Monday, July 28, 2014

အပစ်ရပ်လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားအဖွဲ့များ တစ်ပြိုင်တည်း လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်မူဝါဒမှာ အန္တရာယ်များသည်ဟု ကေအင်န်ယူ ဥက္ကဋ္ဌပြောကြား

လိုင်ဇာ၊ ဇူလိုင် ၂၆ - တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးရာတွင် အဆင်သင့်ဖြစ်နေ သည့်အဖွဲ့အစည်းများ လက်မှတ်ရေးထိုး ပြီး ကျန်အဖွဲ့များနောက်မှရေးထိုးဆိုသည့် မူဝါဒသည် အန္တရာယ်များ လွန်းကြောင်း ကေအင်န်ယူ ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူး ဆေး ဖိုးကပြောသည်။

ယင်းက ''ကျွန်တော်တို့တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီ ညွတ်မှုကို စိန်ခေါ်နေတဲ့အချက်ဖြစ်တဲ့ အဆင်သင့်ဖြစ်တဲ့သူလက်မှတ်ထိုး၊ ကျန် အဆင်သင့်မဖြစ်တဲ့သူ လက်မှတ်မထိုးနဲ့။ သူတို့အတွက် အပစ်ရပ် လက်မှတ်စာအုပ် ဖွင့်ထားတယ်ဆိုတာမျိုးကတော့ အန္တရာယ် များလွန်းတယ်'' ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးသည် ကေအိုင်အိုကချင်လွတ်မြောက်ရေး တပ်မ တော်ဌာနချုပ်လိုင်ဇာတွင် ကျင်းပနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုဗဟို ညှိနှိုင်းရေးအဖွဲ့(NCCT)၏ ထိပ်သီးခေါင်း ဆောင်များ ဆွေးနွေးပွဲ၏ ဒုတိယနေ့ အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာ သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များမှ ခေါင်းဆောင်များကို အပစ်ရပ်လက် မှတ်ရေးထိုးနိုင်ရေးအတွက် အချက်သုံး ချက်ကို အကြံပြုပြောကြားရာတွင် အချက် နံပါတ်(၂)အဖြစ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုလုပ်ငန်းစဉ် စတင် ရန် ဆွေးနွေးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်းက အဆင်သင့်ဖြစ်သည့်အဖွဲ့များ အရင် လက်မှတ်ထိုး၊ ကျန်ရစ်သည့်အဆင်သင့် မဖြစ်သူများ နောက်မှလက်မှတ်ထိုးဆိုသည့် မူများကို အစိုးရဘက်မှချမှတ်ခဲ့ဖူးပြီး လက် ရှိအချိန်အထိ အဆိုပါမူဝါဒမှာ အစိုးရတွင် ဆက်ရှိနေခြင်းရှိမရှိဆိုသည်ကို တိတိကျကျ သိရှိရခြင်းမရှိသေးပေ။

ယင်းအပြင် တိုင်းရင်းသားတန်း တူအခွင့်အရေးနှင့်ပတ်သက်သည့်ဒီမိုက ရေစီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသား တန်းတူရေးကို အခြေခံပြီး ဖက်ဒရယ်စနစ် အခြေခံပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲနည်းလမ်းဖြင့် ထူထောင်ရန် သဘောတူ ခြင်းအပါအဝင် ဖက်ဒရယ်အသုံးအနှုန်းပါ ရှိသည့် အချက်အလက်များမှာလည်း အစိုးရ နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား သဘောတူညီမှု မရရှိသေးသည့် အချက်များဖြစ်နေကြောင်းသိရသည်။

တပ်များနေရာချထားရေး၊ ကြားကာလအစီအစဉ်နှင့် နှစ်ဖက်တာဝန် ရှိသူများအပါအဝင် တခြားပါဝင်သင့်ပါဝင် ထိုက်သည့် ဘက်မလိုက်သည့် အပစ်အခတ် ရပ်စဲမှုစောင့်ကြည့်ရေးယန္တရားကိစ္စရပ် များမှာလည်း လက်ရှိ အချိန်အထိ သဘော တူညီမှုမရသေးဘဲ အပစ်ရပ်မူကြမ်းတွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်(၃၁)ချက်တွင်ပါရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင် များဖြင့် စုပေါင်းထားပြီး ဖွဲ့စည်းသည်မှာ ရှစ်လကျော်ကြာမြင့်ပြီဖြစ်သည့် နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းမှု အဖွဲ့ (NCCT)မှာ လုပ်ဆောင်စရာများ စွာကျန်ရှိနေသေးကာ တိုင်းရင်းသားများ အတွက် ခိုင်မာသည့်အချက်တစ်ချက်မှ မရရှိသေးကြောင်း၊ တိုးတက်ဖြစ်ထွန်းမှု မရှိဘဲ ကြာရှည်ရပ်တန့်နေခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက်သာမကဘဲ ပြည်တွင်းကဖွဲ့စည်းပုံ ပြင်ဆင်လိုပြီး နိုင်ငံရေး ဆွေးနွေးလိုသည့် အင်အားစုများ၊ ပါတီများ၊ အဖွဲ့အစည်းအတွက်လည်း မကောင်းကြောင်း သတိပေး ပြောဆိုသည်။

ထို့ကြောင့် အစိုးရသက်တမ်း လက်ကျန်တစ်နှစ်ခွဲကျော်ကာလ အတွင်း နိုင်ငံရေးဆွေးနွေး ပွဲများ ပေါ်ပေါက်နိုင်ရန် အရေးကြီးသဖြင့် ပထမအဆင့်အနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှု လက်မှတ်ရေးထိုးရန် နှစ်ဖက်တာဝန်ရှိသူ များက ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment