Friday, July 25, 2014

အော်ရီဒူးဖုန်းကတ်များ တရားဝင်မရောင်းချမီ စမ်းသပ်ခေါ်ဆိုမှု စတင်လုပ်ဆောင်

- အော်ရီဒူး အနေဖြင့် ဖုန်းကတ်များ မရောင်းချခင်အချိန်၌ နိုင်ငံတကာ လုပ်ထုံးလုပ် နည်းအတိုင်း အော်ရီဒူးမြန်မာ၏ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ စမ်းသပ်ခေါ်ဆိုမှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အော်ရီဒူးမှ သိရသည်။
''ကျွန်မတို့ရဲ့ မိသားစုဝင် ကိုယ်စားလှယ်တွေဆီကနေပြီး စမ်းသပ် ခေါ်ဆိုတာတွေ ကောင်းမကောင်း၊ လူကိုယ်တိုင်ကတစ်ဆင့်လဲ အကြံပြု နိုင်သလို လုံးလုံးလျားလျားလည်ပတ် နေပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ contact စင်တာကနေတစ်ဆင့်လဲ အကြံပြုနိုင် ပါတယ်။ ဒါမှလဲ ဘယ်နေရာတွေ မှာ ဖြေရှင်းရမယ်ဆိုတာသိပြီး ကျွန်မ တို့ စတင်မိတ်ဆက်မယ့် ဒီနှစ်ရဲ့တတိယ သုံးလပတ်အတွင်းမှာ ကျွန်မတို့ရဲ့ သုံးစွဲသူ မိဘပြည်သူများကို အ ကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေး နိုင်မှာဖြစ်ပါ တယ်''ဟု အော်ရီဒူး မြန်မာ၏ပြန်ကြားရေးမှ မသီရိကြာညိုမှ အင်တာနက်မှတစ်ဆင့်ပေးပို့ ပြောကြားသည်။
ဇူလိုင် ၂၃ရက်၌ အော်ရီဒူးဖုန်း ကတ်ဓာတ်ပုံများမှာ ဖေ့စ်ဘွတ်ခ်ပေါ် ၌ ရောက်ရှိခဲ့ပြီး
သုံးစွဲသူများမှာ အော်ရီဒူးဖုန်း အသုံးပြု၍ ဗွီဒီယို အစမ်းတင်ခြင်းများပြုလုပ်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် သိရှိရသည်။
အော်ရီဒူးဖုန်းကတ်အသုံးပြုသူ တစ်ဦးမှ ငါးမိနစ်စာ ဗွီဒီယိုဖိုင်တစ်ဖိုင်နှင့် ရှစ်မိနစ်စာ ဗွီဒီယိုဖိုင်တစ်ဖိုင် အား ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်ခဲ့ရာ အချိန် ငါးမိနစ်ကျော်ကျော်ကြာမြင့် ခဲ့သည်ဟု ၄င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍သုံး စွဲသူတစ်ဦးအားမေးမြန်းခဲ့ရာ လက် ရှိတွင် ဖြေဆိုခွင့် မရှိသေးကြောင်း ဖြေကြားခဲ့သည်။
ဇူလိုင် ၂၃ရက်က Myanmar mobileapp.com တွင် အော်ရီဒူးဖုန်း ကတ်၌ ငွေဖြည့်ရန်ခေါ်ဆိုရမည့် ဂဏန်းများ၊ ဖုန်းငွေစစ်ရသည့် နံပါတ် များ၊ အခြားလူတစ်ဦးသို့ ဖြည့်ပေး နိုင်သည့်ဂဏန်းများ ရေးသားဖော်ပြ ခဲ့ပြီး ငွေဖြည့်ကတ်ဂဏန်းမှာ စုစု ပေါင်း ၁၆လုံးရှိကြောင်း အဆိုပါ ရေးသားဖော်ပြချက်မှ သိရသည်။
အဆိုပါကိစ္စများနှင့် ပတ်သက် ၍ အသေးစိတ်သိရှိနိုင်ရန်အတွက် အော်ရီဒူးသို့မေးမြန်းခဲ့ရာ မီဒီယာ များ၏ဖြေကြားချက်များကို ဖြေဆို ရန်စီစဉ်ထားကြောင်း လက်ရှိအချိန်၌ မေးလ်ပေးပို့ခဲ့သည့်အတိုင်းသာ ဖြေ ကြားနိုင်မည်ဟု ပြန်လည်ပေးပို့ခဲ့သည်။

LS (myitmaka)

Yangon Media group

No comments:

Post a Comment