ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးလဲချောင်း အတွင်း ငါးဖမ်းနေသော
ဒေသခံရွာသား (၁၀) ဦးအား ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင် (၁၄) ရက် နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့ကြောင်း ယင်း ဒေသခံ များထံမှ သိရသည်။
အဆိုပါ ရွာသားများမှာ ကုန်းခါးကျေးရွာနှင့် သဖန်းပင် ကျေးရွာများ ၌ နေထိုင်သူများဖြစ်ကြပြီး ဇူလိုင် ၁၃ ရက် ည ၉ နာရီမှ ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီအထိ ချောင်း အတွင်း ငါးဖမ်းနေစဉ် KIA မှ လာရောက် ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ် ကြောင်း
ကုန်းခါးရွာသားတစ်ဦးက ပြောသည်။အဆိုပါ ရွာသားများမှာ ကုန်းခါးကျေးရွာနှင့် သဖန်းပင် ကျေးရွာများ ၌ နေထိုင်သူများဖြစ်ကြပြီး ဇူလိုင် ၁၃ ရက် ည ၉ နာရီမှ ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီအထိ ချောင်း အတွင်း ငါးဖမ်းနေစဉ် KIA မှ လာရောက် ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ် ကြောင်း
“KIA အဖွဲ့ဖမ်းသွားပြီဆိုတာနဲ့ ငွေနဲ့ပြန်ရွေးရမယ်ဆိုတာ တွက်ထားပြီးသားပါ၊ မရှိ ရှိတဲ့နေရာက ငွေချေးပြီး ပြန်ရွေးခိုင်းရ တာပေါ့၊ ဒါတောင် ဦးမျိုးဝင်းက သွားညှိနှိုင်းပေးလို့ ၅ သိန်းနဲ့ ပြီးသွားတာ ” ဟု ဖမ်းဆီးခံရသော ရွာသားတစ်ဦး၏ ဇနီးက ဆိုသည်။
KIA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသား (၁၀) ဦးအား သဖန်းပင်ကျေးရွာနေ ဦးမျိုးဝင်းမှ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီခန့် တွင် အောက်ဆားကျင်းရွာအနီးသို့ သွားကာ ငွေ (၅) သိန်းဖြင့် ပြန်ရွေးလာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ ရွာနားက လယ်တဲတွေမှာ ကချင်စစ်သားတွေ သေနတ်တကားကား နဲ့ ရောက်နေကြတယ်၊ ရွာအနီးမှာပဲ ငါးဖမ်းရမယ်၊ နယ်မြေမကျော်ရဘူးဆိုပြီး လာပြောတယ်၊ ငါးဖမ်းမှ ထမင်းစားရတဲ့ မိသားစုတွေ ဒုက္ခရောက်တာပေါ့၊ လယ်ယာစိုက်ချိန်မှာ ကချင်စစ်သားတွေ ရောက်နေတော့ မသွားရဲကြဘူး၊ အဖမ်းခံရမှာ ကြောက်လို့၊ အဖမ်းခံရရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်း တာလေ၊ မိသားစုတောင် စားဖို့အနိုင်နိုင်၊ ဖမ်းသွားရင် ပြန်ရွေးဖို့ ငွေမရှိလို့ ဒီအတိုင်း ထိုင်နေကြရတယ် ” ဟု အောက် ဆားဂျင်း ရွာသားတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ သဘာဝအတိုင်း စီးနေတဲ့ချောင်းမှာ ဒေသခံတွေ ငါးဖမ်းစားတယ်၊ ဒါကို KIA ကလာဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတယ်၊ ငါးဖမ်းမှ ထမင်းစားရတဲ့ ဆင်းရဲနွမ်းပါး ဒေသခံတွေဆီကတောင် ငွေတောင်းနေတာဆိုတော့ KIA ရဲ့လုပ်ရပ်က တော်တော် ရှက်စရာကောင်းပါတယ်၊ ငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ KIA ကတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ ပြောင်းမှာမဟုတ်ပါဘူး၊ ရှင်းရှင်းပြော ရရင် KIA ဆိုတာ ဒေသခံပြည်သူတွေအပေါ် အမြဲတမ်း အနိုင်ကျင့်နေတဲ့ သူပုန်အဖွဲ့ပါပဲ ” ဟု ပြောကြားသွားခဲ့သည်။
နေသွေး (ဗန်းမော်)
No comments:
Post a Comment