Friday, July 4, 2014

မဘသအဖွဲ့နှင့် မန္တလေးပဋိပက္ခ မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်

ဇူလိုင် ၁ ရက် ညဦးပိုင်းမှ စတင်ကာ မန္တလေးမြို့ပေါ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများသည် အမျိုးဘာ သာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့နှင့် မပတ်သက်ကြောင်း၊ အထင်အမြင်လွဲမှားမှုများကို အမှန်အတိုင်းဖြစ်စေလိုသဖြင့် ဇူလိုင်လ ၂ ရက် ရက်စွဲဖြင့် သဘောထား အမှန်ထုတ်ပြန် ကြေညာချက် တစ်စောင်ကို မဘသအဖွဲ့မှ ထုတ်ပြန်ခဲ့သည်ဟု အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်) ဦးဆောင်ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မဇ္ဈိမကို မိန့်သည်။

“ထုတ်တာမှန်တယ်။ အင်တာနက်ဝက်ဘ်ဆိုက်တွေကနေ မဘသက ပဋိပက္ခတွေဖြစ်အောင် ဖန်တီးတယ်လို့ မဟုတ်တာတွေ စွပ်စွဲထားလို့ထုတ်ရတာ။ ဖြစ်တဲ့နေရာကို မဘသတွေ ခြေတောင်မချဘူး။ ပြဿ နာမဖြစ်အောင် အဓိကရုဏ်းမဖြစ်အောင် ဖျန်ဖြေတာပဲရှိတယ်”ဟု ဆရာတော်က မိန့်သည်။
ယင်းထုတ်ပြန်ချက်တွင် အချက်ငါးချက်ပါဝင်ပြီး ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် မဘသနှင့် မသက် ဆိုင်ကြောင်း အပါအ၀င် နိုင်ငံတော်အစိုးရအနေဖြင့် ပျဉ်းမနားမြို့၊ မြို့မရဲစခန်း၌ (ပ) ၂၉၃/ ၂၀၁၄၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့်တိုင်ကြားထားသော မစိုးစိုးအဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိ အောင် သတင်းထုတ်ပြန်ပေးရန် တောင်းဆိုလိုက်သည်ဟု ပါဝင်သည်။

No comments:

Post a Comment