Tuesday, July 15, 2014

၁၂ တန်းပညာရေးစနစ် စတင်ပါက စာသင်ခန်းလိုအပ်ချက်များ ဖြစ်လာနိုင်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၄- ၁၂ တန်း ပညာရေးစနစ်စတင်ပါက စာသင် ခန်း လိုအပ် ချက်များဖြစ်လာနိုင်သည့် အတွက် ကြိုတင်ဖြည့်ဆည်းမှုများ လိုအပ်ကြောင်း ပညာရေးအရာရှိ အချို့က ပြောကြားလိုက်သည်။
ပညာရေးဝန်ကြီးဌာနမှ ၁၂ တန်းပညာရေးစနစ် (KG+543)ကို ၂၀၁၇-၁၈ တွင်အကောင်အထည် ဖော်နိုင်ရန် ကြိုးစားလျက်ရှိရာ ယင်းစနစ်သည် မူလတန်းနှင့် အလယ် တန်းတွင် တစ်တန်းစီတိုးရ မည်ဖြစ် သောကြောင့် စာသင်ခန်း လိုအပ်မှု များ ဖြစ်ပေါ်လာနိုင်သည့်အတွက် မစတင်မီ အချိန်တွင် စာသင်ခန်း အရေအတွက်ကို လုံလောက်စွာစီမံ ထားရှိရမည်ဟု အခြေခံပညာ အသိုင်းအဝိုင်းမှ အရာရှိများက ပြောသည်။

''ဒီစနစ်ကို လုပ်သင့်တယ်။ ဒါပေမဲ့ အထက်တန်းမှာ ဘာဖြစ် လို့တိုးရမလဲဆိုရင် ဆယ်တန်းပြီး ရင်၁၁တန်းကို ကျောင်းသားတွေ တက်ရမှာဖြစ်လို့ ၁၁ တန်းအတွက် စီစဉ်တဲ့ စာသင်ခန်းတွေလိုသလို၊ မူလတန်းအဆင့်မှာလည်း မူကြိုတန်း တစ်တန်းအတွက် စာသင်ခန်းလို မယ်''ဟု အမှတ်(၃) အခြေခံပညာဦးစီး ဌာနမှအရာရှိတစ်ဦးက ပြောသည်။
ယင်းစနစ်ကို အကောင် အထည် ဖော်မည်ဆိုပါက လိုအပ်သော အ ဆောက် အအုံနှင့် စာသင်ခန်းအတွက် လိုအပ်ပါက ဘတ်ဂျက်တိုးမြှင့် အသုံး ပြုရ မည်ဖြစ်ကြောင်း၊ အခြားနည်းလမ်း တစ်ခုဖြစ်သော လက်ရှိအသုံးပြုနေ သည့် အခြေခံပညာ အထက်တန်း ကျောင်းများရှိအတန်းများကို သင့် တော်သောကျောင်း များသို့ ရွှေ့ ပြောင်းပေးရမည်ဖြစ်ကြောင်း သိရ သည်။
''ဒီစနစ်အတွက် လက်ရှိသုံး နေတဲ့ ဘတ်ဂျက် ကို လိုအပ်ရင် တိုးသင့်ရင်တိုး ရမယ်။ ဘယ်အတိုင်း အတာထိတိုးရ မယ်ဆို တာတော့ ပြောလို့မရဘူး။ အဆောက် အအုံ ဆောက် စရာ မြေနေရာမရှိ ရင် အောက်တန်းတွေကို တခြားကျောင်း တွေ ကိုပြောင်း သင်ရမယ်။ ဒါမှလို အပ်တဲ့စာသင်ခန်း ထွက်လာမှာ။မူလတန်းရှိတဲ့ ကျောင်းတွေကိုလဲ လျှော့သင့်ရင် လျှော့ရမယ်''ဟု ယင်းက ပင်ပြောသည်။
၁၁ တန်းတက်မည့်ကျောင်းသား များအတွက် အခန်းလိုအပ်ချက်ကို မြို့ပေါ်ရှိမူလ တန်းရှိသော ကျောင်း များကိုအခြား ကျောင်းများ သို့ ရွှေ့ ပြောင်း သင်စေခြင်းမှာ အခက် အခဲ မရှိသော်လည်း ကျေးလက်တွင် အခက်အခဲရှိနိုင်ကြောင်း သိရ သည်။
''မြို့ပေါ်က မူလတန်းကို ပြောင်းသင်တာ ပြဿ နာမရှိဘူး။ မြို့ပေါ်ကကျောင်းများ တယ်။ ကျေး လက်မှာကျတော့ အထက် တန်း ကျောင်း တစ်ကျောင်းပဲရှိရင်တော့ မူလတန်းကို သွားဖြုတ်လို့မရဘူး လေ။ အဲဒါဆိုရင် အဆောက်အအုံ ထပ်ဆောက် မှ အဆင်ပြေမယ်''ဟု ပညာရေးသုတေသနမှ လက်ထောက် ညွှန်ကြားရေး မှူးတစ်ဦးက ဆိုသည်။
၁၂တန်းပညာရေးစနစ် စတင် မည်ဆိုပါက စာသင်ခန်း လိုအပ် ချက်များအပြင် ဆရာလိုအပ်ချက် များရှိလာမည်ဖြစ်ကြောင်း၊ ယင်း စနစ်စတင်ပါ က ကျောင်း သားဆရာ အချိုးမညီမျှမှုသည် ကြီးမားသည့် စိန်ခေါ်မှုတစ် ရပ်ဖြစ်လာ နိုင်သလို၊ ၁၁ တန်း သင်ရိုးညွှန်းတမ်းသည်အ သစ်ဖြစ်ပါ က ကျောင်း သားများနှင့် အံဝင်ခွင်ကျဖြစ်မဖြစ်မှာလည်းသင် ကြားသည့် ဆရာများ အပေါ်တွင် များစွာမူတည်နေကြောင်း ယင်းတို့ က သုံးသပ်ပြောကြားသည်။
ATK

Yangon Media Group

No comments:

Post a Comment