Sunday, July 6, 2014

အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်ပဲပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်ပဲပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြော
Sunday, July 6, 2014

ပြည်သူ့အကျိုးကိုသာ အဓိကထား လုပ်ဆောင်နေသော အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်များသာ
ပေးအပ်၍ အဖွဲ့ချုပ်၏ လုပ်ငန်းများကိုသာ လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ရက်က ရွှေဂုံတိုင်လမ်း၊တော်ဝင်
နှင်းဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် မှ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အဖွဲ့ချုပ်မှာ လူငယ်တွေကို ဘယ်တော့မှ နေရာပေးဖို့အစီစဉ်မရှိဘူး သူတို့ကို တာဝန်ပေးဖို့ပဲရှိတယ် ဒီတာဝန်ကို သူတို့
ဘယ်လိုကြိုးစားရမယ်ဆိုတာကိုပဲ စဉ်းစားရမယ် နေရာယူဖို့မစဉ်းစားရဘူး။အာဏာပိုင် စနစ်မှာ အုပ်ချုပ်မှူးတွေကိုယ်တိုင်
တောင်မှ တာဝန်ကိုမှန်မှန်ကန်ကန်နားမလည်လို့ ရာထူးမပေးဘူး ဒါကြောင့် အဖွဲ့ချုပ်ကလည်း တာဝန်ပဲပေးမယ်။
လူငယ်တွေကို နေရာမပေးဘူး။တချို့ လူငယ်တွေဟာ လူကြီး တွေပယ်ပေးဖို့အချိန်ရောက်ပြီး ငါတို့လူငယ်တွေနေရာယူဖို့
အချိန်ရောက်ပြီးလို့တွေးနေပါလိမ့်မယ်။ကျွန်မ အဖွဲ့ချုပ်ကို ဝင်တော့ အသက် ၄၀ပဲရှိပါသေးတယ်။ဒါကြောင့် အလုပ်လုပ်တဲ့
အခါမှာ လူကြီးစိတ်မွေးပြီး။ လုပ်တယ် ပေါင်းသင်းတဲ့နေရာမှာတော့ လူငယ်စိတ်နဲ့ပေါင်းသင်းရမယ်။ဒါကြောင့် နေရာကို
ယူမယ်ဆိုတဲ့ အတွေးကို ပယ်ပြီးတော့၊ငါတာဝန်ကျေအောင် လုပ်မယ်ဆိုတဲ့စိတ်ကိုပဲ မွေးပါ”ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

၎င်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်လူငယ်ညီလာခံသို့ ကချင်ပြည်နယ်ဗဟိုညီလာခံ ကိုယ်စားလှယ် (၁၀)ဦး၊
ချင်းပြည်နယ်ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ မွန်ပြည်နယ် ဗဟိုညီလာခံကိုယ်စား လှယ်(၉)ဦး၊ ရှမ်းပြည်နယ် ဗဟို
ညီလာခံ ကိုယ်စားလှယ် (၁၀)ဦး၊ တနင်္သာရီတိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ မကွေးတိုင်း ဗဟိုညီလာခံ
ကိုယ်စားလှယ်(၁၀)ဦး၊ မန္တလေးတိုင်း ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ ဧရာဝတီတိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်
(၁၅)ဦး၊ ကရင်ပြည်နယ် ဗဟိုညီလာခံ ကိုယ်စားလှယ်(၉)ဦး၊ ကယား(၁)ဦး၊ စစ်ကိုင်တိုင်း(၅)ဦး၊ ကယား ဗဟိုညီလာခံ
ကိုယ်စားလှယ်(၅)ဦး၊ စစ်ကိုင်တိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ ရခိုင်ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ ပဲခူးတိုင်း
ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ မကွေးလူငယ်(၅)ဦး၊ ပဲခူးလူငယ်(၅)ဦး၊ မန္တလေးလူငယ်(၅)ဦး၊ ရန်ကုန်လူငယ်(၅)ဦး၊
ရန်ကုန် ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦးတို့ တက်ရောက်လာခဲ့ပြီး ယင်းလူငယ်များထဲမှ ရွေးချယ်၍ လိုအပ်နေသည့်
တာဝန်များကို ဆောင်ရွက် ခိုင်းသွားမည် ဖြစ်ကြောင်းသိရသည်။

ချစ်မင်းထွန်း
မြန်မာ့ခေတ်
ပည်သူ့အကျိုးကိုသာ အဓိကထား လုပ်ဆောင်နေသော အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်များသာပေးအပ်၍ အဖွဲ့ချုပ်၏ လုပ်ငန်းများကိုသာ လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ရက်က ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီ ခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် မှ ပြောကြား လိုက်ခြင်းဖြစ် သည်။

“အဖွဲ့ချုပ်မှာ လူငယ်တွေကို ဘယ်တော့မှ နေရာပေးဖို့အစီစဉ်မရှိဘူး သူတို့ကို တာဝန်ပေးဖို့ပဲရှိတယ် ဒီတာဝန်ကို သူတို့ဘယ်လိုကြိုးစားရမယ်ဆိုတာကိုပဲ စဉ်းစားရမယ် နေရာယူဖို့မစဉ်းစားရဘူး။အာဏာပိုင် စနစ်မှာ အုပ်ချုပ်မှူးတွေကိုယ်တိုင်တောင်မှ တာဝန်ကိုမှန်မှန်ကန်ကန်နားမလည်လို့ ရာထူးမပေးဘူး ဒါကြောင့် အဖွဲ့ချုပ်ကလည်း တာဝန်ပဲပေးမယ်။
လူငယ်တွေကို နေရာမပေးဘူး။တချို့ လူငယ်တွေဟာ လူကြီး တွေပယ်ပေးဖို့အချိန်ရောက်ပြီး ငါတို့လူငယ်တွေနေရာယူဖို့အချိန်ရောက်ပြီးလို့တွေးနေပါလိမ့်မယ်။ကျွန်မ အဖွဲ့ချုပ်ကို ဝင်တော့ အသက် ၄၀ပဲရှိပါသေးတယ်။ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာ လူကြီးစိတ်မွေးပြီး။ လုပ်တယ် ပေါင်းသင်းတဲ့နေရာမှာတော့ လူငယ်စိတ်နဲ့ပေါင်းသင်းရမယ်။ဒါကြောင့် နေရာကိုယူမယ်ဆိုတဲ့ အတွေးကို ပယ်ပြီးတော့၊ငါတာဝန်ကျေအောင် လုပ်မယ်ဆိုတဲ့စိတ်ကိုပဲ မွေးပါ”ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

၎င်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်လူငယ်ညီလာခံသို့ ကချင်ပြည်နယ်ဗဟိုညီလာခံ ကိုယ်စားလှယ် (၁၀)ဦး၊ချင်းပြည်နယ်ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ မွန်ပြည်နယ် ဗဟိုညီလာခံကိုယ်စား လှယ်(၉)ဦး၊ ရှမ်းပြည်နယ် ဗဟိုညီလာခံ ကိုယ်စားလှယ် (၁၀)ဦး၊ တနင်္သာရီတိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ မကွေးတိုင်း ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ မန္တလေးတိုင်း ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ ဧရာဝတီတိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၅)ဦး၊ ကရင်ပြည်နယ် ဗဟိုညီလာခံ ကိုယ်စားလှယ်(၉)ဦး၊ ကယား(၁)ဦး၊ စစ်ကိုင်တိုင်း(၅)ဦး၊ ကယား ဗဟိုညီလာခံကိုယ်စားလှယ်(၅)ဦး၊ စစ်ကိုင်တိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ ရခိုင်ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ ပဲခူးတိုင်းဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ မကွေးလူငယ်(၅)ဦး၊ ပဲခူးလူငယ်(၅)ဦး၊ မန္တလေးလူငယ်(၅)ဦး၊ ရန်ကုန်လူငယ်(၅)ဦး၊ရန်ကုန် ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦးတို့ တက်ရောက်လာခဲ့ပြီး ယင်းလူငယ်များထဲမှ ရွေးချယ်၍ လိုအပ်နေသည့်တာဝန်များကို ဆောင်ရွက် ခိုင်းသွားမည် ဖြစ်ကြောင်းသိရသည်။

ချစ်မင်းထွန်း
မြန်မာ့ခေတ်

No comments:

Post a Comment