Wednesday, July 2, 2014

၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု သဘောထားလက်မှတ် ကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ၏ လေးပုံတစ် ပုံခန့်သာရရှိသေးသည့်အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁- ရန်ကုန်တိုင်းဒေ သကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ပြင်ဆင်ရေးပြည်သူလူထု သဘောထား လက်မှတ်ကောက်ယူ ရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက် ၏ လေးပုံတစ်ပုံခန့်သာရ ရှိသေးသည့် အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင် ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်အမှု ဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဋ္ဌေးက တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူ ဦးရေခြောက်သန်းခွဲရှိသည့်အနက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ လေးသန်း ကျော် ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးပြည်သူ လူထုလက်မှတ် ကောက်ယူရရှိမှုမှာ ခုနစ်သိန်း ကိုး သောင်းကျော် ကောက်ခံ ရရှိပြီးဖြစ် ကြောင်း သိရသည်။

ဇူလိုင် ၁ရက်က တော်ဝင်နှင်း ဆီတွင်ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်အ လုပ်အမှုဆောင်များစုံ ညီတွေ့ဆုံညှိ နှိုင်းအစည်းအဝေးတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ကောက်ယူမှုမှာ ဇွန် ၃၀ ရက်အထိ အရှေ့ပိုင်း ခရိုင်တွင် နှစ် သိန်းသုံးသောင်းကျော်၊ အနောက် ပိုင်းခရိုင်တွင် တစ်သိန်းနှ စ်သောင်း ကျော်၊ မြောက်ပိုင်းခရိုင်တွင် သုံး သိန်းနှစ်သောင်းကျော်၊ တောင်ပိုင်း ခရိုင်တွင် တစ်သိန်းတစ်သောင်း ကျော်ဖြင့် စုစုပေါင်း ခုနစ်သိန်း ကိုး သောင်းကျော်ကောက် ခံ ရယူပြီးဖြစ် ကြောင်း သိရသည်။

ဦးမြင့်ဌေးက ''ဒါက ၂၀၁၅ကို စိန်ခေါ်မှုတစ်ခုဖြစ်သလို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ၉၂ သန်း ကျော်ကျော်ထောက်ခံ ခဲ့တယ်ဆိုတဲ့ ရလဒ်အပေါ်ပြန်လည်ဆန်းစစ်လို့ရနိုင်မယ့် အနေအထားဖြစ် ပါတယ်။နောက်တစ်ခုက ဒါဟာ လည်း ရွေး ကောက်ပွဲ တစ်ခု ကျင်းပနေတာနဲ့ မခြားဆောင်ရွက်နေရတဲ့ကိစ္စပါ။ ဒီ လိုပုံစံမျိုးနဲ့သွားရင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းမှာ ၂၀၁၅ရွေးကောက်ပွဲမှာနေရာ တိုင်း အနိုင်ရဖို့သိပ်မလွယ်တဲ့အနေအထား မျိုးလို့ ခန့်မှန်းလို့ရတယ်၊ အဲ့ဒီအ တွက် ကျားကုတ် ကျားခဲကြိုးစား ဆောင်ရွက်ဖို့လိုတယ်၊ ရန်ကုန်တိုင်း ဒေသကြီးမှာ တကယ်ရသင့်တာက မဲပေးနိုင်တဲ့ ဦးရေရဲ့ ထက်ဝက်နှစ် သန်းကျော်လောက် ရသင့်တယ်။ အခု ရန်ကုန်တိုင်းကတစ်သန်းတောင် မပြည့်သေးတဲ့အနေအထား။ ကြိုး စားရဦးမယ့် အနေအထားဖြစ်ပါ တယ်''ဟု သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ -၄၃၆ ပြင်ဆင်ရေးအရှိန်အဟုန်မ ပျက်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်များကို တာဝန်ခွဲဝေ လုပ် ဆောင်ခွင့်ပေးရန်လိုကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ရန်ဦးမြင့်ဌေး က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၅ မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များမရှိသည့် ဆိပ် ကမ်းမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ် တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလက်မှတ်ကောက်ယူရရှိ ထားပြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးလက်မှတ် ၈ဝခန့်နှင့် ကိုကိုးကျွန်းမြို့နယ်တွင် လက်မှတ် အရေအတွက် ၃၀ ခန့်ရရှိထား ကြောင်းလည်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒမဲကောက်ယူရေးကို မေ၂ရရက် မှ ဇူလိုင် ၁၉ ရက် အထိ ကောက် ခံလျက်ရှိပြီး ပြည်သူလူထုလက်မှတ် ၁၆ သန်းဝန်းကျင်ရရှိရန်လျာထား ပြီး လက်မှတ်ကောက်ယူမှုတစ်လ အကြာတွင် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပြည်သူလူထုလက်မှတ် သုံး သန်းကျော် ကောက်ယူရရှိပြီးဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အ တွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော် ရေးကော်မတီ တစ်ရပ်ဖွဲ့စည်းထား ပြီး လွှတ်တော်ပြင်ပတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်း တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင် ရေး ပြည်သူလူထု သဘောထား ဆန္ဒ ကောက်ယူမှုကို လွှတ်တော်ပြင်ပ လမ်းကြောင်းဖြင့် လုပ်ဆောင်လျက် ရှိသည်။
HM
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment