Monday, July 7, 2014

ပီအာရ်စနစ်ကျင့်သုံးရန် မသင့်လျော်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ သုံးသပ်


မြန်မာနိုင်ငံတွင် အချိုး ကျကိုယ်စားပြုရွေးကောက်ပွဲ စနစ် (ပီအာရ်)ကို ကျင့်သုံးရန် သင့်လျော်မှုမရှိကြောင်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ရင်းသား နိုင်ငံရေးပါတီခေါင်း ဆောင်များ တွေ့ဆုံကာ ဆုံးဖြတ် ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန် ထွန်းဦး၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်၊ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်၊ မွန်ဒီမို ကရေစီပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း တို့ တွေ့ဆုံခဲ့ကြသည်။

‘‘လက်ရှိ မြန်မာနိုင်ငံမှာ ပီ အာရ်စနစ်ကို ကျင့်သုံးဖို့ မသင့် သေးဘူး။ ဒီစနစ်က တိုင်းပြည်အ တွက် ဘာမှ အကျိုးမရှိဘူးလို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်’’ ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီ ခေါင်းဆောင်များ တွေ့ဆုံမှု သည် နှစ်နာရီကျော် ကြာမြင့်ခဲ့ ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံရေးတို့ကိုလည်း ထည့် သွင်းဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကျင်းပခဲ့သည့် အမျိုးသားလွှတ် တော်တွင် ပီအာရ်စနစ်ကို ပြောင်း လဲကျင့်သုံးရန် မဲခွဲဆုံးဖြတ်ရာ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့ကြ သော်လည်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ် စားလှယ်များက ထောက်ခံမဲပေး ခဲ့သဖြင့် အတည်ဖြစ်ခဲ့သည်။

ပီအာရ်စနစ်ကို အမျိုးသား လွှတ်တော်တွင် ကျင့်သုံးရန် အ ဆိုအောင်မြင်ခဲ့ပြီးနောက် ယင်း စနစ်ကို လွှတ်တော်သို့ တင်သွင်း ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) သည် ပြည်သူ့လွှတ်တော်တွင်လည်း ပီ အာရ်စနစ်ကို ကျင့်သုံးရေး အဆို တင်ရန် ပြင်ဆင်ထားပြီးဖြစ်နေ သည်။

ပီအာရ်စနစ်သည် တိုင်းရင်း သားများအတွက် စည်းလုံးညီ ညွတ်မှုကို ထိခိုက်နိုင်သည့်အပြင် မဲပေးရသည့် ပြည်သူများအတွက် မဲပေးရာတွင် ရှုပ်ထွေးစေ၍ တိုင်းရင်းသားနိုင်ငံရေးပါတီအများစုက မြန်မာနိုင်ငံတွင် ကျင့်သုံးခြင်းမပြုရန် ထုတ်ဖော်ပြောကြားထားသည်။

သို့သော် လက်ရှိအာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ လည်းဖြစ် ပြည်ထောင်စုလွှတ် တော်နာယကလည်းဖြစ်သူ သူရ ဦးရွှေမန်းက ယခုရက်ပိုင်းအတွင်း လွှတ်တော်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံရာ၌ ပီအာရ်စနစ်ကို နိုင်ငံအတွက် အကျိုးရှိပါက ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျင့် သုံးနေသော ရွေးကောက်ပွဲစနစ် သည် မဲအများဆုံးရသည့် ပါတီက အနိုင်ရသည့် စနစ်ဖြစ်သော်လည်း ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းနေ ကြသည့် ပီအာရ်စနစ်မှာ မဲအ များဆုံးရရှိသည့် ပါတီက အနိုင်ရ ခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲတွင် သတ်မှတ်ထားသော မဲရာခိုင်နှုန်း ကို ရရှိသည့် ပါတီများသည် လွှတ် တော်တွင် ကိုယ်စားလှယ်နေရာ ကို ရာခိုင်နှုန်းအလိုက် ရရှိမည့် စနစ်တစ်ခုဖြစ်သည်။

7 Day daily

No comments:

Post a Comment