Wednesday, July 2, 2014

ရဟတ်ယာဉ်ပေးထားသည် ဆိုသည့်သတင်းကို ဗိုလ်ချုပ်မောင်မောင်အုန်း ငြင်းဆို

စစ်တွေ၊ ဇူလိုင် ၁- ဗိုလ်ချုပ်မောင် မောင်အုန်းအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ် တာဝန်ထမ်းဆောင်ချိန်အ တွင်း အသုံးပြုရန် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ် တစ်စင်းပေးထားသည်ဟု သတင်း များထွက်ပေါ် လာခြင်းမှာ မမှန် ကန် ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်း က ငြင်းဆိုလိုက်သည်။
စစ်တွေမြို့တွင် ဇွန် ၃ဝရက် က ပြုလုပ်သောအရေးပေါ်ပြည်နယ် လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များ ၏ မေးမြန်း ချက်ကို ဖြေဆိုသွားခြင်းဖြစ်သည်။

''ဝန်ကြီးချုပ်တစ်ယောက်အနေ နဲ့ ရဟတ်ယာဉ်ကိုတောင်းလို့ မရပါ ဘူး။ ဒီမှာ နယ်မြေခံတိုင်းမှူးရှိပါ တယ်။ တိုင်းမှူးရဲ့ခရီးစဉ်မှာ ဝန်ကြီး ချုပ်နဲ့ ပေါင်းစပ်ပြီးတော့ ဒေသတွေ ကို သွားဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အ တွက် ရဟတ်ယာဉ်သီးခြားစီစဉ်ပေး မှာ မဟုတ်ဘူး လို့ ပြောလိုပါတယ်''ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

ဗိုလ်ချုပ် မောင်မောင်အုန်း ရခိုင်ပြည် နယ်တွင် ပြည်နယ်ဝန်ကြီး ချုပ်ရာထူး ထမ်းဆောင် စဉ်ကာလအ တွင်း အသုံးပြုနိုင်ရန် အတွက် နိုင်ငံ တော်မှ ရဟတ်ယာဉ် တစ်စင်း စီစဉ် ထားသည်ဟု သတင်းများထွက်ပေါ် လာခြင်းနှင့် ပတ်သက်၍ တုံ့ပြန်ပြော ကြားလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော် အ စည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင် အုန်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆိုကို ကန့် ကွက်သူမရှိသဖြင့် ပြည်နယ် လွှတ် တော်ကအတည်ပြု လိုက်ပြီဖြစ် သည်။

''သူ့ရဲ့ တစ်နှစ်ခွဲသက်တမ်း မှာ အပြောင်းအလဲ လုပ်မယ် လို့တော့ ပြော ထားတယ်။ ဒါပေမဲ့ ဘက်စုံနိမ့် ကျနေတဲ့ ရခိုင်ပြည်နယ်ကို ဘယ် ဟာကအရင် ဆွဲတင်မလဲ။အဲဒါတစ် ချက်။ နောက်တစ်ခုက အခု သူ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ဖြစ် သွား ပြီ။ အရင်တုန်း ကအတိုင်းလိုပဲ အရပ် သား
အစိုးရလို့ ပြောပေ မယ့် စစ်တပ် အုပ်ချုပ်တဲ့ပုံစံလို ဒေသခံတွေခံစား မိကြမှာ။ ဒါပေမဲ့ သူရဲ့အယူ အဆတွေ ကိုတော့ အများစုလက်ခံကြတယ်''ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်ချုပ် မောင်မောင်အုန်းအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရခိုင်ပြည်နယ်လွှတ်တော်က သမ္မတ ထံ သဝဏ်လွှာပို့ပြီးနောက် နိုင်ငံ တော် သမ္မတက အမိန့်ပြန်တမ်းစာ ထုတ်ပြန်မည်ဖြစ်ပြီး ပြည်လည်ခေါ် ယူမည့် ပြည်နယ်လွှတ်တော်အစည်း အဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် လွှတ်တော်တွင် ကျမ်း သစ္စာကျိန်ဆိုမည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment