Monday, July 28, 2014

မြန်မာအသင်းများ တစ်နှစ်လျှင် နိုင်ငံတကာပွဲနှစ်ပွဲ ကစားနိုင်ရန် အူရီးဒူးမှ စီစဉ်ပေးမည်

မြန်မာ့လက်ရွေးစင်အသင်းများ တစ်နှစ်လျှင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် အူရီးဒူးကုမ္ပဏီမှ စီစဉ်ပေးမည် ဖြစ်သည်။

အူရီးဒူးကုမ္ပဏီနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အနေဖြင့် ငါးနှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုထားပြီး မြန်မာ့ ဘောလုံးတိုးတက်ရန် ကူညီဆောင်ရွက်ပေးနေသည်။

“အူရီဒူးနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ အထဲမှာ လက်ရွေးစင်အသင်းတွေအတွက် တစ်နှစ်ကို နိုင်ငံတကာခြေ စမ်းပွဲ နှစ်ပွဲ စီစဉ်ပေးရမယ်ဆိုတဲ့ သဘောတူညီမှု ပါပါတယ်။ အူရီးဒူးနဲ့အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ခြေစမ်းပွဲတွေ စီစဉ်သွားမှာပါ။ ပြည်ပခြေစမ်း ခရီးတွေအတွက်လည်း အူရီးဒူးအနေနဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနေပါတယ်။ လူငယ်ဘောလုံးပွဲတော်တွေ အကယ်ဒမီတွေအတွက်လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု- ဥက္ကဋ္ဌ ဦးတင်အောင်က မဇ်္ဈိမသို့ ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း အူရီးဒူးအနေဖြင့် MFF Ooredoo Cup ရှုံးထွက်ပြိုင်ပွဲ၊ MFF Ooredoo Futsal Cup ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး မြန်မာ ယူ-၁၉ အသင်း၏ ဂျာမနီခရီးစဉ်၊ မြန်မာအမျိုးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ခြေစမ်းပွဲများကို စီစဉ်ပေးနိုင်ခဲ့သည်။

အူရီးဒူးကုမ္ပဏီမှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းကို စပွန်ဆာပေးနေသည့်အပြင် အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ် ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားမက်ဆီနှင့်လည်း ပူးပေါင်းဆောင် ရွက်နေကာ မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်တို့ကို စပွန်ဆာအဖြစ် ထောက်ပံ့ပေးနေသည်။

Mizzima

No comments:

Post a Comment