Thursday, July 17, 2014

အာဇာနည်နေ့ APP တွင် ဗိုင်းရပ်စ်များပါရှိ

အာဇာနည်နေ့အတွက် ဥသြသံ App မှာ...Data များနှင့် managemant system တစ်ခုလုံးအား ၀င်ရောက် နှောင့်ယှက်ကာ သင့်ဖုန်းအားဖျက်ဆီးပစ်မည့် အစီအစဉ်တစ်ခုကို မသမာသူ များမှ ပြုလုပ် ထားသည်ဟု Myanmar IT Group မှ တာဝန်ခံ ကိုကျော်စွာထွန်းမှ ပြောခဲ့ပါသည်။ “ဒီဗိုင်းရပ်စ်ကို ထိတဲ့သူတွေ တော်တော် များလာလို့ ကျွန်တော် စေတနာနဲ့ပြောလိုက်တာပါ။

ကျွန်တော်တို့ကတော့ သုံးပါလို့လဲ မပြောလိုဘူး၊ မသုံးပါနဲ့ လို့လဲမပြောလိုပါဘူး။အသုံးပြုမယ့်လူတွေကိုတော့ သတိထားစေချင်တယ်။
ဒီ App ဟာ အစစ် အမှန်ရှိသလို လူတွေရဲ့ အကြိုက်ကိုလိုက်ပြီး မသမာသူတွေက အတုကို တီထွင်ခဲ့ကြတာပါ၊ ကျွန်တော်တို့ လေ့လာရသလောက်တော့ ဒါ အာဇာနည်နေ့ကို မလိုသူတွေနဲ့ သမိုင်းကို ဖျောက်ဖျက်ချင်တဲ့ သူတွေ ပက်သက်တဲ့ အသိုင်းအ၀ိုင်းတွေက လုပ်တာဖြစ်နိုင်ပါတယ်” ဟု ပြောခဲ့ပါသည်။

လူသိမကြွယ်သေးတဲ့ ဖုန်းဗိုင်းရပ်စ်ဆိုရင်ဖြင့် မိမိဖုန်းအတွင်း ၀င်ရောက်ခဲ့ပြီဆိုလျှင် အသုံးပြုသူတွေရဲ့ သတင်း အချက်အလက်တွေခိုးယူနိုင်သလို၊ သင်အသုံးပြုနေသည့် Account Password များ၊ Photo များ နှင့် Data များကိုပါ ရယူနိုင်ပါတယ်။ ထို့ကြောင့် ထို App အား အတုအစစ်ခွဲခြားပြီးမှ သာလျှင် သုံးဆွဲသင့်ကြောင့် အသိ ပေးလိုက်ရပါသည်။

Credit to Myanmar IT Group

No comments:

Post a Comment