Monday, July 28, 2014

ပြည်တွင်း မိုဘိုင်းဖုန်း အ၀င်-အထွက် ဖုန်းခေါ်မှုများ သတိထားနိုင်စေရန်

ပြည်တွင်းဖုန်းနံပါတ်များကို ပုံမှန်အတိုင်း 01××× 02××× 09××× တွေနဲ့ မဝင်လာပဲ မြန်မာနိုင်ငံ ဖုန်းနံပါတ်တွေရဲ့ Country Code +95××× နဲ့ msg or miss call တွေဝင်လာခဲ့ရင် အဲဒီအတိုင်း ပြန်မခေါ်ကြပါပဲ 01××× 02××× 09××× သို့ edit ပြန်လုပ်ပြီးမှသာ ခေါ်ဆိုကြပါဗျာ။

ဘာကြောင့်လည်းဆိုတော့ +95××× လို Country Code နံပါတ်တွေနဲ့ ဝင်လာတာကို edit မလုပ်ပဲ အဲဒီအတိုင်းပြန်ခေါ်မိရင် ပြည်တွင်း 1 မိနစ် ပုံမှန်နှုန်း 50 ကျပ်အစား နိုင်ငံတကာနှုန်း 1 မိနစ် 1000 ကျပ်နီးပါး bill ဖြတ်ခံရမှာဖြစ်ပါတယ်
(ကျနော်တော့ 1 min - 1000 Kyats အဖြတ်ခံလိုက်ရပြီးပြီ)

ဘာကြောင့်ဖြစ်ရတာလည်းဆိုတာကို မတောက်တခေါက်သိထားတာလေးနဲ့ ဥာဏ်မှီသလောက် စဉ်းစားကြည့်တော့ MPT က ယခု ဆက်သွယ်ရေးလိုင်စင်ရ Telenor, Ooredoo and YTP လို Carrier မတူတဲ့ Company Telecon Network တွေနဲ့ network ချိတ်ဖို့ လုပ်တာမှာ network management ညံ့ဖျင်းလို့ +95××× +66××× အဲလို Country code ခံလိုက်တာနဲ့ နိုင်ငံတကာ နှုန်းအတိုင်း ကောက်တဲ့ Program အလုပ်လုပ်ပြီး ကိုယ့်ပြည်တွင်းဖုန်းအချင်းချင်းလည်း နိုင်ငံတကာနှုန်း အတိုင်း ကောက်သွားခြင်းဖြစ်နိုင် တယ်လို့ တွေးမိပါတယ်။

ဒါကြောင့် +95××× လို Country Code နံပါတ်တွေနဲ့ ဝင်လာခဲ့ရင် ပြန်လည်ခေါ်ဆိုခြင်း မပြုပဲ ပုံမှန် 01××× 02××× 09××× စသည်ဖြင့် ပြန်လည်ပြောင်းလဲပြီး ခေါ်ဆိုမှသာ ပုံမှန်နှုန်းထား 50 ကျပ်သာ ကုန်ကျတော့မှာဖြစ်တယ်လို့ အသိပေးလိုပါတယ်။

Yangon Media Group

No comments:

Post a Comment