်းက မန္တလေးမြို့၈၂လမ်းနှင့် ၂ရလမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်အနီးတွင် လူစု လူဝေးဖြင့် တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့မှုသည် တာ ဝန်ခံ တာဝန်ယူ မှုမရှိသည့် တရားဝင် သတင်းဝက်ဘ်ဆိုက်မဟုတ်သော သစ်ထူးလွင်ဝက်ဘ်ဆိုက်မှ သတင်း တစ်ပုဒ်ကြောင့်
အစပြုဖြစ်ပွားခဲ့ ခြင်းဟု သတင်းများထွက်ပေါ်ခဲ့ရာ အွန်လိုင်းသုံး စွဲသူများ အနေဖြင့် ယင်းသို့သောတရားမဝင် သတင်း ဝက်ဘ်ဆိုက်မှ သတင်းများထက် တရားဝင်သတင်းမီဒီယာများဖြစ် သည့် Main Stream Media များမှ သတင်းများ ကိုသာနှိုင်း ယှဉ် ဆန်းစစ် မှုရှိစွာဖြင့် ရွေးချယ်အသုံးပြု သင့် ကြောင်း ပြည်တွင်းမီဒီယာ အသိုင်း အဝိုင်းက ပြောကြားလိုက်သည်။

သစ်ထူးလွင်သတင်း ဝက်ဘ် ဆိုက်သည် ပြည်တွင်းမှထုတ်ဝေ သည့် သတင်းမီဒီယာများ၏ သတင်း များကိုခွင့်ပြုချက်မရရှိဘဲ သုံးစွဲလျက် အွန်လိုင်းကြော်ငြာများမှ အခကြေးငွေ ယူ၍ အကျိုးအမြတ် ရယူနေသည့် Illegal ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီသစ်ထူးလွင်ဘလော့ဂ်က ကျင့် ဝတ်မရှိ ဘူး။ ကော်ပီ ရိုက်ချိုးဖောက် ထားတယ်။ မီဒီယာတွေ ပင်ပင်ပန်းပန်း ကြိုးစား ထားတဲ့ သတင်းတွေကို အညွန့် ခူးစားထားတဲ့အတွက် ဝင်ကြည့် တဲ့ သူ တွေ အရမ်းများပြီးတော့ နာမည်ကြီး လာတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဒီ အပေါ်မှာ အကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ Source တစ်ခုဖြစ်သွား တယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ် ရပ်ကို လုပ်လိုသူတွေက သူ့ကိုအ သုံးချတဲ့သဘောဖြစ်သွားတယ်။ ဒီ ကိစ္စမှာ သူကိုယ်တိုင်ပါပါမပါပါ အန္တရာယ် ရှိ လာတာ တော့အမှန်ပဲ။ ဒါကြောင့် မီဒီယာတွေအနေနဲ့ သူ တို့ရဲ့သတင်းတွေကို သုံးစွဲခွင့်မပြု တဲ့အကြောင်း တရားဝင်လှမ်းပြီး ကန့်ကွက်သင့်တယ်။ နောက် စာနယ် ဇင်းကောင်စီကိုလဲ တိုင်ကြား ဖို့လို တယ်။ သက်ဆိုင်ရာရှေ့နေတွေနဲ့ လဲ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားလို့ရ အောင်လုပ်သင့်တယ်။ နောက် ဒီ ဘလော့ဂ်က အမေရိကန်နိုင်ငံကနေ လုပ်နေတဲ့ ဝက်ဘ် ဆိုက်ဖြစ် တဲ့ သူခိုး ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အမေရိ ကန်ဥပဒေနဲ့လည်းငြိနေတယ်။ အ ကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ သဘောဖြစ်လာတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ အမေရိကန် အစိုးရ ကို လှမ်းပြီး ဒီဝက်ဘ်ဆိုက်ကို ပိတ် ခိုင်းဖို့ မေတ္တာရပ်ခံသင့်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။

သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ''လူတွေကဖေ့စ်ဘွတ် သုံးတဲ့သူတွေများလာတဲ့ အချိန်မှာ ဘယ်ဟာက တကယ့်မီဒီယာ၊ ဘယ် ဟာက သတင်းတွေကူးယူ ဖော်ပြ နေတဲ့ ဘလော့ဂ် ဆိုတာ ကို ခွဲခြား မကြည့်နိုင်တော့ ပြဿနာဖြစ်လာ တယ်။ သစ်ထူးလွင်က ယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်မဟုတ်ဘူး။ ဒါကြောင့် တချို့ပဋိပက္ခကို ဖန်တီးချင်တဲ့သူ တွေက သစ်ထူးလွင်ကို အသုံးချပြီး လုပ်တာ ဖြစ်နိုင်တယ်။ တကယ့် သတင်းမီဒီယာတွေကို ဒီလို ဘယ်သူ ကမှလာပြီး လိမ်လို့မရဘူး။ လူတွေ က အများစုဝင်ကြည့်နေတော့ နာ မည်ကြီးလာပြီး ကြော်ငြာတွေရလာ တယ်။ သူ့ရဲ့အား ထုတ်မှု မပါဘူး။ သူများမီဒီယာတွေဆီကဟာကို ကူး တင်တဲ့ သဘောပဲရှိတယ်။ ဒါကိုမီဒီ ယာတွေ ကန့်ကွက်သင့်တယ်'' ဟုပြော သည်။

''သစ်ထူးလွင်က ပြည်တွင်းမှာ ထွက်တဲ့ သတင်းစာတွေ၊ ဂျာနယ် တွေ အကုန်လုံးက အကောင်းဆုံး သတင်းတွေကိုချည်းပဲ သူ့ဝက်ဘ် ဆိုက်မှာ ဘာခွင့်ပြုချက်မှမရှိဘဲ လုပ်စားနေတာကြာပြီ။ သူကသာ ဒီလိုလုပ်စားနေတာ။ ကျွန်တော်တို့ ကိုကျတော့ သူ့ပြဿ နာ လိုက်ရှင်း နေရတယ်။ တစ်ခါတုန်းက ကျွန် တော်တို့သတင်းစာမှာပါတဲ့ ပုဂ္ဂ လိကဘော်ဒါဆောင်တစ်ခုသတင်း ကို သူ့ဝက်ဘ်ဆိုက်မှာ ယူသုံးပြီး ခပ်တည်တည်နဲ့ ပုဂ္ဂလိက ဘော်ဒါ ဆောင်တစ်ခုရဲ့ဓာတ်ပုံကို ကောက် ထည့်လိုက်တယ်။ အဲဒီတော့ ဓာတ်ပုံ ပါသွားတဲ့ ဘော်ဒါဆောင်က ပိုင်ရှင် က ရုံးရောက်လာပြီး ပြူးပြဲလာလုပ် တာခံရတယ်။ ကျွန်တော်တို့က သတင်း စာမှာ ဒီသတင်းဓာတ်ပုံကို အသုံးပြု ထားခြင်းမရှိဘူး။ အဲဒီလိုပဲ သစ်ထူး လွင်ကလဲ ကျွန်တော်တို့ဆီက ခွင့်ပြု ချက်တောင်းပြီး သတင်းသုံးထား တာလဲ မဟုတ်ဘူးဆိုတာကို အဲဒီပိုင် ရှင်ကို ဘယ်လိုရှင်းပြပြ လက်မခံ ဘူး။ ကျွန်တော်တို့ကပဲ တာဝန် မယူချင်လို့ ခေါင်းရှောင်တယ်လို့ အထင်ခံရသေးတယ်။ အဲဒီမှာ ဝမ်း နည်းစရာအကောင်းဆုံးက ဘာလဲ ဆိုတော့ အဲဒီပိုင်ရှင်က ဒီသတင်း ကို ကျွန်တော်တို့သတင်းစာကနေ ဖတ်ပြီး သိရတာမဟုတ်ဘဲ အလကား ရတဲ့ သစ်ထူးလွင်ကိုဖတ်ပြီး ကျွန်တော် တို့ကိုလာပြီး ပြဿနာ လာရှာတာ ခံလိုက်ရတယ်''ဟု ပုဂ္ဂလိကသတင်း စာတစ်စောင်မှ အယ်ဒီတာတစ်ဦး က ပြောသည်။

မန္တလေးကိစ္စနှင့်ပတ်သက်၍ အဆိုပါ သစ်ထူးလွင်ဘလော့ဂ်အ ပေါ်စွပ်ဆွဲချက်များထွက်ပေါ်ခဲ့ရာ ဇူလိုင် ၂ ရက်နေ့တွင် သစ်ထူးလွင် ဘလော့ဂ်မှ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ဇူလိုင် ၂ ရက်နေ့က မန္တလေးမြို့တွင် လုံခြုံရေးယူထားသော တာဝန်ကျရဲဝန်ထမ်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ - မန်းကိုကို
[--Democracy today Daily Newspaper--]


Yangon Media Group

No comments:

Post a Comment