Wednesday, July 16, 2014

မောင်တောနယ်စပ် အိမ်ထောင်စုလူဦးရေစာ၇င်း ကောက်ခံမှု တရားခံပြေးများရှိ၍ ငြင်းဆန်

Photo: မောင်တောနယ်စပ် အိမ်ထောင်စုလူဦးရေစာ၇င်း ကောက်ခံမှု တရားခံပြေးများရှိ၍ ငြင်းဆန်
Wednesday, July 16, 2014

ဇွန်လ ၁၀ ရက်မှ စတင်ကောက်ခံနေသည့် မောင်တောနယ်စပ်ဒေသ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှုများကို နယ်ခြားစောင့်ရဲနှင့် နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)တို့က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ တရားခံပြေးများရှိနေသည့် ကျေးရွာများ၌ စာရင်းကောက်ယူမှုကို ငြင်းဆန်နေကြကြောင်း သတင်းရရှိသည်။

မောင်တောနယ်စပ်ဒေသ တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက် ဘင်္ဂါလီဦးရေသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာ တွင် ရဲတပ်ကြပ်ကြီး အသတ်ခံရ မှုနှင့် ပတ်သက်၍လည်း ပြစ်မှု ကျူးလွန်သူများ ထွက်ပြေးတိမ်း ရှောင်နေခဲ့သည်။ အဆိုပါ ပြစ်မှု ကျူးလွန်သူများမှာ ဖြစ်စဉ်ဖြစ် ပွားမှု အချိန်ကြာမြင့်လာသည်နှင့် အမျှ ကျေးရွာများသို့ ပြန်လည်ဝင် ရောက်နေထိုင်မှုများ ရှိနေ ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

လူဦးရေစာရင်း ကောက်ယူ ခြင်းလုပ်ငန်းကို ယခင် နယ်စပ် ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ် ကဲမှုဌာနချုပ် (နစက) လက်ထက် ကလည်း နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး နစကဖျက်သိမ်းလိုက်ပြီးနောက် စာရင်းမကောက်နိုင်သည်မှာ တစ် နှစ်နီးပါးရှိနေပြီဖြစ်သည်။ နစက နေရာတွင် တာဝန်ယူလိုက်သည့် နယ်ခြားစောင့်ရဲ (BGP) ၏ ကွပ် ကဲမှုနှင့်အတူ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ် တားဆီးရေးအဖွဲ့ (မကဖ) အဖွဲ့က ပြန်လည်ကောက်ခံနေခြင်း ဖြစ် ကြောင်း စာရင်းလာကောက်သည့် မကဖအဖွဲ့ဝင်တစ်ဦးက  ပြော သည်။

မောင်တောမြို့နယ်အတွင်း လူဦးရေစာရင်း ကောက်ယူခြင်း ကို တိုင်းရင်းသားနေအိမ်များနှင့် ဘင်္ဂါလီကျေးရွာများတွင်ပါ တစ် အိမ်တက်ဆင်း ကောက်ယူနေ သော်လည်း ဘင်္ဂါလီအများစုမှာ စာရင်းကောက်ခံမှုကို ငြင်းဆန် ခြင်းများ ပြုလုပ်သည်ဟု မြို့မ မြောက်ရပ်ကွက်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးက ပြောကြားသည်။

ယခင် နစကလက်ထက် ကာလက လူဦးရေစစ်ဆေးရာတွင် နေအိမ်ရှိ လူအရေအတွက်ကို အိမ်ထောင်စုနှင့် တိုက်ဆိုင် စစ်ဆေးကာ မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းနှင့် အိမ်ထောင်စု၌ အမည်ရှိပြီး လူမရှိသူများကို BD ပြေးအဖြစ် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စာရင်းကောက်ယူမှု ကို ငြင်းဆန်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်း ၀တ္တရား နှောင့် ယှက်မှုဖြင့် တရားစွဲဆိုနိုင်သော် လည်း တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှုမရှိသေးကြောင်း၊ လွန်ခဲ့သည့် မတ်လ ၃၁ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ခံခဲ့ သည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက် ယူမှုတွင်လည်း ဘင်္ဂါလီများက ကောက်ယူမှုကို ငြင်းဆန်ခဲ့ပြီး ယင်းသို့ ငြင်းဆန်ခြင်းမှာ သန်း ခေါင်စာရင်းဥပဒေနှင့် ကိုက်ညီမှု မရှိသော်လည်း ငြင်းဆန်သူများ ကို အရေးယူ ဆောင်ရွက်ခဲ့မှုများ ယခုထိမရှိသေးကြောင်း ဥပဒေ ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

7 Day Daily

မောင်တောမြို့တွင်း တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
ဇွန်လ ၁၀ ရက်မှ စတင်ကောက်ခံနေ သည့် မောင်တောနယ်စပ်ဒေသ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှုများကို နယ်ခြားစောင့်ရဲနှင့် နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)တို့က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာ များတွင် ဆောင်ရွက်လျက် ရှိရာ တရားခံပြေးများ ရှိနေသည့် ကျေးရွာများ၌ စာရင်းကောက်ယူ မှုကို ငြင်းဆန်နေကြကြောင်း သတင်းရရှိသည်။

မောင်တောနယ်စပ်ဒေသ တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက်
ဘင်္ဂါလီဦးရေသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာ တွင် ရဲတပ်ကြပ်ကြီး အသတ်ခံရ မှုနှင့် ပတ်သက်၍လည်း ပြစ်မှု ကျူးလွန်သူများ ထွက်ပြေးတိမ်း ရှောင်နေခဲ့သည်။ အဆိုပါ ပြစ်မှု ကျူးလွန်သူများမှာ ဖြစ်စဉ်ဖြစ် ပွားမှု အချိန်ကြာမြင့်လာသည်နှင့် အမျှ ကျေးရွာများသို့ ပြန်လည်ဝင် ရောက်နေထိုင်မှုများ ရှိနေ ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

လူဦးရေစာရင်း ကောက်ယူ ခြင်းလုပ်ငန်းကို ယခင် နယ်စပ် ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ် ကဲမှုဌာနချုပ် (နစက) လက်ထက် ကလည်း နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး နစကဖျက်သိမ်းလိုက်ပြီးနောက် စာရင်းမကောက်နိုင်သည်မှာ တစ် နှစ်နီးပါးရှိနေပြီဖြစ်သည်။ နစက နေရာတွင် တာဝန်ယူလိုက်သည့် နယ်ခြားစောင့်ရဲ (BGP) ၏ ကွပ် ကဲမှုနှင့်အတူ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ် တားဆီးရေးအဖွဲ့ (မကဖ) အဖွဲ့က ပြန်လည်ကောက်ခံနေခြင်း ဖြစ် ကြောင်း စာရင်းလာကောက်သည့် မကဖအဖွဲ့ဝင်တစ်ဦးက ပြော သည်။

မောင်တောမြို့နယ်အတွင်း လူဦးရေစာရင်း ကောက်ယူခြင်း ကို တိုင်းရင်းသားနေအိမ်များနှင့် ဘင်္ဂါလီကျေးရွာများတွင်ပါ တစ် အိမ်တက်ဆင်း ကောက်ယူနေ သော်လည်း ဘင်္ဂါလီအများစုမှာ စာရင်းကောက်ခံမှုကို ငြင်းဆန် ခြင်းများ ပြုလုပ်သည်ဟု မြို့မ မြောက်ရပ်ကွက်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးက ပြောကြားသည်။

ယခင် နစကလက်ထက် ကာလက လူဦးရေစစ်ဆေးရာတွင် နေအိမ်ရှိ လူအရေအတွက်ကို အိမ်ထောင်စုနှင့် တိုက်ဆိုင် စစ်ဆေးကာ မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းနှင့် အိမ်ထောင်စု၌ အမည်ရှိပြီး လူမရှိသူများကို BD ပြေးအဖြစ် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စာရင်းကောက်ယူမှု ကို ငြင်းဆန်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်း ၀တ္တရား နှောင့် ယှက်မှုဖြင့် တရားစွဲဆိုနိုင်သော် လည်း တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှုမရှိသေးကြောင်း၊ လွန်ခဲ့သည့် မတ်လ ၃၁ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ခံခဲ့ သည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက် ယူမှုတွင်လည်း ဘင်္ဂါလီများက ကောက်ယူမှုကို ငြင်းဆန်ခဲ့ပြီး ယင်းသို့ ငြင်းဆန်ခြင်းမှာ သန်း ခေါင်စာရင်းဥပဒေနှင့် ကိုက်ညီမှု မရှိသော်လည်း ငြင်းဆန်သူများ ကို အရေးယူ ဆောင်ရွက်ခဲ့မှုများ ယခုထိမရှိသေးကြောင်း ဥပဒေ ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

7 Day Daily

မောင်တောမြို့တွင်း တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)

No comments:

Post a Comment