Tuesday, July 22, 2014

ရှေ့လုပ်ငန်းစဉ်များ၌ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်မှုရှိခြင်းနှင့် စိတ်ကောင်းစေတနာနှင့်ယှဉ်ပြီးဆောင်ရွက်ကြရမည်ဟု သူရဦးရွှေမန်းပြောကြား

ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပြောဆိုဆောင်ရွက်ရာတွင် စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နား လည်မှုရှိခြင်းနှင့် စိတ်ကောင်း စေတနာတို့ဖြင့် ယှဉ်တွဲဆောင်ရွက် မှုများ မလွှဲမသွေဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအား ပြောကြားသည်။သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးရဲထွန်း၏ တောင်းပန်မှုကို လက်ခံခဲ့ပြီးနောက် အဆိုပါဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယခုလ ၁၄ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းမေး မြန်းခဲ့သည့်မေးခွန်း၌ မူလကမေး မြန်းထားသည့်အကြောင်းအရာထက် ပိုမိုသော အကြောင်းအရာများပါ ဝင်ခဲ့သဖြင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနောင်လွှတ်တော် များ၌ မေးခွန်းများမေးသည့်အခါ တွင် မူလမေးထားသည့်အကြောင်း အရာမှတစ်ပါးကျန်သည့်မေးခွန်း များမမေးမြန်းရန်လွှတ်တော်၌သတိ ပေးပြောကြားခဲ့သည်။ ယင်းဖြစ် ရပ်နှင့်စပ်လျဉ်း၍ ဦးရဲထွန်းက ပြန် လည်တောင်းပန်လာခဲ့ကာတောင်းပန် မှုနှင့်ပတ်သက်၍ ''ယခုလိုလာ ရောက်တောင်းပန်တဲ့အတွက်ဝမ်းသာ မှုများရှိသလို ဦးရဲထွန်းရဲ့တာဝန် သိမှု၊ တာဝန်ယူမှုနဲ့သတ္တိရှိမှုကို အလေးပြုဂုဏ်ယူမိပါတယ်'' ဟု ယနေ့ပြည်သူ့လွှတ်တော်အစည်း အဝေးတွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ''ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်)က ပြီးခဲ့တဲ့အပတ်က မေးမြန်းခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် အပြန်အလှန်ကန့်ကွက်ရခြင်း ကိစ္စနှင့်ပတ်သက်၍ထိုကိစ္စအတွက် ၄င်းတွင် တာဝန်ရှိ၍ တောင်းပန်ပါ ကြောင်း၊ ယခုလ ၁၇ ရက် (ကြာသပတေးနေ့) က ကျွန်တော့် ထံလာရောက်တောင်းပန်ပါတယ်။ ကျွန်တော်ကတော့ယင်းကိစ္စအတွက် ကျေနပ်ပြီးသားဖြစ်ပါတယ်။ သို့ရာ တွင် ဦးရဲထွန်းက ယခုလိုလာ ရောက်တောင်းပန်တဲ့ အတွက်ဝမ်း သာမှုများရှိသလို ဦးရဲထွန်းရဲ့ တာ ဝန်သိမှု၊ တာဝန်ယူမှုနဲ့သတ္တိရှိမှုကို အလေးပြုဂုဏ်ယူမိပါတယ်။
''နောင်မှာ ထိုသို့မဖြစ်ဖို့ကိုလဲ လွှတ်တော်ကိုယ်စားလှယ်များကို ကောင်းသောသင်ခန်းစာ ပေးလိုက် တယ်လို့လဲ ယူဆပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ၂၈.၅.၂ဝ၁၄ ရက် ဒသမပုံမှန်အစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ ကျွန်တော့် အနေနဲ့ လွှတ်တော်ကိုတင်ပြထားခဲ့ တာရှိပါတယ်။လွှတ်တော်ရဲ့တင်ပြ ချက်အပိုဒ်(၂)ကတော့ လွှတ်တော် ကလဲ အလုပ်များစွာဖြင့် ကိုယ်စား လှယ်ကြီးများကို စောင့်ကြိုလျက် ရှိပါတယ်။ အလုပ်တွေကလဲတော် တော်များများရှိနေတော့ အချိန်မီ စနစ်တကျပြီးစီးသွားဖို့ ကိုယ်စား လှယ်များရဲ့ကျန်းမာရေးနှင့်စိတ်ချမ်း သာပျော်ရွှင်မှုရရှိကြပါစေ။
''အပိုဒ် (၃)မှာတော့ကိုယ်စား လှယ်များအချင်းချင်းဖြစ်စေ၊အခြား မည်သည့် အဖွဲ့အစည်းများဖြစ်စေ၊ ပြည်သူများနှင့်ဖြစ်စေ၊ မီဒီယာများ နှင့်ဖြစ်စေတွေ့ထိ၊ ဆက်ဆံ၊ လုပ် ဆောင်ရာတွင် စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊နားလည်မှုရှိခြင်းတို့ကို စိတ်ကောင်းစေတနာကောင်းနှင့် ယှဉ်တွဲ၍ဆောင်ရွက်နိုင်ကြပါစေ။
''အပိုဒ်(၄)မှာတော့ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ အမျိုး သား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးတို့သည် မဖြစ် မနေဆောင်ရွက်ရမည့်အမျိုးသားရေး တာဝန်ဖြစ်သည့်အတွက် ပြည်သူ့ ကိုယ်စားလှယ်များက ထိုကိစ္စကို အလေးထားပြီး ဆက်လက်တိုးမြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပန်ကြားတိုက်တွန်းရင်း ကြိုဆို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဆိုပြီး တင်ပြခဲ့ပါတယ်။
''ဒါကြောင့်ကျွန်တော်တို့ ရှေ့ကို သွားမယ့်ခရီး၊ ရှေ့ကိုလုပ်မယ့်လုပ် ငန်းတွေမှာ တစ်ဦးနှင့်တစ်ဦးပြော ဆိုဆောင်ရွက်တဲ့နေရာမှာ၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ပြောဆိုဆောင်ရွက်တဲ့ နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံ ခြင်း၊နားလည်မှုရှိခြင်းနဲ့စိတ်ကောင်း စေတနာတို့နဲ့ ယှဉ်တွဲဆောင်ရွက် ခဲ့ခြင်းများ ကျွန်တော်တို့အတွက် မလွဲမသွေဆောင်ရွက်မယ့်ကိစ္စများ ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်သတ္တ ပတ်အတွင်းက ဦးရဲထွန်းနဲ့ ကျွန် တော်အပြန်အလှန်ကန့်ကွက်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကို ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်'' ဟု အသိပေးတင်ပြသည်။
The Union Daily

No comments:

Post a Comment