Sunday, July 27, 2014

အမုန်းစကားများ တားမြစ်ရေး သီးခြားဥပဒေပြဋ္ဌာန်းရန် မစ္စရန်ဟီလီ တိုက်တွန်း

ခွဲခြားဆက်ဆံမှု၊ရန်လို မှု၊ အကြမ်းဖက်မှုများဖြစ်ပွားစေ ပြီး တရားဥပဒေနှင့်မညီသည့်အ ပြုအမူများ ဖြစ်စေတတ်သော အမျိုးသားရေး၊ လူမျိုးရေး၊ ဘာ သာရေးအမုန်းတရားများ လှုံ့ ဆော်ပေးနေခြင်းကိုတားမြစ်ကန့် သတ်ရန် တိုက်တွန်းကြောင်း ကု လသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့် အရေးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီက ပြောကြားသည်။

မစ္စရန်ဟီလီသည် မြန်မာ နိုင်ငံမှ မထွက်ခွာမီ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အမုန်းစ ကားပြောဆိုနေမှုများ တိုက်ဖျက် တားဆီးရန် သီးခြားဥပဒေပြဋ္ဌာန်း သင့်ကြောင်း ၎င်းက ထည့်သွင်း ပြောကြား ခဲ့သည်။

သို့သော် ထိုဥပဒေမှာ လွတ် လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းမျိုးမဖြစ်စေသည့် နိုင်ငံတကာ လူ့အခွင့်အရေး စံ သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့်အချက်များ ပါဝင်ရန် လို ကြောင်းလည်းပါရှိသည်။

သမ္မတဦးသိန်းစိန်ကအမုန်း စကားပြောဆိုနေသူများကို ဆန့် ကျင်ရန်ပြောဆိုခဲ့ခြင်းကိုလည်း ၎င်းအနေဖြင့် ကြိုဆိုကြောင်းထည့်သွင်းပြော ကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ခေတ်နှင့်မလျော်ညီသော ဥပဒေ ဟောင်းများနှင့်အရေးယူဆောင် ရွက်မှုများရှိနေသည်ကိုလည်း တွေ့ရှိခဲ့ကြောင်း ၎င်း၏ထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်များကို ကူညီရန်အကန့်အသတ်များ ရှိနေသေးသည်ဟုဆိုသည်။

ထို့အပြင် အစိုးရက အသိအ မှတ်မပြုသည့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကိုမပြောရန်ဒေသခံ အချို့က အထပ်ထပ်ပြောကြားခဲ့ သည်။ သို့သော် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းမှာ ကုလသမဂ္ဂအ ထွေထွေညီလာခံတွင် တရားဝင် သုံးနှုန်းသော အသုံးအနှုန်းဖြစ်၍သူ့အနေဖြင့် သုံးစွဲရခြင်းဖြစ်ကြောင်းလည်းပြောဆိုခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာလူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူမစ္စရန်ဟီလီသည် ပထမဆုံးအကြိမ်မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်သို့သွားရောက်ခဲ့ပြီး ဒေသခံများနှင့်တွေ့ဆုံခဲ့သည်။

ရန်ကုန်မြို့တွင်လည်း မီဒီ ယာသမားများတောင်သူလယ်သ မားအရေးဆောင်ရွက်နေသူများ နှင့်အလုပ်သမားအရေးဆောင် ရွက်နေသူများနှင့်လည်းတွေ့ဆုံ ခဲ့ကြသည်။

နေပြည်တော် ခရီးစဉ်တွင် သမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီး များနှင့် တွေ့ဆုံခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးအပါအ၀င်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့ကြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင် ရာ အထူးအစီအရင်ခံစာ တင် သွင်းသူ မစ္စတာကင်တားနားအ နားယူသွားပြီးနောက် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင် ရာကော်မတီဥက္ကဋ္ဌတာဝန်ထမ်း ဆောင်ခဲ့သူ ကိုရီးယားနိုင်ငံသူ ပါမောက္ခရန်ဟီလီအား ၂၀၁၄ခု နှစ်ဇွန်လတွင် ခန့်အပ်ခဲ့သည်။

မစ္စရန်ဟီလီ၏ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ကို ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ၁၀ရက်ကြာမြင့်ခဲ့သည်။

7Day Daily

No comments:

Post a Comment