Tuesday, July 29, 2014

၂၀၁၄-၁၅ ရာသီ အီတလီစီးရီးအေပွဲစဉ်ဇယား ထုတ်ပြန် ၊ သြဂုတ်(၃၀)တွင် စတင်ပြီး မေ(၃၁)တွင် အဆုံးသတ်မည်

Photo: ၂၀၁၄-၁၅ ရာသီ အီတလီစီးရီးအေပွဲစဉ်ဇယား ထုတ်ပြန် ၊ သြဂုတ်(၃၀)တွင် စတင်ပြီး မေ(၃၁)တွင် အဆုံးသတ်မည်
Tuesday,July 29, 2014 

အီတလီစီးရီးအေလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများသည် ၂ဝ၁၄-၁၅ ဘောလုံးရာသီအတွက် စီးရီးအေပွဲစဉ်ဇယားကို ပြီးခဲ့သည့် တနင်္လာနေ့က ရေးဆွဲထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ပွဲစဉ်ဇယားအရ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ချီယေဗိုအသင်းနှင့် အဝေးကွင်းပွဲ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲစဉ်(၃)တွင် အေစီမီလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ စီးရီးအေပြိုင်ပွဲမှာ စပိန်လာလီဂါနည်းတူ ပွဲစဉ်(၁၉)အထိသာ ရေးဆွဲခြင်းဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ပထမအကျော့အတိုင်း အိမ်၊ အဝေးပြောင်းလဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ စီးရီးအေအဖွင့်ပွဲစဉ်ကို ဩဂုတ်လ(၃ဝ) ရက်နေ့တွင် စတင်သွားမည်ဖြစ်ပြီး ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို မေလ(၃၁)ရက်နေ့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အဖွင့်ပွဲစဉ်(၁)တွင် ချီယေဗိုနှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့ရမည့်နည်းတူ အေစီမီလန်နှင့် လာဇီယို၊ ရိုးမားနှင့် ဖီအိုရင်တီးနားတို့ ဆုံတွေ့နေသည့်အတွက် ပွဲကောင်းများဖြင့် စတင်ဖွင့်လှစ်မည့် အနေအထားရှိနေသည့်အပြင် ယင်းပွဲစဉ်အတိုင်း နောက်ဆုံးပွဲစဉ်(၃၈)တွင်လည်း ပြန်လည်ဆုံတွေ့ရမည်ဖြစ်သည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်များအတွက် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရနိုင်သည့် အခြေအနေဖြစ်နေကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

Eleven Media Group
အီတလီစီးရီးအေလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများသည် ၂ဝ၁၄-၁၅ ဘောလုံးရာသီအတွက် စီးရီးအေပွဲစဉ်ဇယားကို ပြီးခဲ့သည့် တနင်္လာနေ့က ရေးဆွဲထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ပွဲစဉ်ဇယားအရ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ချီယေဗိုအသင်းနှင့် အဝေးကွင်းပွဲ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲစဉ်(၃)တွင် အေစီမီလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ စီးရီးအေပြိုင်ပွဲမှာ စပိန်လာလီဂါနည်းတူ ပွဲစဉ်(၁၉)အထိသာ ရေးဆွဲခြင်းဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို
ပထမအကျော့အတိုင်း အိမ်၊ အဝေးပြောင်းလဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ စီးရီးအေအဖွင့်ပွဲစဉ်ကို ဩဂုတ်လ(၃ဝ) ရက်နေ့တွင် စတင်သွားမည်ဖြစ်ပြီး ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို မေလ(၃၁)ရက်နေ့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အဖွင့်ပွဲစဉ်(၁)တွင် ချီယေဗိုနှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့ရမည့်နည်းတူ အေစီမီလန်နှင့် လာဇီယို၊ ရိုးမားနှင့် ဖီအိုရင်တီးနားတို့ ဆုံတွေ့နေသည့်အတွက် ပွဲကောင်းများဖြင့် စတင်ဖွင့်လှစ်မည့် အနေအထားရှိနေသည့်အပြင် ယင်းပွဲစဉ်အတိုင်း နောက်ဆုံးပွဲစဉ်(၃၈)တွင်လည်း ပြန်လည်ဆုံတွေ့ရမည်ဖြစ်သည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်များအတွက် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရနိုင်သည့် အခြေအနေဖြစ်နေကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

Eleven Media Group

No comments:

Post a Comment