လက်ဘနွန်နိုင်ငံသား ဘောလုံးဒိုင်လူကြီး ၃ ဦးအား ပြည့်တန်ဆာ များဖြင့်
ဖျော်ဖြေပေးပြီး၎င်းတို့ တာဝန်ယူမည့် ဘောလုံးပွဲကို လုပ်ပွဲ လုပ်ခိုင်းသူ
စင်္ကာပူနိုင်ငံသား အသက် ၃၂ နှစ်ရှိ Eric Ding ကို ပြစ်မှုထင်ရှားသဖြင့်
တရားရုံးက ထောင်ဒဏ် ၃ နှစ် မနေ့က ချမှတ်ခဲ့သည်။
Eric Ding သည် ၂၀၁၃ ခုနှစ်က စင်္ကာပူကလပ် တန်းပနိစ်ရိုဗာ Tampinese Rover နှင့် အိန္ဒိယကလပ်အသင်း East Bengal တို့ ကစားမည့် AFC ဖုလားပွဲစဉ်တခုအတွက် တာဝန်ကျဒိုင် ၃ ဦးကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။

ဖီဖာကွင်းလယ်ဒိုင် Ali Sabbagh သည် Eric Ding ငှားပေးသော အမျိုးသမီးတဦးနှင့် လိင်ဆက်ဆံခဲ့ကြောင်း ၀န်ခံခဲ့ပြီး စင်္ကာပူတွင် ထောင်ဒဏ် ၆ လကျခံရလျက်ရှိသည်။ အရံဒိုင် ၂ ဦးဖြစ်သော Ali Eid နှင့် Abdallah Taleb တို့သည်လည်း ထောင်ဒဏ် ၃ လစီ ကျခံနေရကြောင်း သိရသည်။
ယင်းအပြင် ကွင်းလယ်ဒိုင်အား ဖီဖာက ဒိုင်လူကြီးတာဝန်မှ ရာသက်ပန်တားမြစ်လိုက်ပြီး ကျန်ဒိုင် ၂ ဦးကိုမူ ၁၀ နှစ်စီ ပိတ်ပင်လိုက်သည်။
Eric Ding ၏ရှေ့နေက အယူခံဝင်မည်ဟု တရားရုံးအား လျောက်လဲ၍ အာမခံတောင်းသော်လည်း တရားသူကြီးက တရားခံသည် ထွက်ပြေးတိမ်းရှောင်နိုင်သည့် အလားအလာရှိသည်ဟု ယူဆသဖြင့် အာမခံမပေးခဲ့ပေ။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment