Friday, July 25, 2014

မိုးသည်းထန်သဖြင့် လမ်းပေါ်ရေကျော် ကာ နေအိမ်များ ရေလွမ်းမှုဖြစ်ပွား

မိုးသည်ထန်းစွာ အဆက်မပြတ်ရွာသွန်းမှုကြောင့်တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ ထောင်ငါးသိုင်းကျေးရွာအုပ်စု ၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၂၄/၅၇ နေရာ တွင် ကားလမ်းပေါ် ရေကျော် ၍ မြေနှိမ့်ပိုင်းရှိ လူနေအိမ်များ ရေလွမ်းမူ ဇူလိုင် ၂၃ ရက် နေ့ နံနက်ပိုင်း ကဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာ သွန်းမှုကြောင့် တောင်ကျရေများ
အဆမတန်စီးဆင်းလာ ရာ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၂၄/၅၇ နေရာ တွင် ကားလမ်းပေါ် ရေကျော် ၍ မြေနှိမ့်ပိုင်းရှိ နေအိမ်(၅)လုံး အားရေလွမ်းမိုးမှု ဖြစ်ပွား ရာ အိမ်ထောင်စု (၆) စု မှ ကျေးရွာပြည်သူ (၂၄) ဦးအား ရေဘေးလွတ်ရာ သို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ၊NG O အဖွဲ့ များ မှ အရေးပေါ် ရွေ့ပြောင်းပေးကာ ရေဆက်လက်မြှင့်တက် လာမှုအခြေအနေများကို ကျေးရွာတာဝန်ရှိ အဖွဲ့အစည်းများ မှ လိုအပ်သည်များ ဆက်လက် ကူညီဆောင်ရွက်ပေးနိုင်ရန် စောင့်ကြပ် ကြည့်ရှုခဲ့ရာ ထိုနေ့ မွန်းလွဲပိုင်းတွင် ရေတဖြည်းဖြည်း ပြန်လည်ကျဆင်း ခဲ့ကြောင်းသိရသည်။

အဆိုပါ ရေလွမ်းခံရသည့် အိမ်ထောင်စုများ အား ဇူလိုင် ၂၄ ရက် နံနက်ပိုင်း တွင် ဘုတ်ပြင်းမြို့နယ် နှင့် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ အုပ်ချုပ် ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က ရေဘေးသင့် မိသားစုဝင်များ အား အိမ်အသုံးအဆောင်နှင့်အဝတ်အထည်များ၊ စားသောက်ကုန် နှင့် ထောက်ပံ့ရေး ပစ္စည်းများ လာရောက် ကူညီပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

MOI

No comments:

Post a Comment