Friday, July 25, 2014

ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ်ခံရပြီး လွတ်မြောက် ခဲ့သည့် ဆူဒန် အမျိုးသမီး အီတလီသို့ရောက်ရှိ

Photo: ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ်ခံရပြီး လွတ်မြောက် ခဲ့သည့် ဆူဒန် အမျိုးသမီး အီတလီသို့ရောက်ရှိ
Friday, July 25, 2014

အစ္စလာမ် ဘာသာဝင် အဖြစ်မှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း ကိုးကွယ်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်မြောက်ခွင့် ရခဲ့သည့် ဆူဒန် အမျိုးသမီး မာရီယမ် အီဘရာဟမ်မှာ ကြာသပတေးနေ့ (ဇူလိုင် ၂၄ ရက်)တွင် အီတလီ နိုင်ငံသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။သူမသည် အမေရိကန် သံရုံးတွင် တစ်လကျော်ကြာ ခိုလှုံ နေထိုင်ခဲ့ ပြီးနောက် အီတလီသို့ ထွက်ခွာ နိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ခရစ်ယာန် ဘာသာဝင် ခွင်ပွန်းဖြစ်သူ ဒန်နီရယ် ဝင်နီနှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့တွင် ကလေးနှစ်ဦး ရှိသည်။ ဒန်နီရယ် ဝင်နီမှာ တောင်ဆူဒန် မှ ဖြစ်ပြီး အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်သည်။ မာရီယမ် အီဘရာဟမ် မိသားစုအား အစိုးရ ဧည့်သည် အဖြစ် အီတလီက ဖိတ်ခေါ် ခဲ့ခြင်းဟု ဆိုသည်။ ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ် ခံရသည့် သူမ၏ ဖြစ်ရပ်မှာ နိုင်ငံတကာ မီဒီယာ များကြား ထင်ရှားသည့် သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

Ref: BBC

Credit to Mizzima
အစ္စလာမ် ဘာသာဝင် အဖြစ်မှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း ကိုးကွယ် မှုကြောင့် သေဒဏ် ချမှတ်ခံခဲ့ရပြီး လွတ်မြောက်ခွင့် ရခဲ့သည့် ဆူဒန် အမျိုးသမီး မာရီယမ် အီဘရာဟမ်မှာ ကြာသပတေးနေ့ (ဇူလိုင် ၂၄ ရက်)တွင် အီတလီ နိုင်ငံသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။သူမသည် အမေရိကန် သံရုံးတွင် တစ်လကျော်ကြာ ခိုလှုံ နေထိုင်ခဲ့ ပြီးနောက် အီတလီသို့ ထွက်ခွာ နိုင်ခဲ့ခြင်း ဖြစ်သည်။ အသက်
၂၇ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ခရစ်ယာန် ဘာသာဝင် ခွင်ပွန်းဖြစ်သူ ဒန်နီရယ် ဝင်နီနှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့တွင် ကလေးနှစ်ဦး ရှိသည်။ ဒန်နီရယ် ဝင်နီမှာ တောင်ဆူဒန် မှ ဖြစ်ပြီး အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်သည်။ မာရီယမ် အီဘရာဟမ် မိသားစုအား အစိုးရ ဧည့်သည် အဖြစ် အီတလီက ဖိတ်ခေါ် ခဲ့ခြင်းဟု ဆိုသည်။ ဘာသာ ကူးပြောင်း မှုကြောင့် သေဒဏ် ချမှတ် ခံရသည့် သူမ၏ ဖြစ်ရပ်မှာ နိုင်ငံတကာ မီဒီယာ များကြား ထင်ရှားသည့် သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

Ref: BBC

Credit to Mizzima

No comments:

Post a Comment