Saturday, July 5, 2014

၂၀၁၅တွင် နိုင်ငံ တစ်ဝန်းရှိ စီးပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီး ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးမည်

လာမည့်၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စီး ပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီးပေါင်း ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစွမ်းရည်မြှင့်တင်ခြင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝ များ တိုးမြှင့်ပေးရန်အတွက် Coca- Cola ကုမ္ပဏီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Pact တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
''ဒီအစီအစဉ်မှာ စွမ်းရည်မြှင့် တင်ပြီးတဲ့ အမျိုးသမီးတွေလဲ အများ ကြီး ပေါ်ထွက်လာတယ်။ အခုလက် ရှိလဲ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် တွေ ဆက်တိုက်လုပ်ပေးနေတယ်။ ၂၀၁၅မှာ အမျိုးသမီးပေါင်း ၂၄၅၀၀ ကို စွမ်းရည်မြှင့်တင်ပေးဖို့ စီစဉ်ထား ပါတယ်''ဟု Coca- Cola ၏သတင်း နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါစွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွင် အမျိုးသမီးများအတွက် ငွေကြေးထိန်း သိမ်းနည်းများ၊ စီးပွား ရေး အခြေခံသဘောတရားများနှင့် စီမံအုပ်ချုပ်မှုများကို သင်ကြားပေးပြီး စုငွေကိုအခြေခံသည့် အဖွဲ့ဘဏ်စနစ် ဖြင့် အိမ်ထောင်စုငွေကြေးလုံခြုံမှု မြင့်မားရန်နှင့် အသေးစားလုပ်ငန်း ငယ်များ စတင်နိုင်ရန် ပွင့်လင်းမြင် သာသော ငွေစု၊ ငွေချေးအဖွဲ့အစည်း များကို တည်ဆောက်နိုင်ရန် သင် ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
စွမ်းရည်မြှင့်သင်တန်းများအား ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း တို့တွင်ရှိသော မြို့နယ်ရှစ်မြို့နယ်မှ ကျေးရွာများတွင် သင်တန်းများပေး ကာ မြှင့်တင်ပေး လျက်ရှိပြီး ထိုအမျိုး သမီးများထဲမှ ကျူဝန်းရွာမှ အမျိုး သမီးတစ်ဦးဖြစ်သူ မလင်းလင်း၏ စွမ်းရည်မြှင့်တင်ခြင်းလုပ်ဆောင်ချက် များနှင့် မိသားစု ဘဝ တည်ဆောက်ပုံ ကို ရိုက်ကူးထားသော ဇာတ်လမ်း တိုကိုလည်း ရိုက်ကူးကာ တွစ်တာ နှင့် Coca- Cola ၏ ဘလော့ဂ်တို့ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ၂၀၁၂ခုနှစ် မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Coca- Cola ၏ ထောက်ပံ့ကူညီမှုဖြင့် တစ်ကမ္ဘာလုံးမှ အမျိုးသမီး ငါးသန်း ကျော်ကို စွမ်းရည်မြှင့်တင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment