Saturday, July 5, 2014

လက်နယ်သယ်လာတဲ့ တရုတ်လူမျိုးတွေကို အမိန့်ချမှတ်ပြီ

တမူးမြို့မှာ ဧပြီ ၂၅ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသား ရှစ်ယောက်ကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းမှာ မုံရွာတရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ တရုတ်လူမျိုး ရှစ်ဦးထဲက ခုနစ်ဦးကို ထောင်ဒဏ် ၁၃ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျန်တဲ့တစ်ဦးကတော့ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့အမိန့်ချခဲ့တယ်လို့ မုံရွာခရိုင် တရားရုံးဆီကနေ သိရပါတယ်။မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “တရုတ်အမျိုးသား ၈ ဦးအနက်က ၇ ဦးကတော့ ထောင်ဒဏ် ၁၃ နှစ်နဲ့ မုံရွာအကျဉ်းထောင်ကို ပို့မှာပါ၊ ကျန်တဲ့အသက်မပြည့်သေးတဲ့ သူကိုတော့ မန္တလေးအကျဉ်းထောင်ကို ပို့ဆောင်မှာပါ၊ သူတို့အားလုံးကလည်း အပြစ်ရှိကြောင်း တရားရုံးမှာဝန်ခံပါတယ်” လို့ဆိုပါတယ်။တရုတ်အမျိုးသားရှစ်ဦးကို တမူးမြို့ကနေ ကလေးမြို့သို့ ထွက်တဲ့ အိန္ဒိယမြန်မာ ချစ်ကြည်ရေး လမ်းမကြီးပေါ်မှာ တရုတ်နိုင်ငံလုပ် လက်နက်ငယ် ရှစ်လက်ကျည် ၁၈၆၀ တောင့်၊ ကျည်ကတ် (၃၈) ကတ်၊ လက်ပစ်ဗုံး (၃၁) လုံးတွေနဲ့အတူ ဧပြီလ (၂၅) ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ သက်ဆိုင်ရာ စုပေါင်းဖမ်းဆီးရေး အဖွဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
The Voice Weekly

No comments:

Post a Comment