Monday, July 14, 2014

သေဘေးရောဂါ နှစ်ခုစလုံးကို ကျော်ဖြတ်ပြီး အောင်မြင်လာတဲ့ အက လူငယ်လေး

Photo: သေဘေးရောဂါ နှစ်ခုစလုံးကို ကျော်ဖြတ်ပြီး အောင်မြင်လာတဲ့ အက လူငယ်လေး
Monday, July 14, 2014

Harvey Woodward လို့ အမည်ရတဲ့ အသက် ၉ နှစ် အရွယ် ကလေးငယ်လေး ဖြစ်ပါတယ်။ မမွေးခင် ကတည်းက ကျောက်ကပ် နှင့် ဆက်စပ် ရောဂါ တစ်ခု ပါလာမည် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မွေးဖွား ချိန် ကတည်းက ခက်ခဲ ခဲ့ ပါတယ်။ ကလေးဘ၀ သက်တမ်း တစ်လျှောက်လည်း ကျောက်ကပ် ရောဂါကြောင့် ဆင်းရဲ ဒုက္ခ ရောက်ခဲ့ပြီး အရွယ်နဲ့ မလိုက်အောင် အကြီးစား ခွဲစိတ်မှု အချို့ကို ခံယူခဲ့ရ ပါတယ်။
အသက် ၄ နှစ် အရွယ် ရောက်တဲ့ အချိန် ကျောက်ကပ် ရောဂါ ပျောက်ကင်း သွားပေမယ့် အပျော် သိပ်မခံ ပါဘူး။ သွေးကင်ဆာ ရောဂါ တစ်မျိုး ဖြစ်ပြီး အိပ်ယာထဲ လှဲ ပြန် ပါတော့တယ်။ ဆံပင် တစ်မွေးမှ မကျန်လောက်အောင် ရောဂါ ဝေဒနာက နှိပ်စက် ပေမယ့် သူ ဖြစ်ချင်တဲ့ စိတ်ကူးယဉ် အိပ်မက် တစ်ခု ကတော့ ပျောက် မသွား ပါဘူး။ ယင်း ကတော့ ဘဲလေး အက အက ပညာရှင် တစ်ဦး ဖြစ်လာလို့ ဖြစ်ပါတယ်။ တွန်းလှဲ လေးနဲ့ ဘဲလေး အားကစား ရုံကို အဖေ၊ အမေတို့ လိုက်ပို့ ပေးရ ပါတယ်။ နောက်တော့ တစ်ရက် ပြီး တစ်ရက် တစ်ကွက် တစ်ကွက်ဆီ ကဖို့ ကြိုးစားရင်း ရောဂါ ရှိနေ သည့်တိုင် အက ကို အတော်လေး တတ်လာ ပါတယ်။
နောက်တော့ သူ့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု၊ ကြိုးစား ရုန်းကန် မှုကြောင့် သေဖို့ ဖြစ်နိုင်ချေ များဆုံး ဖြစ်တဲ့ သွေးကင်ဆာ ရောဂါ ပါ ပျောက်ကင်း သွားခဲ့ ရပါဘတယ်။ ယခုတော့ Harvey Woodward ဟာ National Youth Ballet အဖွဲ့ဝင် ဘဲလေး အက ပညာရှင် ကလေးငယ်လေး ဖြစ်သွား ပါပြီ။ သူ့ရဲ့ ကြိုးစား ရုန်းကန် ခဲ့ရမှု ကို အခြေခံတဲ့ စာအုပ်၊ ရုပ်ရှင် များကို ပြန်ရိုက်ဖို့ ပြောဆို နေကြကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment