Thursday, July 3, 2014

အရပ်သားဖြစ်ခြင်းသည် ရခိုင်ပဋိပက္ခ ဖြေရှင်းရေးအတွက် အားသာချက်ဟု ဦးမောင်မောင်အုန်းဆို

ဗိုလ်ချုပ်အဆင့် တပ်မတော်သားနယ်စပ်ရေးရာ ဒု-၀န်ကြီးအဖြစ်မှ အရပ်သားဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ လိုက်ခြင်းသည် ရခိုင်တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ပိုမိုရရှိစေပြီး ရခိုင်ပြည်နယ်အရေး ဆောင် ရွက်ရာတွင် အားသားချက်တစ်ခုဖြစ်လာမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ဇွန် ၂ ရက်တွင် ပြောကြားသည်။ 


ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းသည် သမ္မတ၏ ညွှန်ကြားချက်အရ ဇွန် ၂ ရက် တွင် အရပ်သားဝန်ကြီးချုပ်အဖြစ ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

“ဒီမိုကရေစီခေတ်ဆိုတော့ ပြည်သူက ဒီမိုကရေစီပုံစံနဲ့သွားတာ ပိုကြိုက်တယ်။ အရပ်သားဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်တာက လုပ်ငန်းပိုင်းမှာ ပိုထိရောက်မယ်လို့ ယူလည်းယူဆပါတယ်”ဟု ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ်မြို့နယ်အများစုသည် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းနှင့် ၀န်ကြီးချုပ်သည် တပ်မတော်သားတစ်ဦးဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ်ကို စစ်တပ်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်သကဲ့သို့ ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားများက ထင်မြင်ချက်များ ရှိခဲ့သေးသည်။

ကျောက်တော်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက “၀န်ကြီးချုပ်က စစ်ဗိုလ်ချုပ်တစ်ယောက်ဆိုတာ ထက်စာရင် အရပ်သားတစ်ယောက်ဆိုတာ နှစ်ဖက်စလုံးအတွက် ပိုကောင်းတဲ့အနေအထားပါ။ ဒါပေမဲ့ ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အ၀ရဖို့လိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်အစိုးရက ဘတ်ဂျက်ငွေ ၁၅ သန်းချထားပေးပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဟု ဦးမောင်မောင်အုန်းက ဆိုထားသည်။

ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ၀န်ကြီးချုပ် မဖြစ်ခင်ကပင် စစ်တွေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်အရေးပေါ် ညှိနှိုင်းရေးကော်မတီ(ECC)တွင် ဒု-ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။


Mizzima

No comments:

Post a Comment