Monday, July 21, 2014

လူမှုကွန်ရက်မီဒီယာမှအမုန်းပွားမှုများအတွက် စတင်အဖြေရှာ

 မကြာသေးမီက ဖြစ်ပွားခဲ့သော မန္တလေးပဋိပက္ခအပါအ၀င် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများသည် လူမှုကွန်ရက်မီဒီယာကြောင့် ပိုမိုကြီးထွား လာစေခဲ့သည်ဆိုသော သုံးသပ်ချက်များ ထွက်ပေါ် လာပြီးနောက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ‘တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူမှုကွန်ရက်’အမည်ဖြင့် ဖိုရမ်တစ်ခုကို ဇူလိုင် ၂၀ ရက်က MICT Park ၌ ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်း ဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီးဌာနက အဓိက စီစဉ် ခဲ့ပြီး ပြည်တွင်းရှိ နယ်ပယ်
အသီးသီးမှ ပညာရှင်များအပြင် ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်၍  မြန်မာနိုင်ငံတွင် လူမှုကွန်ရက်နှင့်ပတ်သက်ပြီး ထင်သာမြင်သာ ရှိသော ဆွေးနွေးပွဲ တစ်ခုဖြစ် ခဲ့သည်။အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွက် လူမှုကွန်ရက် မီဒီယာ၏ အခန်းကဏ္ဍနှင့် တာ ၀န်ယူမှု၊ စိန်ခေါ်မှုများ၊ အနာဂတ် နှင့် အကောင်းဆုံး အသုံးချခြင်းတို့ ကို အခြေခံ၍ ဆွေးနွေးခဲ့ပြီး နိုင်ငံ တကာအဖွဲ့အစည်းများ၊ နယ် ပယ်အသီးသီးရှိ ကျွမ်းကျင်သူ ပညာရှင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူများ ဦးဆောင်၍ ဆွေးနွေးခဲ့ကြပြီး အသုံးပြုသူများ ကလည်း ပြန်လည်ဆွေးနွေးခဲ့ ကြသည်။

အဆိုပါ ခေါင်းစဉ်များဖြင့် ဆွေးနွေးမှုများအပြီးတွင် ရလဒ်အချို့ထွက်ပေါ်ခဲ့သည်။ လတ်တ လောအကြမ်းဖျင်း အားဖြင့် မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ် အကောင့် ပြုလုပ် ရာတွင် အကန့်အသတ် များ၊ စိစစ်မှုများ ရှိလာစေရန်၊ အမုန်းစကားများနှင့် ပတ်သက် ပြီး ပြည်တွင်းမှလွတ်လပ်ခွင့်ကိုမထိခိုက်စေဘဲ သေချာစွာ စောင့် ကြည့်လေ့လာမှုများပြုလုပ်သွား ရန် အချက်များအပါအ၀င် အ ချက်အလက်အချို့ ထွက်ပေါ်ခဲ့ သည်။

‘‘Print Media တွေက တာဝန်ယူမယ့်လူရှိတယ်။ အယ်ဒီတာတွေရှိတယ်။ social Media တွေ မှာတော့ အဲဒီလိုမျိုးတာဝန်ယူမယ့် လူမရှိဘူး။ဘယ်သူရေးလည်း ဆိုတာကို မသိဘူး။ အဲဒါတွေကို ဖတ်မယ်ဆိုရင် ကိုယ်တိုင် Edit လုပ်နိုင်ဖို့ လိုအပ်တယ်။ Like လုပ် တာကိုလည်း မသိကြဘူး။ ကိုယ်နှိပ်တဲ့ ခလုတ်တွေရဲ့ အဓိပ္ပာယ်ကို တောင်  မသိဘဲ လုပ်နေကြတာ တွေလည်း ရှိတယ်’’ဟု ယင်းဆွေး နွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။

လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုသူများလိုအပ်နေသည် များကို ဆောင် ရွက်ပေးရန်နှင့် တာဝန်ယူမှုရှိသော လူမှုကွန်ရက် စာမျက်နှာဖြစ်လာစေရန် လုပ်သွားမည့်ပုံစံမှာ နိုင်ငံတကာပုံစံနှင့် ကိုက်ညီခြင်းရှိ၊ မရှိကို သိ နိုင်စေရန် ဖိုရမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဒုဝန်ကြီး ဦးသောင်းတင်ကရှင်းပြသည်။

‘‘ပြည်တွင်းမှာပဲ မသိတဲ့လူနဲ့ မတတ်တဲ့လူတွေ ပြောနေမယ့်အစား တကယ်တာဝန်ရှိတဲ့သူတွေကို ဖိတ်ခေါ်ပြီးတော့ လုပ်လိုက်တာပါ။ အရပ်ဘက်အဖွဲ့ တွေက အစိုးရအနေနဲ့ ဘာတွေ လုပ်ပေးသင့်တယ် ဆိုပြီး တောင်း ဆိုတဲ့ဟာကို လုပ်ပေးဖို့အတွက်  ဒီဖိုရမ်ကို လုပ်လိုက်တာဖြစ်ပါ တယ်’’ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်ကပြောသည်။

      လူမှုကွန်ရက်များတွင် အမုန်း စကားများ ဖြန့်ဝေနေမှုများ၊ ပဋိ ပက္ခလှုံ့ဆော်ဖန်တီးမှုများမှာ တစ် စတစ်စဆိုးရွားလာကာ အဆို ပါဖြန့်ဝေနေသူများ၏ နောက် ကွယ်တွင် ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများရှိနေပြီး ထို အဖွဲ့အစည်းများမှာ ရည်ရွယ် ချက်ရှိရှိဖြင့် လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း ဘလော့ဂါကိုနေ ဘုန်းလတ်ကပြောသည်။

‘‘အင်တာနက်ကနေ သတင်းပျံ့နှံမှုနှုန်းက မြန်မာနိုင်ငံမှာ တော်တော်လေးမြန် တယ်။ တကယ် ပြောရေးဆိုခွင့်ရှိတဲ့ ဌာနဆိုင်ရာ တွေက အွန်လိုင်းပေါ်မှာရှိနေပြီး ပဋိပက္ခဖြစ်စေတဲ့ စာသားတွေ ရှိလာရင် ချက်ချင်းအတည်ပြုပေး ဖို့ လိုအပ်နေ တယ်’’ဟု ဘလော့ဂါ ကိုညီလင်းဆက်ကပြောသည်။

‘‘Social Media ဆိုတာက လူသန်းပေါင်းများစွာမြင်တွေ့ နိုင်တဲ့အတွက် အပြင်မှာ သာမန် ပြောတာထက် ပိုပြီး ထိရောက် သွားနိုင်တယ်။ တစ်ခုခုမှားခဲ့ရင် နောက်မှာ အလုပ်ပြုတ်တာမျိုး၊ လူမှုရေးပြဿနာရှုပ်ထွေးသွား တာမျိုးဖြစ်နိုင်တဲ့အတွက် အမြဲ တမ်းဆင်ခြင်ပြီး သတိထာဖို့ အကြံပြုချင်ပါတယ်’’ဟု Google မှ Country တာဝန်ခံတစ်ဦး ဖြစ်သူ Mr.Alexander Long ကပြောသည်။

ပြည်တွင်းရှိ လူမှုကွန်ရက် အသုံးပြုမှုများကို လေ့လာမှုများ အရ လက်ရှိတွင် သုံးစွဲသည့် အခြေအနေသုံးရပ်ရှိနေပြီး တစ်ဦးတစ်ယောက်ချင်း သုံးစွဲမှုအဖြစ် လည်းကောင်း၊ အဖွဲ့အစည်း အလိုက်အသုံးချမှုအဖြစ် လည်း ကောင်း ၊ နိုင်ငံရေးအဖြစ် အသုံး ချမှုအဖြစ်လည်းကောင်း အမုန်း စကား များကို ဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရကြောင်း Us- ASEAN စီးပွားရေး၊ လုပ်ငန်းရှင် များအဖွဲ့ အုပ်ချုပ်မှုအကြံပေး ဦးချစ်ထွန်းဖေကပြောသည်။

လူမှုကွန်ရက်စာမျက်နှာများ တွင် အမုန်းစကားများပြောကြား နေခြင်းကို သမ္မတရုံးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူအချို့ပင် အသုံးပြုခြင်းမျိုး ရှိခဲ့သည့်အ တွက် အသိပညာပေး လုပ်ငန်း များကို အရပ်ဘက်အဖွဲ့အစည်း များကိုသာ မျှဝေပေးခြင်းမျိုး မဟုတ်ဘဲ အစိုးရဌာနများရှိ တာ ၀န်ရှိသူများကိုပါ အရည်အချင်း ပြည့်ဝလာစေရန် မျှဝေပေးခြင်း မျိုး ပြုလုပ်သင့်ကြောင်း ဘလော့ ဂါ ကိုနေဘုန်းလတ်ကပြော သည်။

ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြု လုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲ ကို နယ်ပယ်အသီးသီးမှ တာဝန် ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့သော်လည်း ဆွေးနွေးပွဲအစီအ စဉ် အသေးစိတ်ကို ထိရောက် စွာကြေညာနိုင်ခဲ့ခြင်း မရှိသဖြင့် လူဦးရေ ရာဂဏန်း ၀န်းကျင်ခန့်သာ တက်ရောက်ဆွေးနွေးခဲ့ သည်။

‘‘ဒီလိုကိစ္စမျိုးဆွေးနွေးမယ် ဆိုရင် ဒီထက်ပိုပြီးကျယ်ကျယ် ပြန့်ပြန့်ဖြစ်စေချင်တယ်။ ပိုပြီး တော့ လူတွေသိအောင် လုပ်စေ ချင်တယ်’’ဟု ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။

7 Day Daily

No comments:

Post a Comment