Wednesday, July 9, 2014

လသားအရွယ် ကလေးငယ်တစ်ဦးကို ဘူတာရုံတစ်ခုမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကို ရဲတပ်ဖွဲဝင်က ဖမ်းဆီးအရေးယူ။

Photo: လသားအရွယ် ကလေးငယ်တစ်ဦးကို ဘူတာရုံတစ်ခုမှာ 
စွန့်ပစ်ခဲ့တဲ့ မိခင်ကို ရဲတပ်ဖွဲဝင်က ဖမ်းဆီးအရေးယူ။
Wednesday, July 9, 2014 

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ မန်ဟာတန် ရထားဘူတာရုံ တစ်ခုမှာ လသားအရွယ်ကလေးငယ် တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ မိခင်အား သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်က ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကလေးငယ်တစ်ဦးကို လူသွားလာလာမှု များပြားလှတဲ့ မန်ဟာတန် ရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကတော့ Frankea Dabbs လို့အမည်ရပြီး သူမရဲ့ အသက်၂၀သာ ရှိသေးတယ်လို့သိရပါတယ်။

Frankea Dabbs ဟာ သူမရဲ့ လသားအရွယ်သမီးငယ်လေးကို ရထားဘူတာရုံမှာ လွန်ခဲ့တဲ့ တနင်္လာနေ့က စွန့်ပစ်ခဲ့တယ်လို့သိရပြီး သူမဟာ အိမ်ခြေမဲ့သူတစ်ဦးဖြစ်တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲဝင်တွေက ပြောဆို ထားပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က နယူးယောက်မြို့ကို ရောက်ရှိလာပြီးနောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ Freankea က ရဲတပ်ဖွဲ့)င်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Frankea က သူမရဲ့ ယောင်္ကျားဖြစ်သူ သေဆုံးပြီးကတည်းက လသားရွယ်ကလေးငယ်ကို မစောင့်ရှောက်နိုင်လို့ စွန့်ပစ်ခဲ့ပတယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲဝင်ပြောခွင့်ရပုဂ္ဂိုလ် Stephen Davis ကပြောဆိုခဲ့ပါတယ်။

လသားအရွယ်သမီးငယ်လေးကိုရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူ Frankea Dabbs ကိုတော့ နယူးယောက်ရဲတပ်ဖွဲ့ဝင်တွေက် ဖမ်းဆီးအရေးယူကာ တရားစွဲဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Yangon Media Group
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ မန်ဟာတန် ရထားဘူတာရုံ တစ်ခုမှာ လသားအရွယ်ကလေးငယ် တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ မိခင်အား သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်က ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကလေးငယ်တစ်ဦးကို လူသွားလာလာမှု များပြား လှတဲ့ မန်ဟာတန် ရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကတော့ Frankea Dabbs လို့အမည်ရပြီး သူမရဲ့ အသက်၂၀သာ ရှိသေးတယ်လို့သိရပါတယ်။

Frankea Dabbs ဟာ သူမရဲ့ လသားအရွယ် သမီးငယ်လေးကို ရထားဘူတာရုံမှာ လွန်ခဲ့တဲ့ တနင်္လာနေ့က စွန့်ပစ်ခဲ့တယ်လို့သိရပြီး သူမဟာ
အိမ်ခြေမဲ့သူတစ်ဦးဖြစ်တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲဝင်တွေက ပြောဆို ထားပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က နယူးယောက်မြို့ကို ရောက်ရှိလာပြီးနောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ Freankea က ရဲတပ်ဖွဲ့)င်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Frankea က သူမရဲ့ ယောင်္ကျားဖြစ်သူ သေဆုံးပြီးကတည်းက လသားရွယ်ကလေးငယ်ကို မစောင့်ရှောက်နိုင်လို့ စွန့်ပစ်ခဲ့ပတယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲဝင်ပြောခွင့်ရပုဂ္ဂိုလ် Stephen Davis ကပြောဆိုခဲ့ပါတယ်။

လသားအရွယ်သမီးငယ်လေးကိုရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူ Frankea Dabbs ကိုတော့ နယူးယောက်ရဲတပ်ဖွဲ့ဝင်တွေက် ဖမ်းဆီးအရေးယူကာ တရားစွဲဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Yangon Media Group

No comments:

Post a Comment