Monday, July 28, 2014

PR စနစ်ကျင့်သုံးပါက အစွန်းရောက်ပါတီများ လွှတ်တော်သို့ရောက်လာနိုင်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီပြော

ရန်ကုန်၊ ဇူလိုင်၂၇- ပီအာစနစ်ကို ကျင့်သုံး ပါကအစွန်းရောက်ပါတီ များ (လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ) လွှတ် တော် အတွင်းရောက် ရှိ နိုင်ဟု တရား လွှတ်တော်ရှေ့နေ ဦး ကိုနီမှ ပြော ကြားခဲ့သည်။

ဇူလိုင်၂၆ရက်တွင် တာမွေမြို့ နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ရုံးတွင် ပထမဆုံးအကြိမ်စတင်ပြု လုပ်သည့် ရွေးကောက် တင်မြှောက်ပုံ နည်းစနစ် တစ်ခုဖြစ်သည့် ပီအာစ နစ်အကြောင်းသိကောင်းစ ရာဟော ပြော ပွဲတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပီအာစနစ်သည် မဲဆန္ဒနယ်တစ် ခုအတွင်း ဝင်ပြိုင်သည့်ပါတီအလိုက် ရရှိသည့် မဲအရေအတွက်ကို ရာခိုင် နှုန်းအလိုက် အချိုးကျ လွှတ်တော် တွင်ကိုယ်စားပြုရရှိ နိုင်သော စနစ် တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် သည့်ပါတီအား လုံး သတ် မှတ်ရာခိုင်နှုန်းရ ရှိပါက လွှတ်တော် တွင် ကိုယ်စားပြုခွင့် ရရှိမည်ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကို နီက ''ဒီကနေ့အစ္စရေးမှာ ပီအာစနစ် သုံးတယ်။ အစ္စရေးပါလီမန်မှာ အစွန်း ရောက်တွေရှိတယ်။ အစွန်းရောက် အဖွဲ့တွေ ကို ထောက်ခံနေတဲ့သူတွေ ကလဲ အများကြီးရှိတယ်။ သူတို့မဲရလို့ အဲဒီကိုသွား တာ တစ်နိုင်ငံလုံးနဲ့တွက် တဲ့အခါကြတော့ သူတို့ရာနှုန်းတစ်ခု ရတယ်။ အဲဒီတော့လွှတ်တော်မှာ အစွန်းရောက်တွေရောက် လာတယ်''ဟုပြော သည်။

ယင်းကဲ့သို့ပင် မြန်မာနိုင်ငံ တွင် ပီအာစနစ်ကိုကျင့်သုံးပါက အစွန်းရောက်ပါတီ များ မှ ကိုယ်စား လှယ်များလွှတ်တော်အတွင်း ဝင် ရောက်နိုင်ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီကပြောသည်။

ယင်းဟောပြောပွဲတွင် တရား လွှတ်တော်ရှေ့နေဦးကိုနီမှ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းစနစ် များဖြစ်သည့် ပီအာစနစ်(အချိုးကျ ကိုယ်စားပြုစနစ်)နှင့် လက်ရှိကျင့်သုံး နေသည့် နိုင်သူအကုန်ယူစနစ်နှစ် ခုကိုစနစ်တစ်ခုခြင်း၏ အားနည်း ချက်အားသာချက်တို့ဖြင့် နှိုင်း ယှဉ် ဟောပြောခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကို နီက ''ပီအာစနစ်ကိုမကောင်းဘူး လို့လဲ ပြောလို့ မရဘူး။ စနစ်တွေ ကောင်းတယ်မကောင်း ဘူးဆိုတာ ထက် ကိုယ့်တိုင်းပြည်နဲ့ ဘယ်စ နစ်က သင့်လျော်မလဲဆိုတာက ပိုပြီး တော့ကောင်းတယ် ၊ လောလော ဆယ် မြန်မာပြည် အနေနဲ့ပီအာစနစ်ကျင့် သုံးဖို့အဆင်သင့် မဖြစ်သေးဘူးလို့ မြင်တယ်''ဟုပြောသည်။

လက်ရှိအခြေအနေတွင် ပြည် တွင်း၌ ရွေးကောက်တင်မြှောက်ပုံစ နစ်နှင့် ပတ်သက် ၍ ပီအာစနစ်အား အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ရွေးချယ်ရေး အတွက် ပြောင်းလဲ ကျင့်သုံးရန် လွှတ်တော်၏အတည်ပြု ချက်ရရှိထား ကာ ပြည်သူ့လွှတ်တော် တွင်ကျင့်သုံးရန် အဆိုတင်သွင်း ထား ခြင်း ကို ပြည်သူ့လွှတ်တော်၌ ကိုယ်စား လှယ်များမှ ဆက်လက်ဆွေးနွေး လျက်ရှိသည်။

YM

Yangon Media Group

No comments:

Post a Comment