Wednesday, July 9, 2014

အပြန်အလှန်အမှုဖွင့်ခဲ့ကြတဲ့ KTV မှာ ဖြစ်တဲ့ ရန်ပွဲ

Photo: အပြန်အလှန်အမှုဖွင့်ခဲ့ကြတဲ့ KTV မှာ ဖြစ်တဲ့ ရန်ပွဲ
Wednesday, July 9, 2014 

၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင်စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ နေသူမှာ တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့်
ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်းတို့နှင့်အတူ
ယာဉ်ဝင်းသစ်ရှိ လူကြီးမင်း KTV ဆိုင်သို့ သွားရောက်ပြီး KTV အခန်းတစ်ခန်းအား ၄င်းတို့မှလူမရှိဘူး အထင်ဖြင့် ဆွဲဖွင့်လိုက်ရာ KTV အခန်းအတွင်း သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊
မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက် မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊ ကျွန်းသာယာ ရပ်ကွက်၊ပဲခူးမြို့နှင့် အမည်မသိ အမျိုးသား(၂)ဦးတို့အားတွေ့ရပြီး တံခါးဖွင့်သည်ကိစ္စနှင့် စကားများကြရာ သန့်ဇင် ပါ(၅)ဦးမှ စိုးမင်း ပါ(၃)ဦးတို့အား အရှည်(၆)ပေ၊ လုံးပတ်(၃)လက်မခန့်ရှိ ၀ါးတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ခေါကြီးမှာ ထွက်ပြေးသွားခဲ့ပြီး စိုးမင်းနှင့် ဇင်ကိုကိုဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သန့်ဇင် ပါ (၅)ဦးတို့အား အရေးယူပေးပါရန် စိုးမင်းမှ တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၇/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၅/၁၁၄ အရ အမှုဖွင့်အရေးယူထားရှိခဲ့ပြီး

အလားတူ သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူမှလည်း ၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင် ၄င်းသည် လူကြီးမင်း KTV ဆိုင်တွင်အလုပ်လုပ်နေစဉ် ဆိုင်ရှေ့သို့ စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူသည် တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့် ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း၊ ကျဘမ်းလုပ် တို့နှင့်အတူ KTV ဆိုင်သို့ရောက်ရှိလာပြီး KTV အခန်းများအား လိုက်လံဖွင့်နေသဖြင့် ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊

ကျွန်းသာယာရပ်ကွက်နေသူမှ တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ နန်းလွင်ဦးအား ပါးရိုက်နေစဉ် အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက်မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့မှ ၀င်ရောက်တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ အနီးရှိပုလင်းများအား ရိုက်ခွဲပြီး ပုလင်းကွဲဖြင့် အောင်ကျော်မြင့်အား လိုက်လံထိုးခဲ့ရာ အောင်ကျော်မြင့်နှင့် နန်းလွင်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် စိုးမင်း ပါ(၃)ဦးတို့အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၈/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၄/၃၂၃/၁၁၄ အရ အပြန်အလှန် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Credit To: ပဲခူးမြို့ရဲ့ထူးခြားသတင်းများ
၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင်စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ နေသူမှာ တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့်
ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း တို့နှင့်အတူယာဉ်ဝင်း သစ်ရှိ လူကြီးမင်း KTV ဆိုင်သို့ သွားရောက်ပြီး KTV အခန်းတစ်ခန်းအား ၄င်းတို့မှလူမရှိဘူး အထင်ဖြင့် ဆွဲဖွင့်လိုက်ရာ KTV အခန်းအတွင်း သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊
ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက် မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊ ကျွန်းသာယာ ရပ်ကွက်၊ပဲခူးမြို့နှင့် အမည်မသိ အမျိုးသား(၂)ဦးတို့အားတွေ့ရပြီး တံခါးဖွင့်သည်ကိစ္စနှင့် စကားများကြရာ သန့်ဇင် ပါ(၅)ဦးမှ စိုးမင်း ပါ(၃)ဦးတို့အား အရှည်(၆)ပေ၊ လုံးပတ်(၃)လက်မခန့်ရှိ ၀ါးတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ခေါကြီးမှာ ထွက်ပြေးသွားခဲ့ပြီး စိုးမင်းနှင့် ဇင်ကိုကိုဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သန့်ဇင် ပါ (၅)ဦးတို့အား အရေးယူပေးပါရန် စိုးမင်းမှ တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၇/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၅/၁၁၄ အရ အမှုဖွင့်အရေးယူထားရှိခဲ့ပြီး

အလားတူ သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူမှလည်း ၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင် ၄င်းသည် လူကြီးမင်း KTV ဆိုင်တွင်အလုပ်လုပ်နေစဉ် ဆိုင်ရှေ့သို့ စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူသည် တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့် ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း၊ ကျဘမ်းလုပ် တို့နှင့်အတူ KTV ဆိုင်သို့ရောက်ရှိလာပြီး KTV အခန်းများအား လိုက်လံဖွင့်နေသဖြင့် ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊

ကျွန်းသာယာရပ်ကွက်နေသူမှ တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ နန်းလွင်ဦးအား ပါးရိုက်နေစဉ် အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက်မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့မှ ၀င်ရောက်တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ အနီးရှိပုလင်းများအား ရိုက်ခွဲပြီး ပုလင်းကွဲဖြင့် အောင်ကျော်မြင့်အား လိုက်လံထိုးခဲ့ရာ အောင်ကျော်မြင့်နှင့် နန်းလွင်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် စိုးမင်း ပါ(၃)ဦးတို့အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၈/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၄/၃၂၃/၁၁၄ အရ အပြန်အလှန် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Credit To: ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

No comments:

Post a Comment