Wednesday, July 23, 2014

ရခိုင်ပြည်နယ်အတွင်း ကျောင်းနေအရွယ်ကလေးလုပ်သားများ ပိုများလာ ဟု မြို့နယ် လူမှုကွန် ရက်များဆို

ကျောက်ဖြူ၊ ဇူလိုင် ၂၂- မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအ နိမ့်ဆုံး ရခိုင်ပြည်နယ်အတွင်း မြို့ နယ်ဒေသအသီးသီး ရှိ ကျောင်းနေ အရွယ်ကလေး များ ကျောင်းပညာ ရေးကို အပြီးပိုင်စွန့်လွှတ်ပြီး ပြင်ပ အလုပ်ခွင်များတွင် အတွေ့ များလာ သည်ဟု ရခိုင်ပြည်နယ်မှ မြို့နယ် လူမှုကွန်ရက်များ က ပြောကြားလိုက် သည်။

''ကျွန်တော်တို့ စစ်တွေမှာ တင် မဟုတ်ဘဲ ကျောက်ဖြူ၊ သံတွဲစတဲ့မြို့ နယ်တော်တော်များများကို လေ့လာ ပြီးပြောတာ ပါ။ ကျောင်းနေ အရွယ် ကလေးအလုပ်သမားက အရင့်အရင် နှစ်တွေကနဲ့ နှိုင်းယှဉ်ကြည့်ရင် ပို များလာတယ်လို့ပြောရမှာပါ။ ဒီကိစ္စ ဟာ အနာဂတ်ရခိုင်ပြည်နယ်အတွက် တော်တော်လဲရင်လေးစရာပါ။ ဒီလို ဖြစ်ရတာက မိဘတွေရဲ့ဆင်းရဲကျပ် တည်းမှုရဲ့အရင်းခံတစ်ရပ်ဆိုပေမယ့် စက်ရုံအလုပ်ရုံနှင့်
အလုပ်အကိုင် အခွင့်အလမ်းမရှိတာကလဲ အစိုးရ ပိုင်းကို အပြစ်တစ်ပိုင်းပြော ချင်ပါ တယ်''ဟု ကျောက်ဖြူလူမှုကွန်ရက် မှ ဦးဘိုကျန်ကဆိုသည်။

မိဘအုပ်ထိန်းသူများ၏ စီးပွား ရေးချို့တဲ့မှုဆိုင်ရာ အခက်အခဲအ ကြောင်း အမျိုးမျိုးကြောင့် အလုပ် လုပ်နေသည့် အသက်၁ဝနှစ်မှ ၁၅ နှစ်ကျောင်းနေ အရွယ် ယောက်ျား လေး၊ မိန်းကလေးများကို စားသောက် ဆိုင်၊ ဈေးဆိုင်၊ ထမင်းဆိုင်နှင့် လက် ဖက်ရည်ဆိုင် များတွင် ပိုမိုမြင့်တွေ့ လာရသည်ဟု စစ်တွေလူမှုကွန်ရက် မှ ကိုသန်းကျော်က ပြောသည်။

''သမီးမိဘတွေက တောင်ယာ သမားတွေပါ။ သမီးက (၆)တန်း အောင်ပြီး မိဘတွေကျောင်းဆက်မ ထားနိုင်တော့ ဘူး။ ကျောင်းထွက်ပြီး ကျောက်ဖြူမှာ စည်ပင်ကလမ်းခင်း တဲ့ အလုပ်မှာ တစ်နေ့ကို၁ဝဝဝကျပ် နဲ့ နှစ်လဝင်လုပ် ခဲ့ပါတယ် ။ နောက် တော့ပင်ပန်းဒဏ်မခံနိုင်လို့ ဦးလေး တစ်ယောက်ရဲ့ အကူအညီနဲ့ ထမင်း ဆိုင်မှာ စားနေ(ငြိမ်း) တစ်လမှာ ၁၆၀၀၀ ကျပ်နဲ့ လုပ်နေရပါတယ်'' ဟု မင်းပြားမြို့နယ်သူဌေးကုန်းကျေး ရွာမှ ကျောက်ဖြူမြို့သို့ လာရောက် အလုပ်လုပ်နေသည့် မိန်းကလေး တစ်ဦးက ပြောသည်။
အလုပ်လာလုပ်သည့် ကလေး ငယ်အများစုမှာ ကျေးလက်ဒေသများ မှ ဖြစ်ပြီး မိသားစု၏လတ်တလော စားဝတ်နေရေး အဆင်မပြေမှုများအ ပြင် ဆယ်တန်းအောင်ဘွဲ့ရပြီး အလုပ် အကိုင်မရှိသည့်ကျောင်းသူ၊ ကျောင်း သားများကို ပတ်ဝန်းကျင် များတွင် မြင်တွေ့လာရခြင်းဖြစ်ကြောင်း ဒေသ ခံတို့ကဆိုသည်။

စီးပွားရေးအဆင်မပြေ သည့် မိဘများအနေဖြင့် ငွေကြေးအကုန် ခံပြီး သားသမီးများကိုကြိုးစား၍ ပညာ သင်ပေးလိုစိတ် ကုန်ခမ်း လာမှု များ ကြောင့်လည်း အလုပ်လုပ်သူများပြား လာခြင်းဖြစ် နိုင်ကြောင်း ကျောက် ဖြူမြို့နယ်မှ အငြိမ်းစားပညာရေး မှူး ဦးဖြူလှအောင်က သုံးသပ်ပြော ဆိုသည်။
AYKKK(MMK)

Yangon Media Group

No comments:

Post a Comment