Sunday, July 27, 2014

အပစ်ရပ်လက်မှတ် တကွဲတပြားထိုးပါက အန္တရာယ်များကြောင်း ကေအင်န်ယူ ဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရာတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် တကွဲ တပြားစီ လက်မှတ်ရေးထိုးပါက အန္တရာယ်များကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး က ပြောကြားလိုက်သည်။

ကရင်အမျိုးသားအစည်းအ ရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဇူလိုင် ၂၆ ရက် လိုင်ဇာညီလာခံဒုတိယနေ့တွင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ညီညွတ်ရေး အတွက် အဓိကစိန်ခေါ်မှုဖြစ်တဲ့ အဆင်သင့်ဖြစ်သူ လက်မှတ်ထိုး၊ ကျန်နေသူများအတွက် စာအုပ် ဖွင့်ထားခြင်းဆိုတာကတော့ အန္တ ရာယ်များတယ်’’ ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဆိုသည်။

ညီညွတ်ခြင်း အသီးအပွင့် ရရှိရေးလုပ်ငန်းအဖြစ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးလုပ်ငန်းဖြစ် သည့် NCCT ဖွဲ့စည်းလုပ်ကိုင် လာခြင်းသည် အချိန်အားဖြင့် ရှစ်လကျော် ရှိလာပြီဖြစ်သော် လည်း

ဘာတစ်ခုမျှ ခိုင်ခိုင်မာမာမရသေး ကြောင်းနှင့် တိုးတက်ဖြစ်ထွန်းမှု မရှိဘဲ ဖြစ်စဉ်ကြာရှည်ရပ်တန့်နေခြင်းသည် အားလုံးအတွက် မကောင်းနိုင်ကြောင်း၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

‘‘အားလုံးလက်မှတ် မထိုး နိုင်ရင် ကျွန်တော်တို့စည်းရုံးမှုကို အခက်အခဲဖြစ်စေနိုင်တယ်။ ရှေ့ ဆက်သွားဖို့ အခက်အခဲဖြစ်စေ နိုင်တယ်။ ဒါတွေ ဖြစ်နိုင်တယ်ဆိုပြီးတော့ သတိပေးပြောသွားတာဖြစ်တယ်’’ ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆို သည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး တစ်ပြိုင်တည်း လက်မှတ် မရေးထိုးနိုင်ပါက အဆင်သင့်ဖြစ် သည့်အချိန်တွင် တစ်ဖွဲ့ချင်းစီ ထိုး နိုင်ကြောင်း ကမ်းလှမ်းထားသည်။

7Day Daily

No comments:

Post a Comment