Wednesday, July 16, 2014

ရမ်မာဆန် တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၁၀ ဦးသေ


 မြို့လယ်အပြင် နိုင်ငံတစ်ဝန်း တိုက်ခိုက်ခဲ့သော ရမ်မာဆန် မုန်တိုင်းကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး လူ ၁၅၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်။
ထို့အပြင် ဘဏ္ဍာရေးဈေးကွက်များ၊ အစိုးရရုံးများနှင့် ကျောင်းများ ပိတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးအရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
မုန်တိုင်းသည် အရှေ့ပိုင်းကျွန်းများကို ဖြတ်လာပြီးနောက် မနီလာတောင်ပိုင်းကို ၀င်တိုက်ခဲ့ရာ သစ်ပင်များ ပြိုလဲပြီး လျှပ်စစ်ဓါတ်အားလိုင်းများ
ဖြတ်တောက်ခဲ့ကာ ဓါတ်လိုက်သေဆုံးမှုများ ဖြစ်စေခဲ့သည်။
Ref: Reuters

Yangon Media group

No comments:

Post a Comment