Tuesday, July 29, 2014

ပြိုင်ဆိုင်မှုတွေကြောင့် ကြိုးစားချင်စိတ်တွေ ဒီဂရီမြင့်တက်ခဲ့ပါတယ်ဆိုတဲ့ ဖူးပွင့်သခင်

Photo: ပြိုင်ဆိုင်မှုတွေကြောင့် ကြိုးစားချင်စိတ်တွေ ဒီဂရီမြင့်တက်ခဲ့ပါတယ်ဆိုတဲ့ ဖူးပွင့်သခင်
Monday, July 28, 2014

အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် သူမရဲ့ အနုပညာတွေ အရှိန်အဟုန်ပြင်းစွာ စတင်လာပြီး ခုဆိုရင် ထုတ်လုပ်ရေးတော်တော်များများနဲ့ စာချုပ်ချုပ်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖူးပွင့်သခင်ဟာ ခုလည်း  မာန်ထက်ချီတိုက်နဲ့ ၅ကားမြောက် ဗီဒီယိုကားဖြစ်တဲ့ ယောက်ဖတောင်ကိုကျော် ယောက္ခမပင်လယ်ကိုဖြတ်မည်ဆိုတဲ့ ကားမှာ မင်းသားက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီကားအကြောင်းကို သူမက “ဒီကားက အိမ်ထောင်ရေးဇာတ်မဟုတ်ဘူး။ ချစ်သူဇာတ်ပေါ့နော်။ ညီမရည်းစားထားတာကို သိတော့ လိုက်ပြီးပြသနာရှာလို့ထွက်ပြေးရတာပေါ့။ အပျော်ဟာသလေးပါပဲ။ ဟာသက ညီမရိုက်တာ နည်းတယ်။ ပဲပြုတ်နံပြားရယ်၊ နောက်တစ်ကားက small ဆွဲသူများတဲ့၊ နောက် ဒီကားပေါ့။ မထွက်သေးတဲ့ဟာသက ကိုကျော်ကျော်ဗိုနဲ့ ၂ကားရှိသေးတယ်။ နှစ်ကိုယ်ခွဲရယ်၊ အာဒံဖွက်ခဲ့တဲ့ ပဟေဠိ ရယ်၊ ပေါ့။ ဟာသကတော့ နဲနဲခက်တယ်။ စီနီယာတွေလဲပြောကြတယ်။  ငိုအောင်လုပ်ရတာက လွယ်တယ်။ ရယ်အောင်လုပ်ရတာက ခက်တယ်တဲ့။ ဟာသက ခက်တယ်ပေါ့။ ဒါပေမဲ့ ကာရိုက်တာမျိုးစုံကတော့ ခက်တာပေါ့နော်။ ပျော်စရာပဲဖြစ်ဖြစ် ငိုစရာပဲဖြစ်ဖြစ် အားလုံးကခက်တာပါပဲ။ ညီမလဲအသစ်တစ်ယောက်ဖြစ်တဲ့တွက် တတ်နိုင်သလောက် ညီမကြိုးစားထားပါတယ်”တဲ့။

အနုပညာသက်တမ်း၂နှစ်ဆိုတဲ့အတိုင်းအတာမှာ သူမရဲ့အတွေ့အကြုံများက ပြိုင်ဆိုင်မှုတွေလဲရှိခဲ့ပါတယ်။ အဲ့ပြိုင်ဆိုင်မှုကြောင့်လဲ တိုးတက်မှုတွေရှိလာတယ်လို့ဆိုတဲ့ သူမက “ ကျောင်းမှာကတည်းက ညီမက အမြဲအပြိုင်ခံရတယ်။ ကျောင်းမှာဆို ညီမက အမြဲအဆင့်၁ ရတယ်။ အဆင့် ၁ရတဲ့ခါကျတော့ ဆရာမတွေကိုပဲ ဖားလို့ရသလိုလို အဲလိုပေါ့နော်။ ပြိုင်ဆိုင်မှုဆိုတာ ညီမငယ်ငယ်ကတည်းက ခံလာရတဲ့ ဒဏ်ပါပဲ။ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ ညီမဘယ်သူ့ကိုမှ မပြိုင်ခဲ့ဖူးဘူး။ ညီမဖက်ကတော့ အတတ်နိုင်ဆုံး ရယ်ထားပါတယ်။ ကိုယ်မပြိုင်ဘူး။ ကိုယ်ပြိုင်တဲ့သူကလဲ ဖူးပွင့်သခင်ပဲဖြစ်ရမယ်ဆိုတဲ့စိတ်ကို သွင်းထားတယ်။ ညီမက ဘယ်လိုစိတ်သွင်းထားလဲဆိုတော့ သူတို့အဲ့လိုပြိုင်တဲ့တွက် ညီမ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်သွင်းထားတယ်။ ဒီအနုပညာလမ်းမှာ လျှောက်နေရင်းနဲ့ တခါတလေ ချော်လဲတာရှိမယ် မရယ်။ ဘ၀ဒဏ်ပေါ့။ ဆွဲထူမဲ့သူမရှိရင် ကိုယ့်ဟာကိုယ် ထရတယ်။ အဲ့အခါကျတော့ သူတို့ရဲ့ပြိုင်ဆိုင်မှုတွေက အားအင်တွေဖြစ်တဲ့ပြင် ကြိုးစားချင်စိတ်တွေပေါ်လာတဲ့တွက် သူတို့ကို ကျေးဇူးတင်ပါတယ်”လို့ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar
အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် သူမရဲ့ အနုပညာတွေ အရှိန်အဟုန်ပြင်းစွာ စတင်လာပြီး ခုဆိုရင် ထုတ်လုပ်ရေးတော်တော်များများနဲ့ စာချုပ်ချုပ်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖူးပွင့်သခင်ဟာ ခုလည်း မာန်ထက် ချီတိုက်နဲ့ ၅ကားမြောက် ဗီဒီယိုကားဖြစ်တဲ့ ယောက်ဖတောင်ကိုကျော် ယောက္ခမပင်လယ်ကိုဖြတ်မည်ဆိုတဲ့ ကားမှာ မင်းသားက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီကားအကြောင်းကို သူမက “ဒီကားက အိမ်ထောင်ရေး ဇာတ်မဟုတ်ဘူး။ ချစ်သူဇာတ်ပေါ့နော်။



ညီမရည်းစားထားတာကို သိတော့ လိုက်ပြီးပြသနာရှာလို့ထွက်ပြေးရတာပေါ့။ အပျော်ဟာသလေးပါပဲ။ ဟာသက ညီမရိုက်တာ နည်းတယ်။ ပဲပြုတ်နံပြားရယ်၊ နောက်တစ်ကားက small ဆွဲသူများတဲ့၊ နောက် ဒီကားပေါ့။ မထွက်သေးတဲ့ဟာသက ကိုကျော်ကျော်ဗိုနဲ့ ၂ကားရှိသေးတယ်။ နှစ်ကိုယ်ခွဲရယ်၊ အာဒံဖွက်ခဲ့တဲ့ ပဟေဠိ ရယ်၊ ပေါ့။ ဟာသကတော့ နဲနဲခက်တယ်။ စီနီယာတွေလဲပြောကြတယ်။ ငိုအောင်လုပ်ရတာက လွယ်တယ်။ ရယ်အောင်လုပ်ရတာက ခက်တယ်တဲ့။ ဟာသက ခက်တယ်ပေါ့။ ဒါပေမဲ့ ကာရိုက်တာမျိုးစုံကတော့ ခက်တာပေါ့နော်။ ပျော်စရာပဲဖြစ်ဖြစ် ငိုစရာပဲဖြစ်ဖြစ် အားလုံးကခက်တာပါပဲ။ ညီမလဲအသစ်တစ်ယောက်ဖြစ်တဲ့တွက် တတ်နိုင်သလောက် ညီမကြိုးစားထားပါတယ်”တဲ့။

အနုပညာသက်တမ်း၂နှစ်ဆိုတဲ့အတိုင်းအတာမှာ သူမရဲ့အတွေ့အကြုံများက ပြိုင်ဆိုင်မှုတွေလဲရှိခဲ့ပါတယ်။ အဲ့ပြိုင်ဆိုင်မှုကြောင့်လဲ တိုးတက်မှုတွေ ရှိလာတယ်လို့ဆိုတဲ့ သူမက “ ကျောင်းမှာကတည်းက ညီမက အမြဲအပြိုင်ခံရတယ်။ ကျောင်းမှာဆို ညီမက အမြဲအဆင့်၁ ရတယ်။ အဆင့် ၁ရတဲ့ခါကျတော့ ဆရာမတွေကိုပဲ ဖားလို့ရသလိုလို အဲလိုပေါ့နော်။ ပြိုင်ဆိုင်မှုဆိုတာ ညီမငယ်ငယ်ကတည်းက ခံလာရတဲ့ ဒဏ်ပါပဲ။

ကျင့်သားရနေပါပြီ။ ဒါပေမဲ့ ညီမဘယ်သူ့ကိုမှ မပြိုင်ခဲ့ဖူးဘူး။ ညီမဖက်ကတော့ အတတ်နိုင်ဆုံး ရယ်ထားပါတယ်။ ကိုယ်မပြိုင်ဘူး။ ကိုယ်ပြိုင်တဲ့သူကလဲ ဖူးပွင့်သခင်ပဲဖြစ်ရမယ်ဆိုတဲ့စိတ်ကို သွင်းထားတယ်။ ညီမက ဘယ်လို စိတ်သွင်းထားလဲဆိုတော့ သူတို့အဲ့လိုပြိုင်တဲ့တွက် ညီမ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်သွင်းထားတယ်။ ဒီအနုပညာလမ်းမှာ လျှောက်နေရင်းနဲ့ တခါတလေ ချော်လဲတာရှိမယ် မရယ်။ ဘ၀ဒဏ်ပေါ့။ ဆွဲထူမဲ့သူမရှိရင် ကိုယ့်ဟာကိုယ် ထရတယ်။ အဲ့အခါကျတော့ သူတို့ရဲ့ပြိုင်ဆိုင်မှုတွေက အားအင်တွေဖြစ်တဲ့ပြင် ကြိုးစားချင်စိတ်တွေပေါ် လာတဲ့တွက် သူတို့ကို ကျေးဇူးတင်ပါတယ်”လို့ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

No comments:

Post a Comment