Monday, July 14, 2014

ဆေးဝန်ထမ်းများ တရားမဲ့ငွေတောင်းဟုဆို

မြောင်းမြခရိုင်ဆေးရုံကြီးတွင် တာဝန်ယူနေသည့် ဆရာဝန်များ၊ ၀န်ထမ်းများ တရားမဲ့ငွေတောင်းခံခြင်းကို မကျေနပ်ဟုဆိုကာ ဒေသခံအချို့ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် မြို့ကို လှည့်လည်ဆန္ဒပြကြသည်။

“အခုလို ဆန္ဒဖော်ထုတ်လိုက်ခြင်းအားဖြင့် ၀န်ထမ်းတွေဟာ ကိုယ်အမှား ကိုယ်မြင်ပြီး ပြည်သူ လူထုဝန်ဆောင်မှု လုပ်တဲ့အခါမှာ အသိတရားရှိရှိလုပ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။


ဆန္ဒပြပွဲတွင် တရားမဲ့ငွေတောင်းခံမှု၊ ထောက်ပံ့ထားသော ဆေးနှင့်ဆေးပစ္စည်းများကို မသမာပြုသူများအား စစ်ဆေးအရေးယူပေးရေးစသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်မှုများလုပ်ကြသည်။

“ဆေးရုံတံခါးဝအစောင့်ကအစ ပိုက်ဆံပေးရတယ်”ဟု ဆန္ဒဖော်ထုတ်သူ ဒေါ်ဌေးကြည်က မဇ်္ဈိမကို ပြော သည်။

မကြာသေးမီကလည်း မြရတနာရပ်ကွက်မှ ကိုညီညီအောင်ဆိုသူသည် ဆေးရုံက တောင်းသည့် ခွဲစိတ်ခငွေမပေးနိုင်၍ ဆွဲကြိုးချအဆုံးစီရင်မှု ဖြစ်ခဲ့သေးသည်ဟု ဒေသခံတို့က ဆိုသည်။

ယင်းဆန္ဒပြမှုကို ဇူလိုင် ၁၄ရက်မှ စတင်ကာ ဆေးရုံအုပ်အဖြစ် တာဝန်ယူရန် ရောက်ရှိနေပြီဖြစ်သည့် ဦးချိုပြုံးကို မေးမြန်းရာ ၎င်းက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ မြောင်းမြဆေးရုံသည် ခုတင်နှစ်ရာဆံ့ ဆေးရုံဖြစ် သည်။

Mizzima

No comments:

Post a Comment