Monday, July 28, 2014

သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ မြစ်ကြီးနား တွင် တွေ့ဆုံဆွေးနွေးမည်

လိုင်ဇာ၊ ဇူလိုင် ၂ရ - သမ္မတရုံး ဝန်ကြီးဦးအောင်မင်းခေါင်းဆောင် သည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် လိုင်ဇာဆွေးနွေး ပွဲသို့ တက်ရောက်နေသည့် နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲမှု ဗဟိုညှိ နှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ ကချင် ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးရန် ရှိနေကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ အား အစိုးရ ၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အများအကြား နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေးအတွက် အပြီးသတ် ဆွေးနွေး မည့် ဆွေးနွေးပွဲ မတိုင်ခင် အကြိုဆွေးနွေးမှု အဖြစ် ဆွေးနွေး ရန်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေ က ပြောသည်။

''ကျွန်တော်တို့ဆီ ကတော့ ၁ ရက်နေ့ကို မြစ်ကြီးနားမှာတွေ့ဖို့ အင်န်စီစီတီကိုစာ ပို့ထားတယ်။ သူ တို့ တွေဆီကတော့ အကြောင်းမပြန် သေးဘူး၊ လိုင်ဇာ ကဆွေးနွေး ပွဲ နှစ်ခုအပြီး ရလာဒ်တွေနဲ့ပတ်သက် လို့အကြိုညှိနှိုင်းဖို ပါ''ဟု ဦးလှမောင် ရွှေ ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT ၏ ထိပ်တန်းခေါင်းဆောင် များ ဆွေးနွေး ပွဲကိုလက်ရှိအချိန်တွင် ကေအိုင် အိုဌာနချုပ်လိုင်ဇာ တွင် ပြုလုပ် ကျင်း ပ နေပြီး ယင်းဆွေးနွေး ပွဲ အပြီးတွင် အင်န်စီစီတီအဖွဲ့နှင့် အင်န်စီစီတီတွင် မပါသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဆက် လက်ဆွေးနွေး ရန်ရှိနေသည်။

ယခုကျင်းပနေသ ည့် လိုင်ဇာဆွေးနွေးပွဲများသည် အစိုးရ နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲမှု လက်မှတ်ရေး ထိုးနိုင်ရေး အတွက် နှစ်ဘက်ပူးပေါင်းရေးဆွဲ ထားသည့် အချက် ၁၂၂ ချက်ပါ အပစ် အခတ်ရပ်စဲ မှုဆိုင်ရာ မူကြမ်း နှင့်ပတ်သက်ပြီး ပြန်လည် သုံးသပ်ဆွေးနွေးနေခြင်းဖြစ် သည်။

လက်ရှိဆွေးနွေးပွဲ အတွင်း အစိုး ရနှင့် သဘောတူညီမှုမရရှိသေးသည့် တပ်နေရာချထားရေး၊ အပစ်ရပ်စောင့် ကြည့်လေ့လာရေးနှင့် ပစ်ခတ်တိုက် ခိုက်မှုဆိုင်ရာကိစ္စရပ်များကို လိုင်ဇာ ဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေး နေသည်။

STAL

Yangon Media Group

No comments:

Post a Comment