Thursday, July 17, 2014

ရဲဝန်ထမ်းအချင်းချင်း သေနတ်ဖြင့်ကျီစားရာမှ ရဲတစ်ဦးသေဆုံး

ရန်ကုန်၊ ရဲအရာရှိတစ်ဦး၏ သေနတ်ဖြင့် စနောက်ရာမှ ပစ်ခတ်မိပြီး ရဲတပ်သားတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးမှု တွံတေးမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲ စခန်းမှ သိရသည်။
ဇူလိုင် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က တွံတေးမြို့နယ် ကံဘဲ့စံပြကြီးကျေးရွာရှိ ဘုရားငုတ်တိုနယ်မြေ ရဲကင်းတွင် တာဝန်ကျလမ်းကြောင်းမှအပြန် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် အနားယူနေစဉ် ဒုရဲအုပ်သိန်းဇော်ဦးက
ရဲတပ် သားဇော်ဝင်းထိုက်အား စနောက်ကျီစယ်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ချိန်ရွယ်ရာမှ တပ်သားဇော်ဝင်းထိုက်၏ ယာဘက်နားထင် ကျည် ဆန်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

''ရည်ရွယ်ချက်မရှိဘဲ စရင်းနောက်ရင်း ဖြစ်သွားတာ။ ရဲကင်းကို သတင်းသွားပို့ရင်း မိုးရွာလို့ အနားယူတဲ့အချိန်မှာ ခြောက်လုံးပြူး သေနတ်နဲ့ ချိန်ရွယ်ပြီး စနောက်ရာကနေ ပစ်ခတ်မိသွားတယ်။ အရာရှိရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်တာပေါ့။ ကျည်ဆန်ကို မထုတ်ထားမိလို့ပေါ့။ ဖြစ်တဲ့နေရာမှာလဲ ရဲတွေအများကြီးရှိတယ်'' ဟု တွံတေးမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးထွန်း သန်းက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြောသည်။

သေဆုံးသူ ရဲတပ်သားမှာ ကျည်ဆန်ထိ မှန်ရာတွင် သေဆုံးခြင်းမရှိသေးဘဲ တွံတေး ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ခွဲစိတ်ကုသမှုခံယူရာ အခင်းဖြစ်သည့်နေ့ ည ၇ နာရီ မိနစ် ၂ဝ တွင် ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''သားဆုံးတာကို အန်တီတို့ ချက်ချင်း မသိဘူး။ ရဲစခန်းက ချက်ချင်းအသိမပေးဘူး။ သား အပစ်ခံရတဲ့နေရာနဲ့ ရွာနဲ့က ၂ မိုင်လောက် ပဲဝေးတာ ဖုန်းလဲမဆက်ဘူး။ ရဲစခန်းက ဖုံးကွယ်ထားတယ်လို့ ခံစားရတယ်။ နီးစပ်ရာ ပတ်ဝန်းကျင်ကသိလို့ လာပြောမှ သိတယ်။ အရက်မူးလို့ လဲအကျ ခေါင်းကိုအချွန်နဲ့ ထိ တယ်လို့ စသိတာ။ ညနေ ၅ နာရီ လောက်မှ သိတယ်။ ဆေးရုံကို ၆ နာရီရောက်တော့ သားကစကားမပြောနိုင်တော့ဘူး။ အဲဒီရောက်မှ သေနတ်အပစ်ခံရမှန်းသိတယ်''ဟု သေဆုံးသူ ရဲတပ်သား၏ မိခင်ဖြစ်သူ ကံဘဲ့စံပြကျေးရွာ နေ ဒေါ်ငယ်က ရန်ကုန်တိုင်းမ်သို့ပြောသည်။
ရဲတပ်သား သေနတ်ထိမှန်ပြီး သက်ဆိုင် ရာဆေးရုံသို့ ပို့ဆောင်ရကြောင်း၊ မြို့နယ်မှူး မှ ဆေးရုံသို့လိုက်ပါသွားပြီး ရဲစခန်းမှူးမှ ရဲ တပ်သား မိသားစုဝင်များထံသို့ ဖုန်းဆက်အ ကြောင်းကြားကြောင်း၊ ထပ်မံ၍ ရန်ကုန်ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရသည့်အတွက် မိသားစုဝင်များထံသို့ ဆက်သွယ်မှု နောက်ကြ ရခြင်းဖြစ်ကြောင်း စခန်းမှူးက ရှင်းပြသည်။
တရားခံဖြစ်သူ ဒုရဲအုပ်သိန်းဇော်ဦးအား ရန်ကုန်တောင်ပိုင်းခရိုင် ရဲစခန်းတွင် ပုဒ်မ ၃ဝ၄(က)ဖြင့် ဖမ်းဆီးထားပြီး ရဲတရားရုံးမှ စစ် ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

''သေနတ်ဆိုတာက လိုအပ်သလိုသုံး ဖို့ပေးထားတာပါ။ ကျည်ဆန်ထည့်သင့်တဲ့ အချိန်ကျမှ ထည့်လေ့ရှိတယ်။ အခုဖြစ်စဉ်မှာ သေနတ်က ကျည်အပြည့်ပါတယ်။ ဒါကို မေ့ လျော့ပြီး ပစ်မိတာဖြစ်မယ်။ ပစ်မိတဲ့အရာ ရှိကလဲ သူ့အမှားကြောင့် ယူကျုံးမရဖြစ် နေပါတယ်။ မတော်တဆ ရည်ရွယ်ချက်မရှိဘဲ ဖြစ်သွားတာလို့ ထွက်ဆိုထားတယ်။ ခြောက်လုံးပြူး ဝိုင်-၃၆ သေနတ်တွေက မောင်းတံ မဆွဲဘဲနဲ့တောင် လက်လှုပ်အားအရှိန်နဲ့ ကျည် ထွက်နိုင်ခြေရှိပါတယ်။ တရားခံရဲအရာရှိကို တော့ ရဲဥပဒေအရရော၊ ပြစ်မှုဆိုင်ရာ အရရော ပြစ်ဒဏ်ချသွားမှာပါ''ဟု တွံတေးမြို့မရဲစခန်း မှူးကပြောသည်။
အခင်းဖြစ်ပွားရာနေရာတွင် ရဲအရာရှိ နှစ် ဦးအပါအဝင် ရဲခြောက်ဦးရှိနေပြီး သေနတ် မြည်သံကြောင့် အိပ်နေရာမှ လန့်နိုးခဲ့ရာ သေ ဆုံးသူ မှာ ကြမ်းပြင်တွင် မှောက်လျက်ဖြစ်နေ ကြောင်း မျက်မြင်သက်သေ ရဲတပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

Yangon Media Group

No comments:

Post a Comment