Wednesday, July 9, 2014

ဂျာမနီ ဗိုလ်လုပွဲတက်ပြီ (ဘရာဇီး ၁ - ၇ ဂျာမနီ)

ဂျာမနီအသင်းဟာ အိမ်ရှင် ဘရာဇီးကို ပထမပိုင်းမှာ ၅ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုး စုစုပေါင်း ၇ ဂိုးသွင်းခဲ့ပြီး ဘရာဇီးဘက်ကတော့ ပွဲပြီးခါနီးမှာ အော်စကာက တစ်လုံး ပြန်သွင်းလို့ ပွဲအပြီး ရလဒ်မှာတာ့ ဂျာမနီက ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂျာမနီဘက်က ဂိုးသွင်းတဲ့သူတွေကတော့
မူလာ (၁၁ မိနစ်)
ကလိုဆာ (၂၃ မိနစ်)
တိုနီ ကရူးစ် (၂၄ နဲ့ ၂၆ မိနစ်)
ခက်ဒီရာ (၂၉ မိနစ်)
ရှာလေ (၆၉ နဲ့ ၇၉ မိနစ်)
ဂျာမနီက ကလိုဆာဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံး သွင်းသူ စံချိန် ချိုးသွားပါပြီ။ အခုဆိုရင် ၁၆ ဂိုးသွင်းထားပါတယ်။
မူလာကလည်း အခုကမ္ဘာ့ဖလားမှာဆိုရင် စုစုပေါင်း ၅ ဂိုးသွင်းပြီး ဒုတိယအများဆုံး ဂိုးသွင်းတဲ့သူ ဖြစ်နေပါတယ်။
နောက်ထပ် ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဟော်လန် ပွဲစဉ်က နိုင်တဲ့အသင်းနဲ့ ဂျာမနီဟာ ဗိုလ်လုပွဲမှာ ကန်ရမှာ ဖြစ်ပါတယ်။

BBC

No comments:

Post a Comment