Wednesday, July 16, 2014

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက ဖြုတ်ယူသွားသည့်အလံ တက္ကသိုလ်တာဝန်ရှိသူများပြန်ပေး


Photo: ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက ဖြုတ်ယူသွားသည့်အလံ တက္ကသိုလ်တာဝန်ရှိသူများပြန်ပေး 
Wednesday, July 16, 2014

ဒဂုံတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုကြောင့် ဒဂုံတက္ကသိုလ် တာဝန်ရှိသူများက ဖြုတ်သိမ်းသွားသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ထားရှိသည့် ခွပ်ဒေါင်းအလံနှင့် ဆိုင်းဘုတ်ကို တက္ကသိုလ် တာဝန်ရှိသူများက ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆရာများသမဂ္ဂမှတစ်ဆင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း အဆိုပါသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။ 

ယင်းအလံကို ဇူလိုင်လ ၉ ရက်နေ့တွင် တက္ကသိုလ်လုံခြုံရေး တာဝန်ရှိသူများက ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြုတ်သိမ်းမှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီက ဒဂုံတက္ကသိုလ်ကျောင်းသား လေးဆယ်ခန့် ကျောင်းဧရိယာအတွင်း ပါမောက္ခချုပ်နှင့် ကျောင်းအာဏာပိုင်များကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းကဲ့သို့ အလံဖြုတ်ယူခဲ့ခြင်းအတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံဆန္ဒပြရန် ဆုံးဖြတ်ကာ ကျောင်းသားများ သိစေရန် ကြေညာခဲ့သောကြောင့် ယင်းသို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရှိရသည်။

“ကျောင်းသားသမဂ္ဂကို အသိမပေးဘဲ အချိန်မတော် ညဘက်ဖြုတ်သိမ်းတာဟာ လူကြီးလူကောင်းမဆန်တာ။ စော်ကားတာလို့ သတ်မှတ်တယ်။ ကျောင်းသားတွေရှိတဲ့အချိန် အလံကို လာဖြုတ်သင့်တယ်လေ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက ဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂက ကြားဝင် စေ့စပ်မှုကြောင့် ခွပ်ဒေါင်းအလံကို ပြန်လည်ပေးအပ်ပေးရန် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုခဲ့သည့်အတွက် ကျောင်းသားသမဂ္ဂထံ အလံပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေါက်တာအာကာမိုးသူက ပြောကြားသည်။

“ခေါ်ယူညှိနှိုင်းရမယ့် ကိစ္စမျိုးကို ညပိုင်းအလံဖြုတ်တဲ့အတွက် ကျောင်းသားတွေ မခံမရပ်နိုင်ဖြစ်လို့ ဆန္ဒပြကြတယ်။ အလံကိုဖြုတ်တာ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဂုဏ်သိက္ခာအရ စော်ကားသလို ဖြစ်တယ်။ မလုပ်သင့်ဘူးထင်တယ်။ ကျောင်းသားတွေ ဆန္ဒပြတယ် ဆိုတာကလည်း ကျောင်းကပုဂ္ဂိုလ်ကို တိုက်ခိုက်တာထက် တက္ကသိုလ်ထဲကြီးစိုးနေတဲ့ စနစ်ကို တိုက်ခိုက်တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ကျောင်းသားများ စာအုပ်ငှားရမ်းဖတ်ရှုနိုင်ရန် သမဂ္ဂစာကြည့်တိုက်ကို ဖွင့်လှစ်ထားပြီး၊ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် အဖွဲ့ဝင်ပေါင်း တစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
ဒဂုံတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုကြောင့် ဒဂုံတက္ကသိုလ် တာဝန်ရှိသူများက ဖြုတ်သိမ်းသွားသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ထားရှိသည့် ခွပ်ဒေါင်းအလံနှင့် ဆိုင်းဘုတ်ကို တက္ကသိုလ် တာဝန်ရှိသူများက ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆရာများသမဂ္ဂမှ တစ်ဆင့် ပြန်လည် ပေးအပ် ခဲ့ကြောင်း အဆိုပါသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက ပြောကြားသည်။

ယင်းအလံကို ဇူလိုင်လ ၉ ရက်နေ့တွင် တက္ကသိုလ်လုံခြုံရေး တာဝန်ရှိသူများက ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး
ယင်းသို့ ဖြုတ်သိမ်းမှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီက ဒဂုံတက္ကသိုလ်ကျောင်းသား လေးဆယ်ခန့် ကျောင်းဧရိယာအတွင်း ပါမောက္ခချုပ်နှင့် ကျောင်းအာဏာပိုင်များကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းကဲ့သို့ အလံဖြုတ်ယူခဲ့ခြင်းအတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံဆန္ဒပြရန် ဆုံးဖြတ်ကာ ကျောင်းသားများ သိစေရန် ကြေညာခဲ့သောကြောင့် ယင်းသို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရှိရသည်။

“ကျောင်းသားသမဂ္ဂကို အသိမပေးဘဲ အချိန်မတော် ညဘက်ဖြုတ်သိမ်းတာဟာ လူကြီးလူကောင်းမဆန်တာ။ စော်ကားတာလို့ သတ်မှတ်တယ်။ ကျောင်းသားတွေရှိတဲ့အချိန် အလံကို လာဖြုတ်သင့်တယ်လေ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက ဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂက ကြားဝင် စေ့စပ်မှုကြောင့် ခွပ်ဒေါင်းအလံကို ပြန်လည်ပေးအပ်ပေးရန် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုခဲ့သည့်အတွက် ကျောင်းသားသမဂ္ဂထံ အလံပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေါက်တာအာကာမိုးသူက ပြောကြားသည်။

“ခေါ်ယူညှိနှိုင်းရမယ့် ကိစ္စမျိုးကို ညပိုင်းအလံဖြုတ်တဲ့အတွက် ကျောင်းသားတွေ မခံမရပ်နိုင်ဖြစ်လို့ ဆန္ဒပြကြတယ်။ အလံကိုဖြုတ်တာ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဂုဏ်သိက္ခာအရ စော်ကားသလို ဖြစ်တယ်။ မလုပ်သင့်ဘူးထင်တယ်။ ကျောင်းသားတွေ ဆန္ဒပြတယ် ဆိုတာကလည်း ကျောင်းကပုဂ္ဂိုလ်ကို တိုက်ခိုက်တာထက် တက္ကသိုလ်ထဲကြီးစိုးနေတဲ့ စနစ်ကို တိုက်ခိုက်တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ကျောင်းသားများ စာအုပ်ငှားရမ်းဖတ်ရှုနိုင်ရန် သမဂ္ဂစာကြည့်တိုက်ကို ဖွင့်လှစ်ထားပြီး၊ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် အဖွဲ့ဝင်ပေါင်း တစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

No comments:

Post a Comment