Thursday, July 17, 2014

အေအိုင် ဒီအက်စ် ပြန့်ပွါးမှုကို ၂ဝ၃ဝ အရောက်တွင် ထိန်းချုပ် နိုင်မည့် အလားအလာရှိ

17jl4
ကမ္ဘာတစ်ဝှမ်း အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွါးမှုကို ၂ဝ၃ဝ ခုနှစ် အရောက်တွင် ထိန်းချုပ် နိုင်မည့် အလားအလာ တစ်ရပ် ရှိနေကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ် အေဂျင်စီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်က ဆိုသည်။
အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု အရေအတွက် နှင့် အေအိုင်ဒီအက်စ်ဖြင့် သေဆုံးမှု အရေအတွက်များ လျော့ကျ လာကြ ကြောင်းလည်း
ထိုအစီရင်ခံစာက ဆိုသည်။ သို့ရာတွင် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး၏  လက်ရှိ အရှိန် အဟုန်မှာ ရောဂါ ပြန့်ပွါးမှုကို အဆုံးမသတ် နိုင်သေးဘဲ ရှိနေရာ၊ နိုင်ငံတကာ အနေဖြင့် ပိုမို ကြိုးပမ်း အားထုတ်ရန် လိုအပ် ကြောင်းလည်း အစီရင် ခံစာက တိုက်တွန်း ထားသည်။
အိတ်ခ်ျအိုင်ဗွီ ဆိုင်ရာ ဆေးဝါး လိုအပ် နေကြသူ အများစု အနေဖြင့် ထိုဆေးဝါးများ မရရှိကြ ကြောင်းလည်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) က သတိပေး ထားသည်။ ကမ္ဘာနှင့် အဝှမ်းတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူ ၃၅ သန်းခန့် ရှိကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ ၂ဝ၁၃ ခုနှစ်အတွင်း အသစ် ကူးစက်ခြင်း ခံရသူ ၂.၁ သန်းခန့် ရှိခဲ့ရာ၊ ၂ဝဝ၁ ခုနှစ်မှ ကိန်းဂဏန်း ဖြစ်သည့် ၃.၄ သန်း နှင့် နှိုင်းယှဉ်လျှင် ၃၈ ရာခိုင်နှုန်း လျော့ကျ သွားခြင်း ဖြစ်သည်။
အေအိုင်ဒီအက်စ်နှင့် ဆက်နွယ်သော သေဆုံးမှု များမှာ လွန်ခဲ့သော သုံးနှစ် အတွင်း ငါးပုံ တစ်ပုံခန့် လျော့ကျ သွားပြီး၊ တစ်နှစ်လျှင် ၁.၅ သန်းနှုန်း ရှိနေသည်။ အထူးသဖြင့် တောင်အာဖရိကနှင့် အီသီယိုပီးယား တို့တွင် အခြေအနေများ သိသိသာသာ တိုးတက် လာခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အခြေအနေ တိုးတက် လာရသော အကြောင်းရင်း များစွာ ထဲတွင် ဝေဒနာရှင်များ ဆေးဝါး ရရှိမှု တိုးတက် လာခြင်းလည်း ပါဝင်သည်။ အိတ်ခ်ျအိုင်ဗွီ ကူးစက် ပြန့်ပွါးမှု အလားအလာများ လျှော့ချရန် အတွက် လိင်တံထိပ် အရေပြား ဖြတ်ရန် ရွေးချယ်ခဲ့ ကြသော အမျိုးသား အရေအတွက် နှစ်ဆ များလာသည် ဟုလည်း ဆိုထားသည်။

No comments:

Post a Comment