Wednesday, July 23, 2014

ရန်ကင်းခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူ သေဒဏ်ချမှတ်

ရန်ကုန်၊ ဇူလိုင် ၂၂- ရန်ကင်းခေါင်း ဖြတ်လူသတ်မှု ကျူးလွန်သူတရား ခံအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံးတွဲဖက်ခရိုင်တရားသူကြီး (၄)မှ ဇူလိုင် ၂၂ရက်တွင် သေဒဏ်ကျခံစေ ရန် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ ပိုင်းခရိုင် တရားရုံးမှ သိရသည်။

အဆိုပါ လူသတ်မှုကျူးလွန် သည်ဟု စွဲချက်တင်ထားခြင်းခံရသူ ချစ်ပိုအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-
၃ဝ၂(၁)(ခ)ဖြင့် ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံးမှ တွဲဖက် ခရိုင် တရားသူကြီး(၄) ဦးငြိမ်းမြင့်က လက်ခံစစ်ဆေးခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက်က ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ယင်းဥပဒေပုဒ်မ အရ သေမိန့်ပြစ်ဒဏ်ကို ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ အဆိုပါအမိန့်ကို တရားခံအနေဖြင့် ခုနစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ် တော်သို့ အယူခံဝင်နိုင်ကြောင်း အ ရှေ့ပိုင်းခရိုင်တရားရုံးမှသိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံးမှ တရားသူကြီးတစ်ဦးက ''ဒီအမှု က နိုင်ငံတော်ရဲ့ တရားဥပဒေစိုး မိုးမှုကို စိန်ခေါ်နေတဲ့ပုံစံလဲ ဖြစ် တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြီးသွားလို့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် အခုလိုအမိန့် ချတာလို့ သုံးသပ်ပါတယ်''ဟု ပြော သည်။

အဆိုပါအမှုကိုရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ရာ ရုံးချိန်း ၁၃ချိန်းခန့်ရှိခဲ့ပြီး ခရိုင်တရား ရုံးတွင် အမိန့်ချရန် လေးလခန့်ကြာ မြင့်ခဲ့သည်။
အဆိုပါ ပြစ်ဒဏ်နှင့်ပတ်သက် ပြီး ရန်ကင်းမြို့နယ်နေ ရန်ကုန် တိုင်းဒေသကြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးမျိုးခင်က ''ဒီပြစ်ဒဏ် ကတော့ ဝမ်းသာစရာတော့မဟုတ်ဘူး ပေါ့။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေး ဘက်ကကြည့်ရင် မျှတတယ်လို့ မြင် ပါတယ်။ ဒါမှ နောက်နောင်လဲ ဦးတို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက အား ကောင်းလာ မှာပေါ့''ဟု ပြောသည်။

KMZ

Yangon Media Group

No comments:

Post a Comment