Monday, July 14, 2014

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဘာသာရေးနှင့် ပတ်သက်၍ လှုံ့ဆော်ရေးသားရာမှ သံတွဲတွင် လူစုလူဝေးဖြစ်

 ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေး သားဖော်ပြမှုနှင့် ပတ်သက်၍ မကျေနပ်၍ သံတွဲမြို့တွင် လူစု လူဝေးဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ် ဖွဲ့က အခြေအနေကို ဝင်ရောက် ထိန်းသိမ်းခဲ့ရကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၁၃ ရက်က ဘာသာ ခြားနှစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် လူမျိုး၊ ဘာသာနှင့် ပတ် သက်၍ လှုံ့ဆော်ရေးသားမှုများကို မကျေနပ်သောကြောင့် ၎င်းတို့ နှစ်ဦးနေထိုင်ရာသံတွဲမြို့ အမှတ် (၃)ရပ်ကွက်၊
ဧရာဝတီဘဏ်အ နီး၌ ညနေ ၄ နာရီခန့်က လူစု လူဝေး စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

‘‘ဖေ့စ်ဘွတ်ခ်မှာ ဘာသာ သာသနာနှင့် ပတ်သက်ပြီး စော် ကားတင်တယ်လို့ ယူဆကြလို့ သူတို့(ပို့စ်တင်တဲ့သူ) အိမ်တွေကို ဖျက်ဖို့ ကြိုးစားတာ။ အချိန်မီထိန်းသိမ်းလိုက်နိုင်ပါတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ  အရာရှိတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များက ၎င်း ဘာသာခြားနှစ်ဦးနေထိုင်ရာ ၀န်း ကျင်ကို သံဆူးကြိုးများဖြင့် တား ဆီး၍ အင်အား တိုးမြှင့်ချထား ကြောင်း သတင်းရရှိသည်။

‘‘ဘာမှတော့ မဖြစ်ပါဘူး။ သတင်းကြားလို့ သွားကြည့်ကြ တာရှိတော့ လူစုသွားတဲ့ သဘောပါ။ လုံခြုံရေးတိုးတာက လည်း ပြဿနာဖြစ်မှာဆိုးလို့ပါ’’ ဟု သံတွဲမြို့ခံတစ်ဦးကဆိုသည်။

ဇူလိုင် ၁၃ ရက် ညပိုင်းတွင် အဆိုပါ ဘာသာခြား နှစ်ဦးကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေး မေးမြန်းမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment