Thursday, July 3, 2014

လွှတ်တော်တွင် ဆွေးနွေးနေသည့် ပီအာရ်စနစ်ကြောင့် ပုဒ်မ-၄၃၆ ပြင်ဆင်ရေး အနှောင့်အယှက်ဖြစ်ဟု NLD နာယကဝေဖန်

ရန်ကုန်၊ အမျိုးသားလွှတ်တော်တွင် ပီအာရ် စနစ်ကျင့်သုံးရန် ဆွေးနွေးနေခြင်းသည် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအတွက် အနှောင့် အယှက်ဖြစ်စေကြောင်း ဇူလိုင် ၁ ရက်တွင် ပြုလုပ်သည့် ပါတီအလုပ်အမှုဆောင် စုံညီ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ဝေဖန်ပြော ကြားလိုက်သည်။

လက်ရှိ ပီအာရ်စနစ်ကျင့်သုံးရန် အမျိုး သားလွှတ်တော်တွင် ဆွေးနွေး မှုများ ပြုလုပ် နေခြင်းသည် ရွေးကောက်တင်မြှောက်ပုံ ပြောင်းလဲစေရန် လုပ်ဆောင်မှုများဖြစ်ပြီး ပုဒ်မ-၄၃၆ ပြင်ဆင်ရန် အနှောင့်အယှက် ပေးနေကြောင်း ဦးတင်ဦးက ဆိုသည်။
''ပီအာရ်ကိုကျင့်သုံးဖို့ လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတာ ပုဒ်မ-၄၃၆ ပြင်ဆင် ချိန်မှာ အနှောင့်အယှက်ဖြစ်စေတယ်''ဟု ယင်းကပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ကောက်ခံနေ သည့်ြီူ ပါတီအနေဖြင့် မန္တလေးတိုင်း တွင် လက်မှတ်စုစုပေါင်း ၁ဝ သိန်းကျော် ရရှိနေပြီး ရန်ကုန်မြို့တွင်ရရှိသည့် လူထု ထောက်ခံမှုလက်မှတ်ထက် ပိုမိုရရှိနေကြောင်း NLD ပါတီသတင်းနှင့် ပြန်ကြားရေးဌာန မှသိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံမှု လက်မှတ် ရရှိမှုမှာ တစ်နိုင်ငံလုံးတွင် လက်မှတ် ၃၃ သိန်းကျော်ရရှိနေပြီး ရန်ကုန်တိုင်းတွင် ကောက် ခံရရှိသည့် လက်မှတ်မှာ ရှစ်သိန်းကျော်ရှိ ကြောင်းသိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထောက်ခံ သည့် လက်မှတ်စုဆောင်းရာတွင် အခက် အခဲများဖြင့် ရင်ဆိုင်နေရကြောင်းကို NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ် နန်းခင်ထွေးမြင့်က ပြောသည်။
''လွှတ်တော်က ပြည်သူ့ဆန္ဒဖော် ထုတ်တားကို အဟန့်အတားဖြစ်စေမယ်။ လူထုသဘောထားကို လျစ်လျူရှုမယ် ဆိုရင် ပြည်သူကရွေးချယ်တဲ့ ကိုယ်စား လှယ်တွေ မဟုတ်လို့ပါပဲ''ဟု ယင်းက ပြောသည်။
NLD ပါတီမှ လက်မှတ်ကောက် ခံခြင်း စတင်ပြုလုပ်ပြီးတစ်ရက်အတွင်း မှာပင် မန္တလေးတိုင်း၌ လက်မှတ်တစ် သိန်းကျော်ရရှိခဲ့ပြီး ဆက်လက်ကောက် ခံမှုများ အရှိန်မြှင့်လှုပ်ရှားသွားမည်ဟု လည်း မန္တလေးတိုင်းသတင်းနှင့် ပြန်ကြား ရေးမှ ဦးလှကောင်း ကပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက် အသီးသီးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံမှု လက်မှတ်ရရှိရေးအ တွက် လက်မှတ်ထိုးရုံးများတွင် နှိုးဆော် စာများလိုက်လံဖြန့်ဝေနေပြီး အချို့မြို့ နယ်များတွင် မော်တော်ယာဉ်များဖြင့် လိုက်လံတိုက်တွန်းနှိုးဆော်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးလူထု လက်မှတ်ရေးထိုးထောက်ခံ ခြင်းအား NLD ပါတီက မေ ၂၇ရက်မှ စတင်ကာ ဇူလိုင် ၁၉ ရက်အထိပြုလုပ် မည်ဖြစ်ပြီးရရှိလာမည့် ပြည်သူလူထု ထောက်ခံမှုလက်မှတ်များကို လွှတ်တော် တွင်ဆက်လက်တင်ပြသွားမည်ဖြစ် ကြောင်းလည်း သိရသည်။

Yangon Media Group

No comments:

Post a Comment