Wednesday, July 16, 2014

တိုက်ပွဲကြောင့် ပြည်သူများ တိမ်းရှောင်နေရမှု အရေးကြီးအဆိုကို မှတ်တမ်းတင်ရန် ဆုံးဖြတ်

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း၊ တောင်ပိုင်း)(SSA) တို့ ဖြစ်ပွားနေသည့်တိုက် ပွဲများကြောင့် ဒေသခံ ပြည်သူများ လုံခြုံမှုမရှိတော့သဖြင့် စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးခက်ခဲခြင်း၊ စိုက် ပျိုးရာသီတွင် အခက်အခဲကြုံတွေ့နေရသည့်အပေါ် အမတ်တစ်ဦးက အဆိုတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက“ ဒီအဆိုနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားရှိဖို့ ပြီးတဲ့အခါ
မှာမှတ်တမ်းတင်ထားရှိရုံနဲ့ မပြီးသေးဘူး။ ဒီဟာကို စောင့်ကြည့်ပြီးတဲ့အခါမှာ ကျွန်တော်တို့လွှတ်တော်က စောင့်ကြည့်ပြီးတဲ့အခါမှာ လိုအပ်တဲ့အရာတွေဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်”ဟု ဆွေးနွေးကာ လွှတ်တော် ၏သဘောထားကို မေးမြန်းကာ မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယနေ့ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ၀မ်ပမ်ကျေးရွာ အုပ်စု၊၀မ်ပမ်ကျေးရွာ တာဖာဆောင်တံတားတွင် ဇွန်လ ၂၆ ရက် မှ ယနေ့တိုင် နှစ်ဖက်တပ်များတိုက်ပွဲများ ဖြစ်ပွားနေ၍ ကျေးသီးမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ် ဦးစိုင်းအွမ်ဆိုင်မိုင်းက အရေးကြီးအဆိုတင်သွင်း ခဲ့ပြီးကွန်ဟိန်းမြို့ နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါ နုကထောက်ခံဆွေးနွေးခဲ့သည်။

ဦးစိုင်းအွမ်ဆိုင်မိုင်းက ၀မ်ပမ်ကျေးရွာ။ တာဖာဆောင်တံတာပတ်ဝန်းကျင်ရှိ ၀မ်ပမ်ကျေးရွာ၊ ဖာဆောင် ကျေးရွာ၊ ငူးလိန်ကျေး ရွာ၊ လွယ်ခေါ်ကျေးရွာရှိ ရဟန်း ၅၂ ပါး။ ပြည်သူ ၂၀၀ (ကျား ၁၄၊ မ ၈၈နှင့် ကလေး ၉၃ ဦး) ခန့်သည် ၀မ်ပမ်ရွာရှိ၊ ၀တ့်ဝမ်ပမ် ဘုန်းကြီးကျောင်းသို့ စစ်ရှောင်နေရပြီး စစ်ရေးလှုပ်ရှားမှုများ ကြောင့် ပြောင်းခင်း ၁၄၀ ဧကခန့်၊ မြေပဲ ၂၅ ဧကခန့်နှင့် လယ် ယာမြေ ၃၅ ဧကခန့် စုစုပေါင်း ဧက ၂၀၀ ခန့် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဒေါ်နန်းဝါနုက“ကျန်တဲ့ အမျိုးသားတွေကတခြားနည်းနဲ့ ရှောင်နေကြရပါ တယ်”ဟု ဆိုသည်။“ကျေးလက်နေ ပြည်သူများလုပ်ငန်း ခွင်များပျက်စီးခဲ့ရသည့်အပြင် ပဋိပက္ခနယ်မြေများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံ ရမှုများလည်း ရှိနေကြောင်း သိရပါတယ်” ဟု ဖြည့်စွက်ပြောသည်။

ပြည်သူ့လွှတ်တော်တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်ရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်း ဇော်နှင့်ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်ကျော်ညွန့်က ဆွေးနွေးခဲ့ပြီး ဦးသိန်းဇော်ကသက် ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်နေသည့် လုပ်ငန်းများ ဖြစ်၍ လွှတ်တော်ကမှတ်တမ်းတင်ရန် တိုက် တွန်းခဲ့သည့်အတိုင်း မဲခွဲဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်း ဇော်ကဇူလိုင် လ ၈ ရက်က သမ္မတရုံးဝန်ကြီးဌာန(၄)တွင် ရှမ်းပြည်တပ်မတော်(၀မ်ဟိုင်း)နှင့် ၎င်းတို့၏ ကော်မတီတို့တွေ့ဆုံရာတွင် လက်ရှိဖြစ်ပေါ်နေသော ဖာဆောင်တံတားတွင် နှစ်ဖက်တပ်များ ထိပ်တိုက် ရင်ဆိုင်မှုကိစ္စ၊ သတ်မှတ်ထားသော ကတိက၀တ်များလိုက်နာကြပြီး စစ်ရေးတင်းမာမှုများမပေါ် ပေါက်ရေး ကိစ္စ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

လက်ရှိအခြေအနေတွင် နှစ်ဖက်တပ်များရင်ဆိုင်မှုရှိသော်လည်း ပတ်ခတ်တိုက်ခိုက်မှုများကို နှစ်ဖက်ထိန်း သိမ်းနိုင်သော်လည်း ဒေသခံများလယ်ယာလုပ်ငန်းခွင် မ၀င်ရောက်နိုင်သေးဟု ၎င်းကပြောသည်။

ဆွေးနွေးမှုများကို ပြည်သူ့လွှတ်တော်ငြိမ်းချမ်းရေးကော်မတီဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးဗဟိုကော်မတီသို့တင်ပြထားပြီး ဆက်လက်ဆောင်ရွက်ရမည်များကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များသို့ အသိပေးထားသည်ဟု ဦးသိန်းဇော်က ပြောသည်။

သို့သော်ရှမ်းပြည်တပ်မတော်ဘက်မှ ဆွေးနွေးချက်များကို ဆက်လက်အကောင် အထည်ဖော်ရန် ဗဟို ကော်မတီအစည်းအဝေးများ ပြုလုပ်နေဆဲသာဖြစ်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ရှမ်းပြည်တပ်မတော်သည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလက တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူ ညီခဲ့သည့် တပ်နေရာချထားရေးကိုမလိုက်နာ၍ ယခုကဲ့သို့ဖြစ်ပွားခြင်းဟု စွပ်စွဲပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment