Saturday, July 5, 2014

ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံစာရင်းတွင် မြန်မာအဆင့်သုံးဆင့် ခုန်တက်

ကမ္ဘာ့ တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံများ တွင် မြန်မာသည် ယခုနှစ် မတ်လအထိ စာရင်းများအရ အဆင့် သုံးဆင့်ခုန် တက်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇူလိုင် ၄ရက်က အမျိုးသားလွှတ်တော်တွင် ဖြေကြားမှုများအရ သိရသည်။

၂၀၁၄ခုနှစ် မတ် ၃၁ရက်အထိ စာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့် နိုင်ငံများ စာရင်း တွင် အောက်ဆုံး မှ ရေတွက်ပါက အဆင့် (၅)နေရာကို ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှုန်းသည် ၂၀၁၃ ခုနှစ်အတွင်းက ကမ္ဘာ့တယ် လီဖုန်းအသုံးပြုသည့် နိုင်ငံစာရင်း တွင် အောက်ဆုံးမှ ရေတွက်ပါက အဆင့်(၂)တွင် တည်ရှိခဲ့ခြင်းထက် တိုးတက် လာခြင်းလဲဖြစ်ကြောင်း ဒုဝန် ကြီး၏ လွှတ်တော်အတွင်း ဖြေကြား ချက်များအရ သိရသည်။


ဒုတိယဝန်ကြီး ဦးသောင်းတင် သည် ဇူလိုင် ၄ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး နေအောင်ဦး၏ အနာဂတ်တယ် လီဖုန်းကဏ္ဍအခြေအနေကိုမေးမြန်း မှုအပေါ် ပြန်လည်ဖြေကြားစဉ် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ဩဂုတ်လနဲ့စက်တင်ဘာမှာ ဆက်သွယ်ရေးလိုင်စင်ရထားတဲ့ အော်ပရေတာ နှစ်ဦးကလဲ စတင် ရောင်းချဖို့ရှိတဲ့အတွက် သုံးစွဲသူနှုန်း တိုးမြင့်လာဖို့ရှိပါတယ်''ဟု ဒုဝန်ကြီး က လွှတ်တော်တွင် ပြောသည်။
နောက်ပိုင်း တွင် အော်ပရေတာ များ၏ လုပ်ငန်းစတင်ဆောင်ရွက်လာ ပါက ဖုန်းသုံးစွဲသူဦးရေသည် ၅၀ ရာခိုင်နှုန်း အထိ မြင့်တက်မည်ဟု ခန့်မှန်းထားပြီး ၂၀၁၅-၁၆ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြု နိုင်ရန် လျာထားဆောင် ရွက်နေကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြား သည်။
အဆိုပါ ဒုတိယဝန်ကြီး၏ ဖြေ ကြားမှုများသည် အများပြည်သူသိသင့် သည့်အတွက် မြန်မာနိုင်ငံပြန်တမ်း တွင် ထည့်သွင်းဖော်ပြ ရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဒုတိယဝန်ကြီး ဦးသောင်းတင်က အခြား တပ်မတော် သား ကိုယ်စားလှယ်တစ်ဦး မေးမြန်း သည့် ကြိုးဖုန်းများ ကို ပြန်လည် ပေးသွင်းပါက ဌာနမှ မူလပေးသွင်း ငွေပြန်ပေးမည်လားဆိုသည့် မေးခွန်း နှင့် ကြိုးဖုန်းများကို ပြောင်းရွှေ့နေ ထိုင်ရာဒေသများသို့ ယူဆောင်သွားခွင့် ရရှိရန် ပြုလုပ်ပေးနိုင်ရန်အစီအစဉ် များရှိ/မရှိ စသည့်မေးခွန်များကိုလဲ တစ်ဆက်တည်းဖြေကြားခဲ့သည်။

ဒုတိယဝန်ကြီး ဦးသောင်းတင် က ''ကြိုးဖုန်းတွေကို ပြန်အပ်လို့ရှိ ရင် မူလပေးသွင်းငွေကို ပြန်ပေးဖို့ အစီအစဉ်မရှိသေး ပါဘူး''ဟု ပြော သည်။
ယင်းအပြင် နေရာရွှေ့ပြောင်း သူများအတွက် အခက် အခဲ ဖြစ်နေ သည့် ကြိုးဖုန်းများကို သယ်ဆောင် သွားခွင့်အတွက် ဆောင် ရွက်ပေးနိုင် ရန်အတွက် မြန်မာနိုင်ငံတွင် လုံ လောက်သည့် အိတ်ချိန်းနေရာတည် ဆောက်မှု အပိုင်းများ မရှိသေးသည့် အတွက် လတ်တလောတွင် ဆောင် ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဆက်လက်ဖြေကြားခဲ့ကြောင်း သိရ သည်။
K Z Y
[--Democracy today Daily Newspaper--]
Democracytoday
Yangon Media Group

No comments:

Post a Comment