Tuesday, July 15, 2014

ဆင့်ခေါ်စာဖြင့် ဒေသခံများထံ KIA မှ ဆက်ကြေးကောက်ခံ

Photo: ဆင့်ခေါ်စာဖြင့် ဒေသခံများထံ KIA မှ ဆက်ကြေးကောက်ခံ
Tuesday, July 15, 2014

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့ပေါ်ရပ်ကွက်များရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဈေးဆိုင်များအား ဇူလိုင် ၁၂ ရက်နေ့တွင် ကချင်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ဆက်ကြေးငွေ တောင်းခံခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။

“ လူတစ်ယောက်က ဆိုင်ကယ်နဲ့ လာပေးသွားတာလို့သိရ တယ်၊ ဈေးဆိုင် ပိုင်ရှင်တွေက ကြောက်တော့ ဘယ်အဖွဲ့အစည်း ကိုမှ သတင်းမပေးရဲဘူး၊ ဒါပေမယ့် အဲဒီဆင့်ခေါ်စာက တစ်မြို့လုံး ပျံ့နေပါပြီ ” ဟု နတ်ကြီးကုန်း ရပ်ကွက်နေ မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဆင့်ခေါ်စာမှာ ဆိုင်းဒါးတိုက်နယ်ရုံးမှ ဒေသခံ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ဈေးဆိုင်ပိုင်ရှင်များထံသို့ ဘဏ္ဍာရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ဆင့်ခေါ်ခြင်းဟု ရေးသားထားကာ ဆက်ကြေးငွေ ၂ သိန်း တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

“ အတောင်းခံရတဲ့ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ပိုင်ရှင်တွေကို တစ်ယောက် နှစ်သိန်းတောင်းထားတယ်လို့ သိရတယ်၊ ဇူလိုင် ၁၄ ရက်နေ့အပြီး သွားသွင်းရမှာ ၂ သိန်းတောင်းခံရတဲ့လူတွေကလည်း ဌာနဆိုင်ရာတွေကို သတင်းပေးရင် လာသတ် မယ်ပြောလို့ ဘာမှမလုပ်ရဲဘူးဖြစ်နေတယ် ” ဟု မြို့နယ်ထွေအုပ်ရုံးမှ ၀န်ထမ်းတစ်ဦး ကပြောသည်။

အဆိုပါဆင့်ခေါ်စာအရ ဆက်ကြေအတောင်းခံရသော ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များသည် ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားကာ ဆိုင်းဒါးတိုက်နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ မိုးကောင်းချောင်းသို့ ငွေ ၂ သိန်း လာရောက်ပို့ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

“ ဆင့်ခေါ်စာထဲမှာ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်းပါနေတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဘာလုပ် ရမှန်းမသိဘူး ဖြစ်နေတယ်၊ အဲဒီစာတွေက မြို့ပေါ်မှာ ပြန့်နေတာ ၊ ဌာနဆိုင်ရာတွေလည်း သိကုန်ပြီလေ၊ ဆင့်ခေါ်စာကို အထောက်အထားပြပြီး၊ KIO/ KIA ထိပ်ပိုင်းခေါင်းဆောင်တွေ ကို ဖြေရှင်းခိုင်းမယ်လို့လည်း သိရတယ် ” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်

No comments:

Post a Comment