Monday, July 14, 2014

မြန်မာပိုင် နယ်နိမိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် သတ်မှတ်မည် ဆိုခြင်းအပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကန့်ကွက်

 Photo: မြန်မာပိုင် နယ်နိမိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် သတ်မှတ်မည် ဆိုခြင်းအပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကန့်ကွက်
Monday, July 14, 2014

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိသည့် မြန်မာပိုင် နယ်နိမိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် အိန္ဒိယဘက်က သတ်မှတ်မည် ဆိုသည့် သတင်းအပေါ် ကဘော်ချိုင့်ဝှမ်းဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ယင်းဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရနှင့် နှစ်နိုင်ငံနယ်စပ် အငြင်းပွားခဲ့သည့် မိုရေးမြို့ အရှေ့မြောက်ဘက် မြန်မာ-အိန္ဒိယနယ်စပ် ဟောင်လင်းဖိုင် ကျေးရွာနှင့် အနီးတစ်ဝိုက် ဒေသများအား အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသ အဖြစ် သတ်မှတ်ရန် အိန္ဒိယဗဟိုအစိုးရက သတ်မှတ်သည်ဟု ဇူလိုင်လဆန်းပိုင်းက ထုတ်ပြန်ခဲ့မှုကြောင့် ဆန္ဒထုတ်ဖော်၍ ကန့်ကွက်ခဲ့ကြောင်း၊ နယ်စပ် ကျူးကျော်မှုများကို မြန်မာအစိုးရ အနေနှင့် အိန္ဒိယအစိုးရကို သံတမန်နည်းဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လည်း တောင်းဆိုခဲ့သည်ဟု ၎င်းဆန္ဒဖော်ထုတ်သူများက ပြောဆိုသည်။

ကလေးမြို့ အောင်မြေမာန် ရပ်ကွက်ရှိ မြို့ချက်အောင်မြေဘုရားမှ စတင်ကာ မြို့တွင်း စီတန်း လှည့်လည်ခဲ့ကြပြီး မြို့တော်ခန်းမရှိ စစ်သူကြီးမဟာဗန္ဓုလ မဏိပူရ်သို့ စစ်ချီဟန် ရုပ်တုရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းကို ဦးဆောင်သူများက ပြောကြားခဲ့သည်။ 

“နယ်စပ်ခြံစည်းရိုးနားမှာ နေထိုင်တဲ့ ကိုယ့်နိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက်ကို အပါမခံနိုင်လို့ ကာကွယ်တားဆီးတဲ့ အနေနဲ့ ဆန္ဒပြကြတာပါ။ အိန္ဒိယအစိုးရက ကျူးကျော် အဆောက်အအုံတွေ ဆောက်လုပ်နေခြင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်စီးစေပါတယ်” ဟု ကဘော်ဒေသ ကာကွယ်စောင့်ကြည့်ရေး အဖွဲ့ဝင် ဆရာတော် ဦးဓမ္မိက (ပညာဒါန) က မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကဘော်ဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင် ၁၅၀ ခန့် ပါဝင်ခဲ့ပြီး မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးကို မဖျက်ဆီးပါနှင့် နယ်စပ် ကျူးကျော်သည့် ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ “မိမိတို့၏မြေကို တစ်လက်မမှ အပါမခံနိုင်ပါ” ဟူသော ပြောဆိုချက်ကို ကြိုဆိုပါ၏။ ကဘော်ချိုင့်ဝှမ်း ဒေသသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာအောက်တွင် တည်ရှိသည် ဟူသော ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တွင်း လှည့်လည်ခဲ့ကြပြီး ကလေးမြို့နှင့် သုံးမိုင်အကွာရှိ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်း အထိမ်းအမှတ် ကျောက်စာရှေ့တွင် ပြီးဆုံးခဲ့ကြသည်။

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် မိုရေးမြို့ အရှေ့မြောက်ဘက်ရှိ ဒေသအချို့ကို အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသအဖြစ် သတ်မှတ်ရန် အိန္ဒိယအစိုးရက စီစဉ်လျက်ရှိပြီး ယင်းအတွက် မြေနေရာ ဧကပေါင်း ၃၀၀၀ ကျော် လျာထားကြောင်း မဏိပူရ်ပြည်နယ် အစိုးရ၏ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းနေရာသည် နှစ်နိုင်ငံနယ်စပ် အငြင်းပွားခဲ့သော မိုရေးမြို့ အရှေ့မြောက်ဘက် မြန်မာ-အိန္ဒိယ နယ်စပ် ဟောင်လင်း ဖိုင်ကျေးရွာနှင့် အနီးတစ်ဝိုက် ဒေသများဖြစ်ပြီး ဟောင်လင်းဖိုင် ကျေးရွာသည် နှစ်နိုင်ငံ နယ်စပ်မျဉ်း စိုက်ထူခြင်း မပြုရသေးသည့် နယ်ခြားမှတ်တိုင် ၇၆ နှင့် စိုက်ထူပြီးသော မှတ်တိုင် ၇၇ ကြားတွင် တည်ရှိကြောင်း တမူးမြို့ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weeklyစစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရှိသည့် မြန်မာပိုင် နယ်နိမိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် အိန္ဒိယဘက်က သတ်မှတ်မည် ဆိုသည့် သတင်းအပေါ် ကဘော်ချိုင့်ဝှမ်းဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ယင်းဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။


အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရနှင့် နှစ်နိုင်ငံနယ်စပ် အငြင်းပွားခဲ့သည့် မိုရေးမြို့ အရှေ့မြောက်ဘက် မြန်မာ-အိန္ဒိယနယ်စပ် ဟောင်လင်းဖိုင် ကျေးရွာနှင့် အနီးတစ်ဝိုက် ဒေသများအား အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသ အဖြစ် သတ်မှတ်ရန် အိန္ဒိယဗဟိုအစိုးရက သတ်မှတ်သည်ဟု ဇူလိုင်လဆန်းပိုင်းက ထုတ်ပြန်ခဲ့မှုကြောင့် ဆန္ဒထုတ်ဖော်၍ ကန့်ကွက်ခဲ့ကြောင်း၊ နယ်စပ် ကျူးကျော်မှုများကို မြန်မာအစိုးရ အနေနှင့် အိန္ဒိယအစိုးရကို သံတမန်နည်းဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လည်း တောင်းဆိုခဲ့သည်ဟု ၎င်းဆန္ဒဖော်ထုတ်သူများက ပြောဆိုသည်။

ကလေးမြို့ အောင်မြေမာန် ရပ်ကွက်ရှိ မြို့ချက်အောင်မြေဘုရားမှ စတင်ကာ မြို့တွင်း စီတန်း လှည့်လည်ခဲ့ကြပြီး မြို့တော်ခန်းမရှိ စစ်သူကြီးမဟာဗန္ဓုလ မဏိပူရ်သို့ စစ်ချီဟန် ရုပ်တုရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းကို ဦးဆောင်သူများက ပြောကြားခဲ့သည်။

“နယ်စပ်ခြံစည်းရိုးနားမှာ နေထိုင်တဲ့ ကိုယ့်နိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက်ကို အပါမခံနိုင်လို့ ကာကွယ်တားဆီးတဲ့ အနေနဲ့ ဆန္ဒပြကြတာပါ။ အိန္ဒိယအစိုးရက ကျူးကျော် အဆောက်အအုံတွေ ဆောက်လုပ်နေခြင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်စီးစေပါတယ်” ဟု ကဘော်ဒေသ ကာကွယ်စောင့်ကြည့်ရေး အဖွဲ့ဝင် ဆရာတော် ဦးဓမ္မိက (ပညာဒါန) က မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကဘော်ဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင် ၁၅၀ ခန့် ပါဝင်ခဲ့ပြီး မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးကို မဖျက်ဆီးပါနှင့် နယ်စပ် ကျူးကျော်သည့် ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ “မိမိတို့၏မြေကို တစ်လက်မမှ အပါမခံနိုင်ပါ” ဟူသော ပြောဆိုချက်ကို ကြိုဆိုပါ၏။ ကဘော်ချိုင့်ဝှမ်း ဒေသသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာအောက်တွင် တည်ရှိသည် ဟူသော ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တွင်း လှည့်လည်ခဲ့ကြပြီး ကလေးမြို့နှင့် သုံးမိုင်အကွာရှိ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်း အထိမ်းအမှတ် ကျောက်စာရှေ့တွင် ပြီးဆုံးခဲ့ကြသည်။

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် မိုရေးမြို့ အရှေ့မြောက်ဘက်ရှိ ဒေသအချို့ကို အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသအဖြစ် သတ်မှတ်ရန် အိန္ဒိယအစိုးရက စီစဉ်လျက်ရှိပြီး ယင်းအတွက် မြေနေရာ ဧကပေါင်း ၃၀၀၀ ကျော် လျာထားကြောင်း မဏိပူရ်ပြည်နယ် အစိုးရ၏ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းနေရာသည် နှစ်နိုင်ငံနယ်စပ် အငြင်းပွားခဲ့သော မိုရေးမြို့ အရှေ့မြောက်ဘက် မြန်မာ-အိန္ဒိယ နယ်စပ် ဟောင်လင်း ဖိုင်ကျေးရွာနှင့် အနီးတစ်ဝိုက် ဒေသများဖြစ်ပြီး ဟောင်လင်းဖိုင် ကျေးရွာသည် နှစ်နိုင်ငံ နယ်စပ်မျဉ်း စိုက်ထူခြင်း မပြုရသေးသည့် နယ်ခြားမှတ်တိုင် ၇၆ နှင့် စိုက်ထူပြီးသော မှတ်တိုင် ၇၇ ကြားတွင် တည်ရှိကြောင်း တမူးမြို့ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment